Part-23(Unicode±Zawgyi)

735 77 24
                                    

Love Written by Ghosts 💚❤️
Unicode
Part-23

" ဒေါက်...ဒေါက် "
အခန်းထဲမှာ တိုင်ပင်စရာရှိတာ တိုင်ပင်ဖို့ လုပ်နေကြတုန်း
အပြင်ကနေ တံခါးခေါက်သံကြားတော့ တံခါးနဲ့ အနီးဆုံးဖြစ်တဲ့ ကျွန်တော်ပဲ သွားဖွင့် ခဲ့သည်။
တံခါးအပြင်မှာ သတိပြန်ရနေပြီဖြစ်တဲ့ အိမ်ရှင်ယောကျာ်းရယ်
သူ့မိန်းမရယ် ...

" ဘာကိစ္စလဲ ခင်ဗျားတို့ လင်မယား မပြန်သေးဖူးလား "

" မင်းတို့ ဘယ်လို ဆုံးဖြတ်လဲ သိချင်လို့ "

" အမတို့ လင်မယား သိစရာ မလိုပါဘူး "
Ohmက ကျွန်တော့် အနောက်ကနေ
ထပ်ပြီး လှမ်းပြောလိုက်သည်။

" ဖယ်စမ်း ငါပြောမယ် "
Ohmရဲ့ အဖေပါ ရောက်လာခဲ့သည်။
လူကြီး ရောက်လာတာမို့ ကျွန်တော်တို့ နှစ်ယောက် အနောက်ဆုတ်
ရပ်လိုက်ကြတယ်

" ငါတို့တွေ ဒီအိမ်မှာ ကလေးတွေကြုံလိုက်ရတဲ့အရာ
ရွှေတုံးတွေ ကိစ္စကို အရင်ဖြေရှင်းမယ်
အဲ့တာ ဖြေရှင်းပြီးတာနဲ့ မင်းတို့ လင်မယားနဲ့ ထပ်ဖြေရှင်းမယ်
ခုတော့ မင်းတို့ လင်မယား ကိုယ်အိမ်ကိုယ်ပြန်ကြပါ "

Ohmအဖေရဲ့ အသံဟာ မာပြီး အမိန့်သံပါပါနဲ့ ပြောတာကြောင့်
ကျွန်တော်တောင် ကြောက်လာတယ် ။ ဒီလိုအဖေမျိုးကို ဆိုးရဲတဲ့ Ohm Pawatရဲ့ သတ္တိကိုပါ လေးစားမိတယ်။

ဟိုလင်မယားလည်း ပြောမယ့် စကားတွေပျောက်ရှသွားတယ်
ထင်တယ်အသံထွက်မလာ။

" ကျွန်တော်တို့... "

" ဘာမှ ပြော‌မနေဘဲ မင်းတို့ လင်မယား ပြန်တော့
ငါတို့ ဆက်သွယ်ရင်သာ ဖုန်းကိုင် မဟုတ်ရင်
တရားပါ ဆွဲပစ်မယ် ငါကလေးကို လိမ်တဲ့ အမှု့နဲ့ "

Ohm အဖေရဲ့ ပိတ်ပြီး ပြောချလိုက်တဲ့ စကားမှာတော့
နှစ်ယောက်သား အထွန့်မတက်ပဲ ပြန်သွားခဲ့ကြသည်။

" မင်းတို့လည်း အထဲ ဝင် "

" ဟုတ် "
Ohmဖြေတာ မဟုတ်ဘဲ ကျွန်တော် ဖြေလိုက်တာပါ။
Ohmရော အဲ့လို ကြောက်စရာ ကောင်းလားလို့ တစ်ချက်ကြည့်လိုက်တော့ ကျွန်တော်ကို လျှာထုတ်ပြတာနဲ့ တိုးခဲ့

2.Love Written By Ghosts(Complete)Where stories live. Discover now