Part...4

10K 1.3K 150
                                    


Zawggi

ရင်ဘတ်ပေါ်က လက်သည်းခြစ်ရာက ပျောက်သွားရင်တောင်
အမာရွတ်ကျန်ခဲ့ဦးမည်လို့ဂျောင်ကုထင်မြင်မိသည်။လက်
သည်းလေးသာကုတ်ခြစ်မိသွားတယ်ဆိုပေမဲ့ခံရတဲလူကမလူး
မလိမ့်သာ။ဒါတောင်အပေါ်ယံအရေပြားစုတ်ပြဲရုံမျှသာ၊အား
ပါပါအတွင်းနက်နက်ထိ ရောက်လို့ကတော့မတွေးဝံစရာ။ကံ
ကောင်းသည်ကရွှေဝါရောင်အမြှီးရှိတဲ့ရေသူထီးလေးမှာကိုယ်
လုပ်တဲ့လုပ်ရပ်ပေါ်တာဝန်ယူစိတ်ရှိပြီးသနားကြင်နာတတ်သူ
မို့သာ။အစိမ်းရောင်အရွက်တွေက ဘာအရွက်တွေမှန်းသေ
ချာမသိပေမဲ့ တစ်နေ့သုံးကြိမ်ကမ်းပေါ်တက်ကာ ဒဏ်ရာ
အား လာလာအုံပေးသောရေသူလေးရယ်ကြေင့်တစ်ဖြည်း
ဖြည်းဒဏ်ရာသက်သာလာရသည်။ညနေချိန်အခါ..နေမင်းသည်လည်းအနောက်ယွန်းယွန်းသို့ဦးတည်ကာကွယ်ပျောက်တော့သည်။ကမ်းပါးသစ်ပင်ကိုမှီရင်း..ဂျောင်ကုအမြဲဆောင်နေကျလက်ကိုင်ပုဝါလေးကိုထုတ်ယူကာကြည့်နေမိသည်။ထိုလက်ကိုင်ပုဝါသည်ဟေဆောင်းမင်းသမီး ကချစ်သက်တမ်းတစ်နှစ်ပြည့်တွင့်ကိုယ်တိုင်ကိုယ်ကျပန်းထိုးရင်းချစ်သက်လက်ဆောင်အဖြစ်ပေးခဲ့သည်။အဲ့ကတည်းကထိုလက်ကိုင်ပုဝါလေးမှာဂျောင်ကုအမြတ်နိုးဆုံး
ပစ္စည်းတစ်ခုဖြစ်လာပြီးဘယ်သွားသွားနဲ့ကိုယ်နဲ့ထပ်ချပ်မကွာ
ဆောင်ထားတော့သည်။

အခုရော...နန်းတော်ကြီးထဲသူ့မင်းသမီးလေးဘာတွေလုပ်
နေပါလိမ့်။လေပြေလေညှင်းတွေသာစကားပြောတတ်နိုင်ရင်
ဟေဆောင်းအားလွမ်းကြောင်းစကားပါးလိုက်ချင်ပါရဲ့။

ရေထဲက တစ်ဗွမ်းဗွမ်းအသံလိုင်းကြောင့်ဂျောင်ကုအတွေးတို့
ပြတ်ကနဲ။လက်ကိုင်ပုဝါအဖြူလေးအားတစ်ရိုတစ်ရေခေါက်
ကာအိတ်ရူံ့  ​လေးထဲအမြန်ထည့်လိုက်ပြီးအသံလာရာဘက်ကို
ငဲ့စောင်းကြည့်လိုက်သည်။ ထုံးစံအတိုင်းရေသူထီးလေးက
ဆေးထည့်ပေးဖို့ရောက်လာတာဖြစ်ပြီးဒီတစ်ခါတော့ မတော်
သည့်အောက်ပိုင်းနေရာလေးအားကြာရွက်လေးတွေစီ ကာ
ပြီးဖုံးထားသည်။

ဆည်းဆာနေဝင်ချိန်ကန်၏အလှကိုနောက်ခံထားပြီးနတ်
သက်ကြွေတဲ့သူလေးရယ်ကြောင့်ဘယ်ပုရိသတောင့်ခံနိုင်
မည်နည်း။အပြာရောင်ဆံနွယ်လေးတွေကလေတွင်တလူလူ
လွင့်နေပြီး ကန်ရေပြင်ရဲ့အလှတရားပမာတည်ငြိမ်ကာအေး
ချမ်းလှသည်။

Thousand For Love(Completed)Where stories live. Discover now