"ထယ်..ဒါကိုကြည့်၊ ပြုံးပြပါဦး"
ဂျောင်ကုခိုင်းစေမူ့ကြောင့်ထယ်ယောင်းမရဲတရဲ ကင်မရာ
အားလှမ်းကြည့်လာသည်။"အချိန်တန်ကိုယ်တို့သားလေးကိုပြန်ပြရအောင် တစ်ခုခု
ပြောလေကွာ""ဘာပြောရမှာလဲလို့"
ှိုဗိုက်ကြီးသည်လေးမှာမအူမလည်ရုပ်ကလေးဖြစ်ရုံသာမက
စောင်ဖြူလေးကိုခြေထောက်လေးနှင့်ကန်ကျောက်နေလိုက်
သေးသည်။"ယောင်း..သားလေးကိုပြောချင်တာလေးတွေစိတ်ထဲရှိတဲ့
အတိုင်းသာ..ပြော"ထယ်ယောင်းပဲလေးထုတ်ကာအကျီ အဝတ်အစားတွေအား
လုံးကိုသပ်ရပ်အောင်အရင်ဆုံးပြင်ဆင်လိုက်သည်။
နောက်တစ်ချိန်သားငယ်ပြန်ကြည့်ရင်...ဖရိုဖရဲသူ့ပုံစံကြီးကို
မမြင်စေချင်။သူက သားငယ်ရဲ့မျက်လုံးထဲမှာသပ်ရပ်သန့်
ရှင်းပြီးဖခင်မေတ္တာအပြည့်ရှိတဲ့ဖခင်ကောင်းတစ်ယောက်
ပီသနေရမယ်။"ဟိုင်း...သားသားလေး..."
ကင်မရာထက်ပေါ်လာသောမြင်ကွင်လေးရယ်ကြောင့်
ဂျောင်ကုပြုံးမိပါသည်။ဒါလေးကကိုးလတာကာလအတွင်း
လူတွေဆီကအတုမြင်အတတ်သင်ရင်းအခုတော့ ကို
တတ်ပလေးဖြစ်လာခဲ့ပြီ။ဒါတွေအားလုံးကတစ်နေ့တစ်
နေ့ အိမ်ကိုအတတ်ကောင်းတွေလာလာသင်ပေးတတ်တဲ့
ဂျီမင်းရယ်ကြောင့်သာ။"မင်္ဂလာပါသားလေး...ဖေဖေက ရေအောက်ကငါးလေးပါ။
သားလေး ကဟော့ဒီငါးကလေးရဲ့ဘဝထဲကို ဝင်လာ
တဲ့အတွက် ကျေးဇူးပါ။ ဖေဖေက အများကြီးချစ်တဲ့အတွက်
ကောင်းကောင်းမွန်မွန်ရှင်သန်ပေးရမယ်နော်။ အားရှိ
အောင်နေ၊ကောင်းတာတွေအများကြီးစားပြီးလိမ်လိမ်မာ
မာကြီးပြင်းပေးပါ..."ထယ်ယောင်းက ကင်မရာကိုတစ်ချက်လှမ်းကြည့်လိုက်သေး
သည်။ဂျောင်ကုက လက်မထောင်ပြလိုက်သည်မို့ ထယ်
ယောင်းဆက်ပြောလာသည်။"နောက်နေ့တွေနောက်နှစ်တွေမှာလည်း ဒီဖေဖေကိုသတိ
ရနေပေးပါ။ နောက်ပြီး...မင်းရဲ့ပါးပါးဂျောင်ကုစကားကို
နားထောင်ရမယ်နော်။မင်းပါးပါးရဲ့သွန်သင်ဆုံးမမူ့ကိုနာ
ခံ ပြီး တော်ပြီးထူးချွန်တဲ့သားလေးဖြစ်အောင် ကြိုးစား
နော်။ဒီငါးလေး သားလေးအတွက်ဂုဏ်ယူပါရစေ"
