Part..15

11.3K 1.4K 370
                                    

RoseMarry အမည်ရှိအပျော်စီးသင်္ဘောကြီးသည်
အရှေ့ပင်လယ်ပြင်အတွင်း ခုတ်မောင်းသွားလာနေသည်။
ကြယ်ငါးပွင့်အဆင့်ရှိသုံးထပ်အဆင့်မြင့်ဇိမ်ခံသင်္ဘောကြီး
မှာမီးရောင်စုံတွေပျိုးပျိုးပျက်ပျက်နှင့်တောက်ပသစ်လွင်
နေပြီး အပေါ်ဆုံးဂီတခန်းမဆီမှစန္ဒယားသံချိုချိုလေးပျံလွင့်
နေသည်။ထိုစန္ဒယားပညာရှင်မှာထိပ်သီး အနုပညာရှင်
အဆင့်တွင်ပါဝင်နေပြီးသီချင်းတစ်ပုဒ်ကိုပင်ဒေါ်လာထောင်ချီယူတတ်သည်။

မြောက်များစွာသောပင်လယ်စာအစားအသောက်များ
အပြင်တန်ဖိုကြီးဝိုင်နီများကို ပုန်းပေါ်လပေါ်စိတ်ရှိတိုင်းစား
သောက်နိုင်ပြီးဇိမ်ခံဖို့အတွက်နာမည်ကြီးအလှမယ်လေးပေါင်း
မြောက်များစွာကိုခေါ်ထည့်ထားသည်။သင်္ဘောကြီး၏အဓိက
ဇာတ်ဆောင်မှာJEON Group၏ ဥက္ကဌ ဂျွန်ဂျောင်ကု
သာဖြစ်ပြီးငယ်ရွယ်ချောမောတဲ့ဥက္ကဌ လေးရဲ့စေ့စပ်ပွဲအခမ်း
အနားဆိုလည်းမမှား။

ငယ်ငယ်ရွယ်ရွယ်နဲ့စီးပွားရေးလုပ်ငန်းတွင်အောင်မြင်နေသော
ဂျွန်ဂျောင်ကုလိုလူမျိုးအတွက် ငွေရေးကြေးရေးစီမံခန့်ခွဲဖို့
အိမ်ထောင်ရှင်မကောင်းတစ်ယောက်တော့လိုအပ်ပါလိမ့်မည်။
ထိုအိမ်ထောင်ဘက်ကို လည်း မိဘတွေကရွေးချယ်ပေးထား
ပြီး Park မျိုးနွယ်စုရဲ့သမီးအန်နာနဲ့သဘောတူထားကြ
သည်။ အန်နာမှာငယ်ရွယ်ချောမောပြီးတက်ကြွတဲ့ဒီဇိုင်းပညာ
ရှင်တစ်ယောက်ပင်။ရွှေဇွန်းကိုက်ပြီးမွေးလာတဲ့အထက်တန်း
အသိုင်းအဝိုင်းက ဂျွန်ဂျောင်ကု လိုလူမျိုးနဲ့စေ့စပ်ခွင့်ရထား
သည့်အပေါ်လွန်စွာမှအားကျနေကြသည်။

အရက်ဘားမှာသောက်ရင်းစားရင်းရေချိန်ကိုက်ကာမူးနောက်
နောက်ရှိလာသောအခါ ဂျောင်ကုမှာသင်္ဘောပဲ့ဦးပိုင်းသို့
ထွက်လာခဲ့သည်။ထို့နောက်ပင်လယ်ပြင်မှဖြတ်တိုက်လာ
လာသောဆားနံသင်းသင်းလေကိုတစ်ဝကြီးရူသွင်းလိုက်
သည်။လသည် ကောင်းကင်ထက်လုံးဝန်းစွာထွက်ပေါ်နေ
ပြီးလဆွဲအားကြောင့်ပင်လင်ရေသည်လည်းတစ်ရိပ်ရိပ်တက်
နေသည်။ရာသီဥတုကလည်းသာယာနေပြီးဖြတ်တိုက်လာ
သောလေအေးတွေကြောင့်မူးနောက်နေသည့်ခေါင်းမှာအတော်ပင်ကြည်လင်လန်းဆန်းလာသည်။ဂျောင်ကုကိုယ်
ပေါ်ဆင်ယင်ထားသောတန်ဖိုးကြီးအဝတ်အစားများ၊Branded နာရီတို့မှာအရောင်လဲ့နေပြီးမျက်
စိကျိန်းလောက်စရာ။ချောမောခန့်ညားတဲ့အပြင်ရုပ်ရှိရေလျှံ
ဘောစိတွေရဲ့အသွင်အပြင်တိုင်းစိတ်ဆိုးဒေါသထွက်နေရင်
တောင်ကြည့်ကောင်းတဲ့အသွင်အပြင်ရှိသည်။သူတစ်ပါး
နဲ့မတူကွဲလွဲတဲ့ကိုယ်သင်းရနံမျိုးရှိပြီးဘေးပတ်ဝန်ကျင်အား
သိမ်ငယ်အောင်ဖိအားပေးနိုင်တဲ့ ပုံစံမျိုးရှိကာခန့်မှန်းရန်ခက်
တဲ့ မျက်ဝန်းတွေလည်းရှိသည်။

Thousand For Love(Completed)Where stories live. Discover now