Cha. 1

8.6K 295 5
                                    

"သူ ရောက်နေပြီလား"

"ဟုတ်ကဲ့"
အထဲမှာရောက်နေပါပြီ၊ ကြည့်ရတာ အတော်လေးဒေါသထွက်နေတဲ့ပုံပဲ  ရောက်ကတည်းက စကားလည်း တစ်ခွန်းမှမပြောဘူး...!!

"ရပြီ.."
ငါသွားလိုက်မယ်...

"သူ ဘာမှာထားသေးလဲ"

"ဘာမှ မမှာရသေးပါဘူးခင်ဗျ"

"ဒါဆိုရင် ဒိုမီနို နှစ်ခွက်ပဲ ယူခဲ့လိုက်တော့"

"ဟုတ်ကဲ့"
နောက် ဘာလိုအပ်သေးလဲ..

"တော်ပြီ"
သူ မမှာထားရင် ဘာမှယူမလာနဲ့တော့.!!

Daryar coffee ဆိုင်လေးက ဒေါင်းခဝါ တို့သူငယ်ချင်းတွေစုပြီး ဖွင့်ထားတဲ့ဆိုင်လေးဖြစ်သည်။
သူတို့သူငယ်ချင်း တစ်သိုက် အားရင် အားသလို ဒီဆိုင် လေးထဲမှာ အချိန်ဖြုန်းလေ့ရှိသည်။

ဆိုင်က ၀န်ထမ်းကောင်လေးက ဘာစကားမှ မဆိုတော့ပဲ နောက်လှည့်သွားလိုက်တော့ ဒေါင်းခဝါ  လည်းအတွင်းခန်းထဲသို့ ၀င်သွားလိုက်တော့သည်။
စားပွဲရဲ့ ဘေးတစ်ဖက်မှာ ပျင်းရိပျင်တွဲ ထိုင်နေတဲ့ လူတစ်ယောက်ကို မြင်လိုက်တော့ ဒေါင်းခဝါ မျက်မှောင် အနည်းငယ်ကြုတ်မိလိုက်တယ်။
ထိုသူ့ရဲ့ မျက်နှာပေါ်မှာ စိတ်အ
မရှည်မူ့နဲ့ ဒေါသထွက်နေတဲ့ အရိပ်‌အယောင်တွေက အရမ်းမြင်သာထင်သာရှ်ိလှတာမို့ ဆိုင်၀န်ထမ်းလေး ဘာမှ မမေးရဲတာလည်း အဆန်းတော့မဟုတ်ပေ။
ဒါပေမဲ့လည်း ထိုလူက နဂိုကကို အဲ့အတိုင်းပဲ ပြုမူနေတက်သူဖြစ်သည်။
ဒေါသကြီးတယ်၊ မာနကြီးတယ်၊ နောက်ပြီး ခေါင်းမာတက်သူတစ်ယောက်လည်း ဖြစ်တယ်။
ထိုအခြင်းအရာတွေကို ပိုင်ဆိုင်ထားတယ်လို့လည်း မပြောနဲ့လေ နာမည်က ကို တင်စီးရင်စီးတဲ့နာမည်မှာ ခက်ထန်ကို
ဆိုတဲ့သူပင်။

‌‌"ရောက်နေတာကြာပြီလား"
ငါ နည်း"နောက်ကျသွားတယ်...

"အဟတ်"

ထိုလူက ခနဲ့တည့်တည့်အသံနဲ့ သူ့ကိုမော့ကြည့်လာ၏။

"ဘာ နည်းနည်းပဲလား"
ငါမင်းကို ချိန်းတဲ့ အချိန်က နေ့လယ်  1 နာရီ အ‌ေရာက်လာခဲ့လို့ ပြောတာလေ၊  အခု ဘယ်အချိန်ရှိနေပြီလဲ!!

ဒေါင်း က သူ့ လက်ပတ်နာရီကို တစ်ဖန် ငုံ့ကြည့်လိုက်တော့ သူက ခပ်ယဲ့ယဲ့လေးပြုံးလိုက်ပြီးပြောလိုက်သည်။...

ကြင်ကြင်နာနာ သတို့သား(Ongoing)Where stories live. Discover now