Love Written by Ghosts 💚❤️
Unicode
Part-12တခြားကျန်ရှိနေတဲ့ ပွဲတွေ မကြည့်တော့ဘဲ
ခမ်းမအပြင်သို့..
ကျွန်တော်တို့ အုပ်စု ထွက်လာခဲ့ကြသည်။ကျွန်တော်ကတော့ ပတ်ပြီးထွက်ခဲ့ရတယ်။
ပြီးခါနီးမှာ... Crystal က ပန်းစည်းကိုင်ထားတာ
မြင်လိုက်တော့ စင်ကို ဆင်းရမဲ့ နေရာက မဟုတ်ဘဲ
တစ်ဖက်ကနေ ဆင်းချလိုက်ရတယ်။Crystalက ဘာဖြစ်နေတာလဲ
ဘာဖြစ်ချင်နေတာလဲ။
နာမည်ထွက်နေတာကို အမှန်တကယ်လို့ ထင်နေတာလား။
အဲ့လိုလိုက်သရုပ်ဆောင်နေပြီး နာမည်ကြီးတာကိုပဲ
သဘောကျနေတာလား။ဒီသတင်း နာမည်ကြီးရတဲ့ နောက်ထပ်အကြောင်းက
ကျွန်တော့်ကို လူသိများနေတာကြောင့်လည်းပါတယ် ။ကျွန်တော်က ကိုယ့်ဝါသနာအရ
ဒီ band club ကို join လိုက်တယ် ။
ဒီclub က နဂိုထဲက Fanတွေ ရှိတယ် ။
ကျွန်တော်က ဝင်ခါစဆိုပေမယ့်
အားပေးကြတဲ့သူတွေရှိနေလေတယ်။
မင်းကိုလည်း သိကြတဲ့သူတွေ အားပေးကြတဲ့သူတွေရှိတယ်လို့
စီနီယာတွေပြောကြတယ်။
ကျွန်တော်ကတော့ အဲ့အပိုင်းကို စိတ်သိပ်မဝင်စားခဲ့။မေဂျာမှာဆိုရင်လည်း ကျွန်တော်တို့ အုပ်စုကို နာမည်တွေကအစ
မသိတဲ့သူသိပ်မရှိဘူး စီနီယာတွေကပါ သိကြတာ။
အဲ့တာကြောင့် ဟိုတစ်ခါ Wai ကြုံခဲ့ရတဲ့
လူဆိုးအဖွဲ့က သူတွေတောင် ထပ်ပြဿနာလာမရှာကြတော့တာ။
သူတို့က မထင်မရှားသူတွေကို ဒုက္ခပေးတတ်ပေမယ့်
ထင်ထင်ရှားရှား ဖြစ်နေတဲ့သူတွေကိုတော့ ဒုက္ခမပေးရဲကြဘူးလေ ။
အကြောင်းတရားတွေကတော့ အဲ့ဒီလို။
အဲ့တာကို ကောင်းကောင်း အသုံးချနေတာကတော့ Crystal...
နာမည်ကြီးရတဲ့ ကျောင်းသားဖြစ်နေတဲ့ ကိုယ့်မှာတော့ ပတ်ပြေးနေရတာပေါ့။ မဟုတ်ရင် ပုံတွေက ထပ်ထွက်လာဦးမယ်မလား။ခုကတော့ သူငယ်ချင်းတွေနဲ့ ဆိုင်တစ်ဆိုင်ထိုင်ဖို့
သွားနေကြတဲ့လမ်းမှာ
သတိရသွားတာတစ်ခုက ဟို ခေါင်းစည်းကြိုးမ
အထဲမှာလည်း ရှာကြည့်မိသေးတယ်မတွေ့
အပြင်မှာရော ရှိနေမလား ပတ်ကြည့်ပေမယ့် မတွေ့။K: Ohm မင်းဘာတွေ လိုက်ကြည့်နေတာလဲ"
O : စောစောက စင်ပေါ်မှာတွေ့လိုက်တဲ့
မိန်းခလေးတစ်ယောက်ကို ရှာနေတာ"
ဟိုကြည့်ဒီကြည့်နဲ့ ပြန်ဖြေလိုက်တယ်
VOUS LISEZ
2.Love Written By Ghosts(Complete)