နောက်နေ့မနက်ဥက္ကဌဂျွန်ရုံးခန်းတွင်ဟိတ်ကြီးဟန်ကြီးနဲ့
လူတစ်သိုက်စုရုံးလာတာကိုထူးဆန်းစွာတွေ့လိုက်ရတော့သည်။ဂျီမင်းမှာပထမ အလုပ်ခေါ်စာအသစ်အတွက်အလုပ်
လာလျှောက်တာဟုထင်လိုက်သော်လည်းသူခေါ်ယူထား
သောစည်းကမ်းချက်တွင်အသက်နှစ်ဆယ်နဲ့နှစ်ဆယ့်ငါးဝန်း
ကျင်ဟုသေချာရေးထားတယ်မလား။အခုကျ ငါးဆယ်နဲ့
ခြောက်ဆယ်နားစွန်းလူတစ်သိုက်အလုပ်လာလျှောက်တာ
တော့ယုတ္တိမတန်နေဘူးမလား။"ဌာနမူးစူး..."
ဂျီမင်းအသံကြောင့်ဌာနမူးစူးမှာအလုပ်လုပ်တဲ့နေရာမှပြေးထွက်လာခဲ့သည်။
"ဘောစိအခန်းထဲကဘာတွေလဲ၊အလုပ်လာလျှောက်တာလား"
"ကြားထားတာတော့..အဲ့လူတွေကသိပ္ပံပညာရှင်တွေတဲ့၊
ရေအောက်သုတေတနပညာရှင်တွေ၊ဗိသုကာပညာရှင်
တွေကိုဘောစိကဖိတ်ထားတာတဲ့"ဂျီမင်းမှာလည်ထွက်သွားရသည်။သိပ္ပံပညာရှင်တွေခေါ်ပြီး
ဘာစီမံကိန်းတွေထပ်လုပ်ပြန်ပြီလည်းမသိ။မင်ယွန်ဂီ
ဒီတစ်ခေါက်စတူဒီယိုထောင်ပြီးရင် တော့ဒီဇယားရူပ်တဲ့
အလုပ်ကနေထွက်ပြီးယောကျာ်းလုပ်စာပဲထိုင်စားတော့မှာ။ထိုအချိန်ကစပြီးထိုသိပ္ပံပညာရှင်အုပ်စုမှာ ဘောစိအခန်းထဲ
ဝင်ချည်ထွက်ချည်အလုပ်များနေကြတော့သည်။ဘောစိက
လည်း ထိုသိပ္ပံပညာရှင်အုပ်စုနဲ့ပတ်သတ်ပြီးဘာမှမပြော။
ဂျီမင်းကလည်းသူ့အလုပ်နဲ့သူရူပ်နေသည်မို့ဘာမှထွေထွေ
ထူးထူးမေးမနေဘဲ အရာအားလုံးလစ်လျူရူထားလိုက်သည်။ဒီအတိုင်းအေးဆေးလေးသက်တောင့်သက်သာလစာ
ထိုင်ယူရုံပေါ့။နောက်နေ့တွေနောက်နေ့တွေမှာတော့ ဥက္ကဌဂျွန်ဂျောင်ကုက
ရုံးကိုမလာတော့ပါ။ သူ့အပိုင်Villaတစ်လုံးကိုစိတ်ကြိုက်
Decoration ဆင်ကာပြောင်းလဲနေသည်ဟုသာ
ဂျီမင်းကြားသိလိုက်ရသည်။ထိုဗီလာ ကမယူရသေးသော
ဇနီးလေးအတွက်ဆိုလည်းမမှား။ကပ်စေးနှဲဥက္ကဌကြီးက
ဘာလို့ဒီလောက်တောင်ချစ်တတ်သွားပါလိမ့်။အချစ်နဲ့တွေရင်လူတိုင်းအနည်းအများပြောင်းလဲတတ်ကြ
တယ်တဲ့လေ။ဘောစိလည်းအချစ်နဲ့တွေ့လို့ပြောင်းလဲ ပြီး
စိတ်ကောင်းဝင်ကာသူ့ကိုလခလေးတိုးပေးရင်သိပ်ကောင်း
မှာပဲ။
