Part..33

10.6K 1.2K 66
                                    

အများသူငါရုံးပိတ်ရက် Sunday လေးမှာပင်Jeon
မိသားစု၏ ဆက်ခံသူ  ဂျွန်ဂျောင်ကု၏ရိုးရာမင်္ဂလာဆောင်
ကိုကျင်းပခဲ့သည်။Jeon တွေကချမ်းသာသည်မို့ လူအများ
ထင်ကြေးပေးမျှော်လင့်ခဲ့ရတဲ့  ကြယ်ငါးပွင့်အဆင့်ရှိတဲ့
Hotel တွေအပန်းဖြေဥယာဉ်တွေမဟုတ်ဘဲရိုးရိုးတန်းတန်း
သူဌေးရပ်ကွက်တစ်ခုကဗီလာ၏ခြံလေးတွင်သာအကျဉ်း
ချုံကာကျင်းပခဲ့သည်။
ခြံတစ်ခုလုံးရိုးရှင်းစွာပင်ပန်းတွေနဲ့သာအလှဆင်ထားပြီး
ဧည့်သည်အနည်းစုကိုစားကောင်းသောက်ဖွယ်များဖြင့်တည့်ခင်းဧည့်ခံထားသည်။

မင်္ဂလာပွဲအားချီးမြှင့်ဖို့လာရောက်ကြတဲ့ဧည့်သည်တော်တစ်
စုတို့မှာဂျွန်တွေရဲ့ ဆုံးဖြတ်ချက်အ​ပေါ်အံသြလို့မဆုံး၊
ပတ်ခ်အန်နာလိုအရာရာပြည့်စုံနေတဲ့စီးပွားရေးမိတ်ဖက်တစ်
ယောက်၏သမီးကိုပစ်ချကာဘယ်ကမှန်းရေရေရာရာမသိ
တဲ့ယောကျာ်းတစ်ယောက်ကိုလက်ထပ်ဖို့ရွေးချယ်ခဲ့သည်။
ထိုကိစ္စတွေကြောင့်ပတ်ခ်မိသားစုမှာအရှက်ရခဲ့ပြီးလူပြော
စရာဖြစ်ခဲ့သေးသည်။ဘယ်လောက်ပဲအမှားတွေလုပ်လုပ်
Jeonတွေက စီးပွားရေးနယ်ပယ်၌ ကျားတစ်ကောင်သာ။
သူတို့နဲ့အထိုက်အလျှောက်ရေလိုက်ငါးလိုက်ပေါင်းသင်း
ရင်မိမိတို့အဖို့အကျိုးအမြတ်အများကြီးရမှာမို့ဘယ်သူမှ
ပေါ်တင်ဝေဖန်ရေးမလုပ်ရဲကြ။အားလုံးကတီးတိုးတီးတိုး
သဖန်းပိုးလုပ်ရင်းသာအတင်းတုပ်နေကြတော့သည်။

မနက်မိုးလင်းအစောကြီးထကာထယ်ယောင်းမှာအလှပြင်နေ
ရပြီးဆံပင်အပြာရောင်ကြီးများကို အများအမြင်တင့်တယ်စေ
ရန်အနက်ရောင်သို့ကူးပြောင်းခံလိုက်ရတဲ့အပြင်ဆံပင်အား
ခပ်တိုတိုအနေအထားတစ်ခုထိရောက်အောက်အညှပ်ခံလိုက်
ရသေး။သဘာဝကြီးကပေးတဲ့အပြာရောင်ဆံနွယ်တွေကို
နှစ်ခြိုက်သော်ငြားဂျောင်ကုနဲ့နီးစပ်ဖို့အတွက်အလွယ်တကူ
ပင်ပြောင်းလဲခဲ့သည်။ထို့နောက် မျက်နှာထက်ဘာတွေ
လိမ်းလို့လိမ်းမှန်းမသိလိမ်းခြယ်ပြီးချိန်တွင်ကြေးမုံထက်က
သူ့ရုပ်သွင်ကနဂိုထက် ဆယ်စလောက်လင်းထင်းသွားသည်။

မသိရင်.. ကျောက်စိမ်းအားပုံသွင်းကာထုဆစ်ထားသည့်
အတိုင်း။အနီရောင်ရိုးရာဟန်ဘော့အကျီနှင့်လိုက်ဖက်
ညီနေပြီးပါးမို့မို့ပေါ်ရှိအနီရောင်အစက်အလုံးလေး
တွေကထင်းကနဲ။
အဝေးကလှမ်းကြည့်ရင်တောင်..ထယ်ယောင်းအလှက
ပေါ်လွင်နေပြီးကြွေရုပ်ကလေးအသက်ရှင်လူပ်ရှားသွား
လာနေသလို။

Thousand For Love(Completed)Where stories live. Discover now