အချိန်တွေကုန်လာတာနဲ့အမျှထယ်ယောင်းဗိုက်ကလေးမှာ
ကြီးသထက်ကြီးပူသထက်ပူလာရသည်။သာမာန်လေးလ
ကျော်ကျော်ဗိုက်ကလေးက ဤ မျှလောက်မပူသည်ကို
ယောက္ခမကြီးရိပ်စားမိသောအခါ အသဲအသန်ဆေးရုံသွား
ပြဖို့ပြင်ဆင်ခိုင်းတော့သည်။ထယ်ယောင်းဆေးရုံဆိုတဲ့အရာကြီးကိုမုန်းနေပြီဖြစ်သည်။
ထိုနေရာကြီးမှာဗိုက်ပူပူလေးကိုစစ်ဆေးပြီးပြန်လာတိုင်း
သောက်ဆေးတွေမှာတိုးတိုးသွားရသည်။ထယ်ယောင်း
တစ်ခါမှရေမရှိသောကုန်းပေါ်တွင်အကြာကြီးနေထိုင်ရမည်
လို့မတွေးခဲ့။သဘာဝကိုလွန်ဆန်ရဲသည်ကလည်း..အချစ်
ကြောင့်ပဲလေ။ ဂျွန်သူ့ကိုချစ်နေသ၍ တော့သူကဘယ်က
လာမှန်းမသိတဲ့အားတွေနဲ့အရာရာကိုကျော်ဖြတ်နေဦးမှာ။
ဂျွန်သူ့ကိုမလိုအပ်ရင်တော့ အရာအားလုံးကိုလက်လွှတ်ကာ
ပဂ်လယ်ပြာကြီးထဲခုန်ဆင်းသွားမည်သာ။နာကျင်အောင်ဘယ်သူမှလုပ်တာမဟုတ်
ကိုယ်ကိုတိုင်က ထိုနာကျင်ခြင်းတွေကိုအချစ်လို့
သတ်မှတ်ပြီးပုံဖော်ခဲ့ရုံသာ။တွယ်တာတတ်လွန်းတာမို့
ဒီရေနေသတ္တဝါလေးက
အချစ်ကိုကိုးကွယ်ခဲ့ရုံသာ။
အမှတ်မရှိနာကျင်ခဲ့တာတောင်
နောက်တစ်ကျော့ထိုလူသားကိုချစ်ဖို့ဝန်မလေးခဲ့ဘူး။
ဒီငါးလေးအတွက်..ချစ်တတ်တဲ့နှလုံးသားကို
မဖန်ဆင်းခဲ့ပါနဲ့လား...ဘုရားသခင်။
သူလိုကိုယ်လိုရေနေသတ္တဝါတွေလိုပဲ
ဘာအနှောင်အဖွဲ့မှမရှိဘဲပျော်ပါးချင်လို့..
အခုတော့ သေမှာကြိုသိနေတဲ့ကံကြမ္မာရယ်
ဗိုက်ထဲက နှောင်ကြိုးငယ်လေးတွေနဲ့
ဘယ်လိုဝန်ပိစေတာပါလိမ့်။မင်းကိုတွေ့ခဲ့ခြင်းကဘဝမှာ
ရှားပါးအဖိုးတန်ခဲ့ပါတယ်..ဂျွန်ထယ်ယောင်းအခန်းပြူတင်းပေါက်နားမတ်တပ်ရပ်ကာ
ဂျောင်ကုပြန်အလာကိုစောင့်နေမိသည်။ တစ်ခါတစ်လေ
ဂျောင်ကုကသူ့အလုပ်တွေပစ်ထားမရသည်မို့ရုံးသွားရတဲ့
အချိန်တွေလည်းရှိတယ်။ထိုသို့အချိန်မျိုးဆိုထယ်ယောင်း
လေးမှာအိမ်ကြီးထဲအထီးကျန်နေတတ်ပြီးပြူတင်းပေါက်
နားရပ်ကာဂျောင်ကု ပြန်အလာကိုတောင်တွေမြောက်တွေး
ဖြင့်မြှော်နေတတ်သည်။ညနေ.. နေရောင်ခပ်ဖျဖျဝင်သည်
နှင့် ဂျွန်၏ကားလေးသည်ဗီလာထဲသို့ တန်းကာ
ချိုးဝင်လာသည်။
ဂျွန်ပြန်လာပြီဆိုတဲ့အသိနဲ့တင်ငါးလေးခများပျော်သွားရပြီး
ပါးပေါ်က မခြောက်သေးတဲ့မျက်ရည်စက်တွေကိုခပ်ကြမ်း
ကြမ်းပွတ်သပ်ပြစ်လိုက်သည်။
