Part..25

11.6K 1.4K 69
                                    

ဂျောင်ကုအကျင့်အတိုင်းမနက်မိုးလင်းသည်နှင့်အပြင်း
အထန်workout လုပ်လေ့ရှိသည်။နေ့တိုင်းမပျင်းမရိ
ကြိုးစားအားထုတ်တတ်သောသူ့လုံးလကြောင့် အကောင်း
ဆုံး Body Structure တစ်ခုကိုပိုင်ဆိုင်ထာပြီး
ဘာဝတ်ဝတ် smart ကျကာကြည့်ကောင်းနေတော့သည်။
မနက် ငါးနာရီခွဲ ထကာ Workout လုပ်ပြီးသည်နှင့်
အချစ်လေးအတွက် နွားနို့ပူပူလေးတစ်ခွက်နှင့်နို့ကိတ်မုန့်လေး
ပြင်ဆင်လိုက်သည်။

ထယ်ယောင်းက အခုမှမွေးကာစကလေးငယ်တွေလိုပင်
အပူအစပ်တွေအမာစာတွေအစားထိုသို့နူးညံအိမွှေးတဲ့
အစားစာတွေသာစားဖို့သင့်တော်သည်ဟုဂျောင်ကု ထင်မြင်
မိသည်။  တီကနဲ တံခါးဘဲလ်သံကြောင့် မနက်မိုးလင်းအ
စောကြီးရုံးမသွားခင်ဂျီမင်းသူ့ဆီလှည့်ဝင်လာတာလို့ထင်မြင်
မိလိုက်ပေမဲ့တစ်ကယ်တမ်း တွေ့လိုက်ရသည်က ပတ်ခ်အန်
နာပင်။

မတွေ့ရတဲ့တစ်လတာအတွင်းပတ်ခ်အန်နာမှာအနည်းငယ်ပို
ပိန်သွားရပြီးမျက်နှာလေးကလည်းအနည်းငယ်ချောင်ကျသွာ
သည်။

"ဂျောင်ကုရှီ..."

သူမကအလှပဆုံးပြုံးကာဂျောင်ကုအားဆွဲဆောင်လိုက်ပေမဲ့
အပြုံးအရယ်မဲ့နေသောမူန်ကုပ်ကုပ်ဂျောင်ကုမျက်နှာပေးဖြင့်.သာရင်ဆိုင်လိုက်ရသည်။

"အန်နာရှီ...ဘာကိစ္စရှိလို့ဒီထိလိုက်လာရတာလဲ၊ကျွန်တော်
တို့ကြားက ကိစ္စအားလုံးလည်းပြီးသွားပြီမလား"

ဂျောင်ကုစကားကြောင့်အန်နာမျက်နှာတစ်ချက်ပျက်ယွင်းသွား
ပေမဲ့အမြန်ပင်အပြုံးတုအားကောက်တပ်နိုင်ခဲ့သည်။

"အစ်ကို နဲ့စကားနည်းနည်းပြောလို့ရမလား၊နည်းနည်းလေး
ပါအကူအညီတောင်းချင်လို့"

အန်နာဘာပြောချင်မလဲဆိုတာဂျောင်ကုမသိ။သူတို့ကြား
က ငွေစော်နံတဲ့ ဆက်နွယ်မူ့မျိုးဆိုဂျောင်ကုယတိပြတ်ငြ င်း
လိုက်မည်မှန်သော်လည်းယခုလို မျက်နှာငယ်နှင့်အကူအ
ညီးတောင်းတယ် ဆိုတဲ့စကားကျတော့...ဂျောင်ကု လည်း
အန်နာ ဘာပြောမလဲဆိုတာသိချင်သည်မို့ခေါင်းညိမ့်ကာပင်
သဘောတူလက်ခံလိုက်သည်။

Thousand For Love(Completed)Where stories live. Discover now