Love Written by Ghosts 💚❤️
Unicode
Part-13ကျွန်တော်တစ်ယောက်ထဲ ထပ်ခိုးကို တက်ဖို့လုပ်နေတယ်
ဘေးမှာ Ohmလည်းမပါလာခဲ့ ..."Ohm Ohm... Ohm"
အော်ခေါ်နေပေမယ့် Ohmတစ်ယောက်အသံ လုံးဝမကြားရပါ။
အိမ်ထဲမှာကလည်း မြူတွေ အုံ့ဆိုင်းသလို အနေထားနဲ့
ဒီအိမ်တော့ ဒီအိမ်ပဲ အိမ်ဟောင်းကြီးလို့ ဖြစ်နေတယ်။
ငါ အိပ်မက်ထဲမှာပဲ။
အိပ်မက်ဆိုတာ သိသွားပေမယ့် ဘယ်လိုမှ ကိုယ့်ကိုကိုယ် နှိုးလို့မရအိပ်မက်ထဲမှာ ထပ်ခိုးရှိကိုပဲ သွားဖို့
စိတ်က အညို့ခံထားရသလိုပဲ ...
အဲ့နေရာကို လာခဲ့ လာခဲ့ ဆိုပြီး ခေါ်နေတဲ့ ခံစားချက်ကြီးအပေါ်ကို မတက်ချင်ပေမယ့် ခြေထောက်တွေက
အလိုလိုသွားနေတယ်။'Ohm ငါ့ကိုနှိုးပါ'
အိပ်မက်ထဲမှာ ပြောမိနေမိတယ် ။အလိုလိုနေရင်းနဲ့ ထပ်ခိုးရှိသို့ ရောက်လာခဲ့သည်။
ဟိုနေ့ညက ယူဖို့လုပ်တဲ့ သေတ္တာ...
အဲ့သေတ္တာကို ပိုက်ထားတဲ့သူကတော့ ဟိုမိန်းမကြီး...မြင်လိုက်တဲ့ ချက်ချင်းပဲ အံ့ကိုကြိတ် မျက်လုံးကို
မှိတ်ထားလိုက်တယ် ။"Nanon Nanon"
မှိတ်ထားတဲ့ မျက်လုံးဖွင့်လိုက်တဲ့အချိန်မှာတော့ အိပ်မက်ထဲမှာ မဟုတ်တော့ဘူး"အိပ်မက်မက်ပြန်ပြီလား Nanon
အဆင်ပြေရဲ့လား"ကျွန်တော် ခေါင်းလေးပဲငြိမ့်ပြလိုက်တယ်။
တကယ်တော့ အဆင်အရမ်းပြေတယ်လို့တော့မဟုတ်ဘူး
ဟိုနေ့က သွားမိပြီးထဲက နှစ်ညဆက်တိုက်ရှိပြီ မက်နေတာ
နှစ်ညလုံး အဲ့ ထပ်ခိုး အဲ့သေတ္တာပဲ။Ohmက ခုံပေါ်က ရေဗူးကိုယူလိုက်ပြီး
"ရော့ ထပြီး ရေသောက်လိုက်ဦး"ထထိုင်ပြီး ရေသောက်ရင်းနဲ့ စဉ်းစားမိတာက
ဒီသေတ္တာကို ယူတာ မကြိုက်တာများလား....
ဒါမှမဟုတ် ပေးချင်နေတာလား"Nanon မနေ့ကလိုပဲ ဟိုမိန်းမကြီးနဲ့ ဟိုသေတ္တာပဲလား"
"အင်း ဟုတ်တယ်"
ဒီအိပ်မက်တွေ မက်ပြီးနိုးလာရင် လူပါနုံးတယ်
KAMU SEDANG MEMBACA
2.Love Written By Ghosts(Complete)