"နှလုံးက အရမ်းအားနည်းပြီးတော့ အမောခံနိုင်မဲ့ပုံမပေါ်
ဘူး၊ထယ်ယောင်းရှီက တာဝေးအပြေသမားလား၊ဒါ
မှမဟုတ် အားကစားအရမ်းလိုက်စားဖူးလား"ထယ်ယောင်းခေါင်းသာခါပြမိလိုက်သည်။
သူကနှစ်ပေါင်းများစွာရေအောက်ထဲမှာ နေ့စဉ်ကူးခတ်သွား
လာနေတဲ့ငါးတစ်ကောင်ဖြစ်ကြောင်းကိုသာဖွင့်ဟမပြောခဲ့။"သိရသလောက်တော့ ထယ်ယောင်းရှီရဲ့ကိုယ်ဝန်က ပုံ
မှန်ပါပဲ၊သန္ဓေသားလောင်းလည်းဖွံ ဖြိုးတယ်"ဆရာဝန်ဂျောင်အွန်ဟက သူ့အရှေ့ကအတွဲကိုတစ်ချက်
ကြည့်လိုက်သည်။ထို့နောက်နှာခေါင်းအောက်အနည်းငယ်
လျှောကျနေသော မျက်မှန်ကိုပြန်ပင့်တင်ရင်း"အဓိကပြသနာကလူကြီးပဲ၊နှလုံးရဲ့ အခြေအနေက
သိပ်မကောင်းတာကြောင့်ကလေးမွေးဖို့ထယ်ယောင်းရှီအဆင်မပြေလောက်ဘူး""ဟင်.."
ထိုအာမေဠိတ်အသံအဆုံးထယ်ယောင်းမှာဂျောင်ကုအား..
အားကိုးရာသဖွယ်လှည့်ကြည့်လာသည်။သူလက်မခံချင်ဘူး..
ဒီအခြေအနေကိုပြောင်းပေးစေချင်တဲ့သဘော။"ဒီထက်ရှင်းရှင်းလင်းလင်းပြောပေးလို့ရမလား.."
ဒေါက်တာအွန်ဟက ခေါင်းတစ်ချက်ညိမ့်ကာလည်ချောင်း
ရှင်းလိုက်သေးသည်။ဥက္ကဌ ကငယ်ရွယ်ပေမဲ့သားသမီး
အရေးတော့ကံကောင်းပုံမပြ။"အကယ်၍ ထယ်ယောင်းရှီကကလေးမွေးခဲ့ရင်အသက်
အန္တရာယ်စိုးရိမ်ရနိုင်ပါတယ်။အမေနဲ့ ကလေးကြားအသက်
လုရမဲ့သဘော..."ဂျောင်ကုက ဒုန်းကနဲစားပွဲခုံအားထုပစ်လိုက်သည်။
"သောက်သုံးကိုမကျဘူး..ဒီလောက်လေးတောင်မကုနိုင်
ရင်သောက်လုပ်လုပ်မနေနဲ့၊ငါ့ယောကျာ်းနဲ့ကလေး နှစ်ယော
က်လုံးဆုံးရူံးလို့မဖြစ်ဘူး..ကုလို့ရအောင်ကု၊ကုလို့မရရင်
သောက်သုံးမကျတဲ့မင်းလည်းငါ့ဆေးရုံမှာဆက်အလုပ်
လုပ်ဖို့စဉ်းစားမနေနဲ့တော့"ဂျောင်ကုအသံကအရမ်းကိုတင်းမာနေတဲ့အပြင်မျက်နှာ
ကလည်းမိုးသက်လေပြင်းကျနေတဲ့ပင်လယ်ပြင်လိုခက်
ထန်လှသည်။ထကြွသောင်းကျန်းနေတဲ့ဒေါသ လိုင်း
တွေကတစ်ပါးလူအားခြောက်လှန့်နေပြီး မျက်ဝန်းတွေက
ရဲရဲနီနေသည်။