Part-18(Unicode±Zawgyi)

810 76 14
                                    

Love Written by Ghosts 💚❤️
Unicode
Part-18

"ဟူး အိမ်ပြန်ရောက်ပြီ ပင်ပန်းလိုက်တာ
အိမ်မှာ ကျန်ခဲ့တဲ့သူ အားလုံး မင်္ဂလာပါ ...."

"အုံး ခလွမ် အုံး ခလွမ်"

"ဟေ့ Ohm...."
Nanonက ကျွန်တော့်ပါးစပ်ကို လာပိတ်တယ်။

ကျွန်တော် ခရီးကနေ အိမ်ပြန်ရောက်ရောက်ချင်း
မျက်နှာပြောင်ပြီး နှုတ်ဆက်လိုက်တာပါ။
ဟိုကလည်း ပြန်နှုတ်ဆက်လာတဲ့အခါ
ရယ်ရမလို ငိုရမလို ဖြစ်သွားခဲ့ရပါတယ်။

"သတ္တိအရမ်းရှိနေတာလား ညကျရင် ဘေးနားခေါ်သိပ်
ဟိုမိန်းမကြီးပါ ခေါ်ပေးရမလား"

"ဟင့်အင်း မခေါ်နဲ့ ကုတင်က နှစ်ယောက်ပဲ ဆန့်တယ်"

" ငါ ဆင်းအိပ်မယ်"

"ဟင့်အင်းလို့ သရဲတွေကို
မျက်နှာမပြောင်တော့ဘူး တကယ် တကယ် ပြောတာ
နော် ဆင်းမအိပ်နဲ့ ကြောက်တယ်"

"သွား ရေသွားချိုး"

"မချိုးရဲတော့ဘူး အတူလိုက်ချိုးပါလား"

"ဘာခုမှ မချိုးရဲတာလဲ
ဒီမှာကြောက်နေလို့တဲ့ လိုက်သွားပေးလိုက်ကြပါဦး"

"Nanon..."

"ဟားးဟားး"

"တော်ပြီ ဒီနေ့ ရေလုံးဝ မချိုးတော့ဘူး"
ကျွန်တော် ဒီနေ့ညကို ရေတကယ်မချိုးဘဲ အိပ်လိုက်တော့သည်။

"ဒေါက်...ဒေါက်...ဒေါက်"
ကျွန်တော် အိပ်ချင်မူးတူးနဲ့ တံခါးသွားဖွင့်လိုက်မိသည်။
ဘယ်သူမှ ရှိမနေ တံခါးအပြင်ဘက်ကို ကြည့်လိုက်တော့
Nanon အိမ်နောက်ဖေးဘက်ကို လျှောက်သွားနေတယ်။
သူလျှောက်နေတာက ဟိုထပ်ခိုးဘက်ကို

"Nanon... Nanon... "
ကျွန်တော်ခေါ်ပေမယ့် လုံးဝ လှည့်မကြည့်
အဲ့တာနဲ့ အနောက်ကနေ လိုက်သွားကြည့်တာ
ထင်တဲ့အတိုင်း ထပ်ခိုးဘက်ကို တက်သွားလေသည်။
လူက အေးစိမ့်စိမ့်နဲ့ ကြောင်ဖို့ကောင်းနေပေမယ့်
ကိုယ့်ကောင်လေးက အပေါ်ထိ တက်သွားတာဆိုတော့
လိုက်တက်မှ ရတော့မယ် ။

လှေကားကိုကြည့်လိုက်တာ မတွေ့တော့
"ဟာ အပေါ်ထိ တက်သွားပြီ ထင်တယ် ဒုက္ခပါပဲ"
ပြောလည်းပြော ကျွန်တော်လည်း လိုက်တက်လိုက်သည်။
"Non ..Non .. "

2.Love Written By Ghosts(Complete)Tempat cerita menjadi hidup. Temukan sekarang