Part..35

10.8K 1.2K 65
                                    

ထိုနေ့ညကဂျောင်ကုတော်တော်စိတ်လျှော့ယူလိုက်ရသည်။
သူကဖခင်မပီသ စွာထယ်ယောင်းဗိုက်ထဲက ကလေးကို
ဆေးနဲ့ဖျက်ချဖို့တွေးမိတဲ့အထိ။နှစ်တစ်ရာကျော်စောင့်စား
ခြင်းအတွက်တစ်နှစ်တာဆုံဆည်းခြင်းသည်တိုတောင်းလွန်းလှသည်။

ခပ်ထွေထွေအရက်ကိုတစ်ငုံသောက်တိုင်း..မူးမလာဘဲ
အချစ်ဝေဒနာသည်သာပိုပိုဆိုးလာသည်။ရင်ဘတ်တစ်
ခြမ်းကနင့်နင့်နဲနဲခံစားရင်း လက်တစ်ဖက်မြှောက်ကာ
ကောင်းကင်ပေါ်က ကြယ်တွေကိုရည်ရွယ်ချက်မရှိဘဲ
ဗလာနတ္ထိအတွေးတွေနဲ့ ရေတွက်နေမိသည်

ထယ်..မင်းမရှိရင် ကိုယ်ရယ်နိုင်ပြုံးနိုင်ဦးမှာလား။
ဒီလိုကြယ်တွေကိုအေးအေးလူလူကြည့်ပြီးရေတွက်နိုင်ဦး
မှာလား...ကိုယ်မပျော်လောက်ဘူးနော်..

ခဏတာဆုံဆည်းရပြီး
ထာဝရခွဲခွာရမယ်ဆိုလည်း
ထားခဲ့သူက ကိုယ်သာဖြစ်ပါရစေ..ထယ်။

အရက်တွေသောက်တာများလေလေ ထယ်ယောင်းကိုလွမ်း
လေလေ ဖြစ်ပြီးမခံစားနိုင်တဲ့အဆုံးမူးရူးကွဲ ပြဲနေတာတောင်
အချစ်ကလေးဆီမ​ရောက်ရောက်အောင်ကားမောင်းကာပြန်
လာခဲ့သည်။သူမူးရူးပြီးအိမ်ပြန်လာတော့ဂျီမင်းက ကျိန်ဆဲ
ကာပြေးတွဲ သည်ကလွဲဘာမှမမှတ်မိတော့။

တစ်ညလုံးလွတ်နေတဲ့ဂျောင်ကုမှာ မနက်မိုးလင်းအရက်နာ
ကြောင့် ဆတ်ကနဲ ပြန်နိုးလာရသည်။အိမ်ကိုဘယ်လို
ပုံစံရုပ်ပျက်ဆင်းပျက်ပြန်ရောက်လာလည်းမသိသလို
အချစ်လေးလည်းကုတင်ပေါ်တွင်မရှိ၊ပတ်ခ်ဂျီမင်းလည်း
ဘယ်ရောက်နေမှန်းမသိ ။ တစ်ဆစ်ဆစ်ထိုးကိုက်လာ
တဲ့ခေါင်းကြောင့်ကုတင်ပေါ်မှအားယူထလိုက်စဉ်ရုတ်တရပ်
အခန်းတံခါးလေးပွင့်လာသည်။

"နိုးလာပြီလား...ဂျွန်"

ကော်ဖီဗန်းလေးကိုင်ကာ အခန်းထဲဝင်လာတဲ့ထယ်ယောင်း
ကြောင့်ဂျောင်ကုမှာအလန့်တကြားဖြစ်ကာကော်ဖီဗန်းလေး
အားလှမ်းယူလိုက်ရသည်။

"ရေနွေးပူတွေလောင်တော့မှပဲ"

"ဒီလောက်ကတော့နိုင်ပါတယ်"

ထယ်ယောင်းယူလာတဲ့အမူးပြေကော်ဖီခွက်လေးကိုကြည့်
ကာဂျောင်ကုကြောင်တောင်တောင်ရယ်။သူ့အချစ်လေးက
ကော်ဖီဖျော်တတ်ဖို့်ဝေးစွ။ရေနွေးအိုးတောင်ဖြောင့်အောင်
တည်တတ်သူမဟုတ်။ဒီလိုကော်ဖီဖျော်တတ်တယ်ဆိုသာ
ပတ်ခ်ဂျီမင်းရယ်သာ။

Thousand For Love(Completed)Où les histoires vivent. Découvrez maintenant