Part-19(Unicode±Zawgyi)

790 73 25
                                    

Love Written by Ghosts 💚❤️
Unicode
Part-19

"ဆက်သွယ်လို့ရလား Ohm"

"မရဘူး"
အိမ်ရှင်တွေကို ခုထိ ဆက်သွယ်လို့မရ

" ထားလိုက် ဒီအပေါ်ပဲတက်ကြမယ်"

ဒီနေ့ ပိတ်ရက်လည်းဖြစ် နေ့ခင်းဘက်
လင်းလင်းထင်းထင်ရှိနေတာမို့ အပေါ်ထပ်က
သေတ္တာကို တက်ယူကြဖို့ ပြင်ဆင်မှု့မစသေးခင်
အိမ်ရှင်တွေရှိ ဆက်သွယ်ကြည့်ပေမယ့် အရင်အတိုင်းသာ

Nanonကတော့ အရင်ဆုံး အရှေ့ကနေ
တစ်ထစ်ချင်း တက်သွားလေသည်။
ညပိုင်းမဟုတ်တော့ အရမ်းကြောက်စရာ မကောင်းနေပါ။

‌ဒီခါ သေတ္တာကို ယူလိုက်နိုင်ပါပြီ
Nanon အပေါ်ကနေ ယူချလာတဲ့ သေတ္တာကို
အောက်လှေကားနှစ်ထစ်လောက်မှာ ယူဖို့စောင့်နေတဲ့
ကျွန်တော်ကို လှမ်းပေးတယ်။ လှမ်းပေးရင်းနဲ့

"မင်းအိပ်မက်ထဲကလိုပဲ ထင်တယ်
သေတ္တာက တော်တော်လေးတယ်"

ကျွန်တော်သယ်လိုက်တော့လည်း ဟုတ်တယ်။

"အင်း ဟုတ်တယ်
ဒါကို တို့တွေ အခန်းထဲပဲ ယူသွားကြမလား"

"အင်း အဲ့လိုပဲ လုပ်ကြမယ်"

သေတ္တာကတော်တော်ဟောင်းနေပြီး
ဖုန်တွေ အလှိမ့်လှိမ့်နဲ့

"ဒီသော့ကို ဖြတ်ရမယ် ထင်တယ်
တူသွား ယူလိုက်ဦးမယ်"

ကျွန်တော် အခြေနေကြည့်ပြီး တူနဲ့ဖွင့်ဖို့
အကြံရတာနဲ့ တူယူဖို့ ထွက်လာခဲ့သည်။
Nanonကတော့ သေတ္တာကို ဖုန်းတွေ သုတ်ရင်း ကျန်ခဲ့တယ်။

တူရလို့ သော့ကို ရိုက်ဖွင့်တာ လေးငါးချက်လောက်တော့
ရိုက်ဖွင့်ရတယ်  ရှေးခေတ်သော့တွေက ပိုမို ခိုင်ခန့်လေသည်။

သေတ္တာကို ဖွင့်လိုက်တာ တကယ့်ကို အိပ်မက်ထဲကအတိုင်း‌
ရွှေတုံးများ ဖြစ်နေလေသည်။

"အိပ်မက်ထဲက အတိုင်းပဲ
ဘယ်လို ဆက်လုပ်ကြမလဲ Nanon"

Nanonလည်း စိတ်ရှုပ်ရှုပ်နဲ့ ထိုင်နေလေသည်။
ခဏကြာတော့

"Waiရှိကို ဖုန်းဆက်ဦးမယ်"

"ဒါကို ပြောပြဖို့လား"

2.Love Written By Ghosts(Complete)Where stories live. Discover now