မနက်ခင်းပျို့ပျို့နေရောင်ခြည်က မြင့်တက်လာသည်နှင့်
အမျှ ကမ်းစပ်သောင်ပြင်ကရွှေအိုရောင်ဖိတ်လုလု။တစ်ခါ
တစ်လေ ဆောင်းဝင်ဌက်တို့ခရီးတစ်ထောက်နားက အုတ်
အော်သောင်းနင်းအပန်းဖြေကြသေးသည်။ ဆော်လမွန်
ငါးတစ်စုကလည်း မိခင်ပင်လယ်ရင်ခွင်ကနေ မွေးဖွားရာ
ရေချို ဌာနသို့ ပြန်ကာအုပ်စုလိုက်သားဖွားကြသည်။ထို
ဆော်လမွန်ငါးအုပ်စုကိုချောင်းနေတဲ့အသားစားငါးမန်းဖြူ
တွေရှိသလိုသူ့အဖော် သူပတ်ဝန်းကျင်နဲ့ပျော်ပျော်နေတတ်
သောဝေလငါးတစ်အုပ်စုမှာလည်း ရေပေါ်.. ပေါ်လိုက်ပျောက်
လိုက် နဲ့ပျော်မြူးမဆုံး။တစ္ညလံုး ပင္လယ္ကသေဘာၤေတြ
အပေါ်အချက်ပြအလင်းပေးလာတဲ့ မီးပြတိုက်တွေမှာသူ
တို့တာဝန်ကျေသွားပြီမို့အနားယူလိုက်ကြသည်။ငါးဖမ်းသင်္ဘောကြီးတွေဥသြအပြိုင်အဆိုင်ဆွဲကာမနက်ခင်း
အားအစပြုလိုက်ပြီးပင်လယ်ရေလုပ်သားတို့နိုးကြားလာရ
ပြန်သည်။ကမ်းစပ်ဘက်မျက်နှာမူထားသောတစ်ခုတည်းသောအိမ်
လေးဝယ်..လူတစ်ယောက်မှာပြူတင်းတံခါးဘက်မျက်
နှာမူရင်းထို သာယာဖွယ်မနက်ခင်းလေးအားခါးသီးစွာ
ကြည့်နေမိသည်။ထိုလူ့လက်ထဲတွင် ဘရန်ဒီပြင်းပြင်းတစ်
ခွက်ကိုင်ထားပြီးမျက်နှာကလည်းမပြင်မဆင်ထားမူ့ကြောင့်
အနည်းငယ်ချောင်ကျနေဟန်။"သူဌေး...ကျွန်တော်ရောက်ပြီ"
ဂျောင်ကုဆီမှာနှစ်ပေါင်းများစွာအလုပ်လုပ်ခဲ့သောဂျီမင်းမှာ
အရင်ကလိုမရိုမသေစကားလုံးများမထွက်တော့။အသက်
လေးဆယ်နား
ရှိနေပြီဖြစ်တဲ့ဂျီမင်းမှာအလွန့်ကိုရင့်ကျက်
လာပြီးအရာရာမှာစဉ်းစားတွေးခေါ်နိုင်စွမ်းမြင့်မားသည်။"ထွက်သွားပြီလား..."
"ဟုတ်ကဲ့ပါသူဌေး..ထယ်ဝန်းလေးကို ကျွန်တော်ကိုယ်
တိုင်လေဆိပ်ထိလိုက်ပို့ပေးလိုက်ပါတယ်..."ဂျောင်ကု ကမညှပ်တာကြာပြီဖြစ်သောဆံပင်ရှည်ကြီးများ
ကို အနောက်သို့လှန်တင်လိုက်သည်။ထိုသို့လှန်တင်လိုက်
သည်နှင့် ခံညားချောမောသောမျက်နှာမှာဖျော့တော့စွာပေါ်
လာရပြီးမရိတ်မသင်ထားသည့်နူတ်ခမ်းမွှေးရေးရေးလေး
တွေရယ်ကြောင့်ပိုပြီးအရွယ်ကျသွားဟန်။