Part-4(Unicode±Zawgyi)

796 74 28
                                    

Love Written by Ghosts 💚❤️
Unicode
Part-4

အိမ်ထဲရောက်ပြီး ကြောက်တဲ့စိတ် နည်းနည်းလျော့သွားတဲ့ အချိန်မှာတော့ TV ရှေ့က ဆိုဖာ ခုံတစ်ခုစီမှာ ထိုင်‌နေကြရင်း
ကျတော်တို့ နှစ်ယောက်
တစ်ယာက်မျက်နှာ တစ်ယောက်ကြည့်မိတယ်။

စစချင်း တံခါးဖွင့် ဝင်လာကြထဲက
နှစ်ယာက်လုံး ကိုယ့်အခန်းထဲကိုယ် ဝင်မသွားခဲ့ကြပါ
တစ်ယောက်ထဲ မနေရဲတာကြောင့်လည်းပါတယ်။ 
သူလည်း ကိုယ့်လိုပဲ ဖြစ်ပါလိမ့်မယ်။

ကျွန်တော်မှာ တကယ် သော့ မပါလာတာပါ။
တမင် ဟိုတစ်‌ယောက်ကို နောက်ချင်တာနဲ့ ရှိသလိုမျိုး လုပ်လိုက်တာ။

ခုပြဿနာကတော့ အဲ့တာမဟုတ်ဖူး
ဟိုဒန်း ဘာကြောင့် လှုပ်လာတာလဲ
ဒီအိမ်က ထူးဆန်းနေတာတော့ တစ်ခု နှစ်ခု မကတော့ဘူး

ထိုင်နေကြတဲ့ ကျတော်တို့ နှစ်ယောက်မှာ ခုထိအသံထွက်မပေါ်လာ
ကျွန်တော်လည်း ဘာပြောရမလဲ မသိ
ခဏကြာတော့

"မင်းနဲ့တော့ ကြောက်တတ်လိုက်တာ အော်မယ်ဆိုတာကြီးပဲ"

"ကြောက်လို့ မဟုတ်ဖူး လန့်ရင် အဲ့လိုပဲ အော်မိရော
မင်းကျတော့ မကြောက်တာကျနေတာပဲ
တံခါးဖွင့်တာ လက်တွေတောင် တုန်လို့" 

"မဟုတ်ဘူး ငါလည်း လန့်လို့ "

"အဟက်"

"ငါတို့ရုတ်တရက် လန့်သွားကြလို့ပါ
ဒန်းက လေတိုက်ပြီး လှုပ်တာလည်း ဖြစ်နိုင်တာပဲ"
စောစောက ကြောက်နေတဲ့သူ မဟုတ်သလို ပြောနေလေရဲ့

"အာ့ဆို သွားကြည့်မယ် လာ"

"မင်းဘာသာ သွား"
ဆိုပြီး သူ့အခန်းထဲသူဝင်သွားတော့သည်။
လေတိုက်တာလား
သရဲများလား
ညကလည်း အိပ်မက်က မက်ထားသေးသည်။

တွေးရင်းနဲ့ အေးစိမ့်စိမ့်ဖြစ်လာလေသည်။
တစ်ယောက်ထဲကျန်ခဲ့တာမို့ အမြန်ဆုံးပဲ အခန်းထဲသို့ ထလာလိုက်တော့သည်။

ဒီနေ့ မှ သူငယ်ချင်းဖြစ်လာတဲ့ Waiနဲ့Chang အကြောင်းရယ်
ဟိုအရှေ့က မတည့်တဲ့သူအကြောင်းရယ်
စောစောက အဖြစ်ပျက်အချို့ရယ်ကို
သပ်သပ်စီခွဲပြီး ချရေးလိုက်သည်။ဒီနေ့တစ်နေ့တာ ဒိုင်ယာရီပေါ့။

2.Love Written By Ghosts(Complete)Hikayelerin yaşadığı yer. Şimdi keşfedin