တကျီကျီတကျာကျာအော်မြည်နေတဲ့ငှက်ကလေးတွေကြောင့်
ထယ်ယောင်းအိပ်နေရာမှနိုးလာခဲ့သည်။မနေ့ညတုန်းက
ဂျောင်ကု နဲ့သူအချိန်တွေအကြာကြီးဆွေးနွေးခဲ့ရပြီး သူ့ဗိုက်
ကလေးထဲမှာနောက်ထပ်ကလေး လေးတစ်ယောက်းရှိနေ
ပြီမှန်း သိလိုက်ရပြန်သည်။ဒီကလေးကိုအကြောင်းပြုပြီး
ဂျောင်ကု က သူ့ကိုအပီချုပ်ကာပင်လယ်ပြင်ကိုပြန်လွှတ်ပေး
တော့မည်မဟုတ်တော့။ထယ်ယောင်းအတွက် အိမ်ကြီး
ထဲတွင်ရေကန်အကျယ်ကြီးတည်ဆောက်ပေးထားပြီး
ထယ်ယောင်းစိတ်ရှိတိုင်းစိတ်ပြေလက်ပျောက်ရေကူးလို့
ရတယ်တဲ့။ထယ်ယောင်းကဆုံးဖြတ်ချက်ကိုအသေအချာချသေးသည်မ
ဟုတ်။သူကသူ့အပေါ်ဆက်ဆံမဲ့ဂျောင်ကုအခြေအနေသ
ဘောထားကိုစောင့်ကြည့်နေဦးမည်သာ။အရင်ဘဝကလို
သူ့နှလုံးသားအားနာကျင်စေခဲ့လျှင်အချိန်မရွေးကလေးလေး
ကိုခေါ်ကာပင်လယ်ထဲသို့ပြန်သွားမည်သာ။ရေသူမျိုးနွယ်တစ်ယောက်ကလူသားတွေလိုပြုမူနေထိုင်
ဖို့ခက်ခဲပေမဲ့ ဗိုက်ထဲကပုစိလေးကြောင့်ရှင်သန်နေထိုင်
ဖို့ကိုကြိုးစားကြည့်ချင်သေးသည်။ဒါက နှစ်ပေါင်းရာချီ
ကြာမှစောင့်စားပြီးမှထပ်မံချည်ခဲ့သောသံယောဇဉ်ကြိုးသေး
သေးလေးအတွက်ထယ်ယောင်းကြည်နူးရပြန်သည်။နောက်တစ်ခါဂျောင်ကုသူ့အနားမှာမရှိရင်တောင်ဒီသေး
သေးလေးကြောင့်အထီးကျန်အားမငယ်ရတော့ဘူးပေါ့။ထယ်ယောင်းအတွေးလွန်နေချိန်ကျွီကနဲတံခါးဖွင့်သံကြား
လိုက်ရပြီးဂျောင်ကု ဝင်လာသည်။"ကောင်းသောမနက်ခင်းလေးပါ..ကိုယ့်အချစ်လေး"
ချိုချိုသာသာနူတ်ဆက်ပြီးတဲ့နောက်တွင်ဂျောင်ကု ကသူ
ယူလာတဲ့ပစ္စည်းကိုထုတ်ပြလာသည်။ဒါက ကိုယ်ဝန်ရှိ
မရှိးဆီးစစ်တဲ့ဟာဖြစ်ပြီးထယ်ယောင်းကဒါကိုသုံးတတ်ဦး
မည်မဟုတ်ပါ။ဘာပဲ ဖြစ်ဖြစ်ဗိုက်ထဲက ရင်သွေးလေးအတွက် ဆေးခန်း
ပြကာဗိုက်အပ်ဖို့လို့ပြီးထယ်ယောင်းရဲ့မတူတဲ့ဗီဇကြောင့်
ဂျောင်ကု သူများထက်ပိုကာဂရုစိုက်ပေးရမှာတော့အမှန်
