Part-22(Unicode±Zawgyi)

674 69 15
                                    

Love Written by Ghosts 💚❤️
Unicode
Part-22

Note အောက်ဆုံးထိ ဖတ်ပေးနော်

" Ohm ငါတို့ သရဲနဲ့ တိုက်ရိုက် စကားပြောရမှာလားး"
ခြံထဲမှာ နှစ်ယောက်သား ထွက်ပြီး စကားပြောနေကြရင်း
ကျွန်တော် သိချင်နေတဲ့အရာကို Ohmကို မေးလိုက်သည်။

" မပြောတတ်ဖူး ညမှ သိရမှာပေါ့ "

" မင်း ကြောက်နေလား "
တကယ်တော့ ကျွန်တော့် စိတ်ထဲ တစ်မျိုးကြီး
ဒီလိုလည်း မမြင်ဖူးတာမို့

" ကြောက်တာပေါ့ စစချင်းတုန်းကဆို ပိုက်ဆံတောင်
အဆုံးခံလိုက်ချင်တာ မင်းက ငါ့ကို ဟားး မှာစိုးလို့
နောက်ပိုင်းကျတော့ မင်းရှိနေလို့ သိပ်မကြောက်တော့တာ"

" မဟုတ်ဘူး ငါပြောချင်တာက  ခုလက်ရှိအခြေနေကို ပြောတာ "

" မင်း ကြောက်နေလို့လား "

" အင်းး"

" မကြောက်ပါနဲ့ ငါလည်း ရှိတယ် ငါတို့ မိဘတွေလည်း ရှိတယ်
တက်ကျွမ်းတဲ့ သူတွေလည်း ရှိနေတာပဲ "

Ohm ပြောလိုက်မှ ထိုင်းရိုးရာ ဝတ်စုံနဲ့ ထိုဦးလေးကြီး
ခုထိ အဲ့အခန်းထဲက ထွက်မလာတာ‌ကို တွေးမိ
" အဲ့ဦးလေးကြီး ခုထိ အခန်းထဲကကို မထွက်လာ‌သေးဖူးနော်"

" ဟုတ်တယ် ဘာတွေ လုပ်နေလဲ မသိဘူး
သွားချောင်းကြည့်ရမလား "

" ဟားး ဟားးး Ohm မင်းကတော့ နောက်ပြီ
တံခါးခေါက်ခေါ်ကြည့်မယ်လည်း မဟုတ် "

Ohmကတော့ ရယ်ကြဲကြဲဖြင့်သာ

" ဒါနဲ့ ငါ အိမ်ပိုင်ရှင်ရှိကို စာပို့ထားတယ်
အမေတို့ ဒီလာမယ်ဆိုထဲက "

" ခုကိစ္စကိုလား "

" ဘယ်ရက်လည်း အတိကျမသိရသေးတော့
ဒီနေ့လို့တော့ ထည့်မပြောထားဘူး ပြီးတော့ ရွှေတွေအကြောင်းရော"

"အေးလေ ပြောပြထားလိုက်တော့လည်း
ငါတို့ဘက်က တာဝန်ကျေပြီ
တစ်ခါမှ မကြားဖူးဘူး အိမ်ငှားတင်ပြီး ဆက်သွယ်မရတာ "

Ohmပြောသလိုပဲ ကျွန်တော်လည်း ဘယ်လိုမှ စဉ်းစားလို့မရ
ဝတ္တရားအရသာ စာပို့ထားလိုက်တာ ။

2.Love Written By Ghosts(Complete)Where stories live. Discover now