နူးညံတဲ့နူတ်ခမ်းတွေရဲ့အထိအတွေ့ကိုထယ်ယောင်းမလွန်
ဆန်နိုင်။သူ က အကြိမ်ကြိမ်အခါခါပင်ထိုလူကြောင့်နာကျင်
ခဲ့ရပြီး အဖန်ဖန်အလဲလဲသေဆုံးခဲ့ရင်တောင် သစ္စာရှိလွန်းတဲ့ သူ့နှလုံးသားကဂျွန်ဂျောင်ကုကို သာတမ်းတမ်းစွဲ ဖြစ်နေတော့ သည်။သူက လူသားတွေလိုချစ်ကြောင်းကြိုက်ကြောင်းစကားတွေ
အများကြီးမပြောတတ်ပါဘူး။သူ့ခံစားချက်ဝမ်းနည်းခြင်း
ဝမ်းသာခြင်းတွေက ဂျွန့်အပေါ်မှာပင်မူတည်သည်။ ထို
ကြည်နူးခြင်းပျော်ရွှင်ခြင်းတွေသည်လည်းမုန်တိုင်းဆန်သော
ဂျွန်၏လှည့်စားလိမ်ညာမူ့တွေကြောင့်ပျောက်ဆုံးခဲ့သည်။နောက်တစ်ခါ..ဒီလူကိုချစ်ဖို့ကြောက်ရွံနေသလို
နောက်တစ်ကြိမ်နာကျင်ခံစားဖို့ကိုလည်းသူ့နှလုံးသားက
အဆင်သင့်ဖြစ်နေပြန်သည်။ရေထုထည်ရဲ့အောက်အနမ်းဖလှယ်ခြင်းမှာဂျောင်ကုထင်
သလောက် Romantic ဆန်မနေပါ။အချိန်အကန့်
အသတ်တစ်ခုမှာပင်အသက်ရူကျပ်လာသည်မို့ဂျောင်ကု
ထယ်ယောင်းနူတ်ခမ်းကနေ အနမ်းတွေဖယ်ခွာလိုက်ချိန်ရေ
သူထီလေးမှာသူ့လက်ထဲပျော့ခွေစွာပြုတ်ကျလာသည်။
ရေခဲတစ်မျှ အေးစက်သောအသားအရေနဲ့မူမမှန်သော
အခြေအနေကြောင့်ဂျောင်ကုမှာထိတ်လန့်သွားရပြီးထယ်
ယောင်းကိုခါးနေကတွဲဖက်ကာ ကမ်းစပ်သို့ခပ်မြန်မြန်ရေ
ကူးခေါ်လာခဲ့သည်။ကျောက်ဆောင်ပေါ်တင်ထားသော ဓာတ်မီးရောင်ကြောင့်
ပတ်ဝန်းကျင်တစ်ခုလုံးလင်းထင်းနေသည်။ရေသူလေး
ကိုယ်လုံးအားကမ်းစပ်ပေါ်တင်လိုက်သည်နှင့်စိတ်မကောင်း
ဖွယ်ရာမြင်ကွင်းကြောင့်ဝမ်းနည်းရပြန်သည်။ရွှေဝါရောင်
ငါးအမြှီးကြီးထက် ကဒဏ်ရာမှာသွေးတွေစိမ့်ထွက်နေပြီး
ခန္ဓာကိုယ်အပေါ်ဘက်တွင်လည်းကိုက်ရာခြစ်ရာဒဏ်ရာ
များရှိနေသေးသည်။ထိုဒဏ်ရာတွေမှ သွေးတွေစိမ့်ထွက်နေ
ပြီးတစ်ချို့ဆို မဲညိုကာရောင်ရမ်းနေသည်။ထယ်ယောင်း၏ မျက်ခွံလေးတွေမှာစင်းကာ မှိတ်ထား
ပြီးခပ်တိုးတိုးည ည်းသံလေးသာပြုနိုင်တော့သည်။ဂျောင်ကု ရင်ထဲစိုးရိမ်မူ့ကြောင့်ထိတ်ပြာသွားရပြီးထယ်
ယောင်းကိုယ်လေးကိုပွေ့ကာပါးလေးကိုခပ်ဖွဖွပုတ်လိုက်
သည်။