ထယ်ယောင်းခြေထောက်လေးတွေ...တစ်နှစ်သုံလေးရေ
ရင်းစတင်လူပ်ရှားလာသည်။ဂျွန်ကအနောက်ကနေပခုံးလေး
ထိန်းကိုင်ထားလို့သာသူခြေလှမ်းများက ဒယိမ်းဒယိုင်ဖြစ်
မသွားခြင်းသာ။ရေအောက်မှာငါးအမြှီးနဲ့လူပ်ရှားသွားရတာ
အဆင်ပြေသလောက်ကုန်းပေါ်ရောက်တော့ခြေထောက်
သုံးပြီးလမ်းလျှောက်ရမှာအင်မတန်မှခက်ခဲသည်။"အဆင်ပြေလား..အရမ်းအလျှင်မလိုနဲ့ဖြည်းဖြည်း
လျှောက်..."ဘာလိုလိုနဲ့ထယ်ယောင်းတောအနက်ကြီးထိရောက်အောင်
လျှောက်လာခဲ့ပြီးဖြစ်သည်။မြေသားခပ်မာမာပေါ်သူရဲ့နုနု
နယ်နယ်ခြေဖဝါးလေးတွေချရဖန်များလာသောအခါတစ်စစ်
စစ်နဲ့စတင်နာကျင်လာသည်။ဒါတောင်ဂျောင်ကု ကသူ
ရဲ့တစ်ရံတည်းသောဖိနပ်အားထယ်ယောင်းအတွက်လမ်း
လျှောက်ကျင့်ရန်ပေးထားသေးသည်။ရေကန်နဲ့တောစပ်နား
သာကျင်လည်ကျက်စားဖူးတဲ့ထယ်ယောင်းအတွက်တောနက်
ကြီးသည်အင်မတန်မှစိတ်ဝင်စားဖို့ကောင်းလှသည်။သူမမြင်
ဖူးမတွေ့ဖူးတဲ့တောတွင်းသတ္တဝါများကိုတွေ့ရတဲ့အပြင်မစား
ဖူးတဲ့အသီးများကိုဂျွန်ကအပင်ပေါ်ခဲရာခဲဆစ်တက်ရင်းခူး
ကျွေးသည်။"ဒီနားမှာခဏနားရအောင်..ဂျွန်"
ထယ်ယောင်းဆက်လမ်းမလျှောက်နိုင်တော့သည်မို့်ကုန်းမြေ
မို့မို့ပေါ်ထိုင်ချလိုက်သည်။သူထပ်ပြီးလမ်းမလျှောက်နိုင်တော့။
ဂျောင်ကုလည်းထယ်ယောင်း၏သနားစဖွယ်ပုံလေးကိုမြင်
ကာဆက်ပြီးဖိအားပေးမနေတော့သူပါရောပြီးထယ်ယောင်း
နားကပ်ကာထိုင်ချလိုက်သည်။"အာ့..."
နာနာကျင်ကျင်ပင် ည ည်းတွားရင်းထယ်ယောင်ဖိနပ်ကို
ကိုယ်ကိုင်းကာချွတ်မိလိုက်သည်။တစ်ခါမှဖိနပ်မစီးဘူးတဲ့ထယ်ယောင်းခြေထောက်တွေကာပူလောင်နေတဲ့အပြင်ထိပ်မှာလည်းရေကြည်ဖုသေးသေးလေးတွေပေါက်နေသလိုခြေဖနောင့်မှာလည်းနီရဲရဲအနာပင်ဖြစ်နေသေးသည်။"ကျစ်...ဖိနပ်ပေါက်သွားတာပဲ"
ဖိနပ်ပေါက်ကာနီရဲရောင်ကိုင်းနေသောရေသူလေး၏ခြေ
ထောက်ကိုမြင်သောအခါဂျောင်ကုကိုယ့်ကိုကိုယ်အပြစ်တင်
မိသည်။သူ့ဘဝမှာသူ့ကြောင့်တစ်ပါးသူအကျိုးယုတ်အောင်
နာကျင်အောင်မလုပ်ဖူးပေ။အခုတော့လောကကြီးအကြောင်း
ဘာမှလယ်လယ်ဝယ်ဝယ်မသိသောကောင်လေးတစ်ယောက်ကို
အချစ်အကြောင်းပြပြီးလိမ်ညာကာသိမ်းသွင်းမိသားဖြစ်
နေသည်။သူဘယ်လောက်အောက်တန်းကျသွားလည်း။