Cha. 7

2.6K 225 14
                                    

ထိုနေ့က နှစ်ယောက်သားကတောက်ကဆဖြစ်ပြီးတော့ပဲ
ပြီးသွားခဲ့သည်။

ဘာမဟုတ်တဲ့ကိစ္စလေးတွေကပဲ သူတို့နှစ်ယောက်ကို ဝေးစေခဲ့သလားပဲ အဲ့နေ့ကစပြီး သူတို့နှစ်ယောက်ထပ်မဆုံဖြစ်ကြတော့ပေ။

ဒေါင်းခဝါကလည်း သူ့အဖေဦးနေ၀င်းရဲ့ ကုမ္ပဏီမှာ အလုပ်သင်နဲ့ ၀င်လုပ်နေခဲ့တာကြောင့် ကုမ္ပဏီအတွက်ကိုပဲ အချိန်ပိုပြီးပေးဖြစ်ခဲ့သည်။
မိဘနှစ်ဦးစလုံးက သားဖြစ်တဲ့ ဒေါင်းခဝါအပေါ်မှာ အတော်လေးကို ရည်းမှန်းချက်တွေထားကြသည်။
ဒေါင်းခဝါကျောင်းပြီးသွားတော့ ချက်ချင်းကို စီးပွားရေးလုက်ငန်းကို စ,နင်စေချင်သည်။
သို့ပေမဲ့ ဒေါင်းခဝါကတော့ "ခုမှ လွတ်လပ်မူ့ကဘာလဲဆိုတာကို ခံစားခွင့်ရတာ၊1နှစ်၊ 2နှစ်လောက်တော့ ပေးနားပါဦး" လို့ ဆိုတာကြောင့် ဒီအတိုင်းခွင့်ပြုထားလိုက်သည်။
ဒီကြားထဲမှာ ဒေါင်းက အလကားလေလွင့်နေတဲ့သူတော့မဟုတ်ပေ၊သူငယ်ချင်းတွေနဲ့ ဆိုင်လေး‌တစ်ဆိုင်တောင် စပ်တူကောက်ဖွင့်လိုက်သေးသည်။

ဦးလင်းကိုမှာ ဖွင့်ချင်ရင် အရင်းအနှီးထုတ်ပေးမယ်၊ ကိုယ့်ဖာသာ ကောင်းကောင်းမွန်မွန်လေး  အတည်တကျ လုပ်မယ်ဆိုရင်လည်း လုပ်ပါလားလို့ပြောတော့ ဒေါင်း ကလက်မခံခဲ့ပေ။

ဒီကော်ဖီဆိုင်လေးဖွင့်တာက သူတို့သူငယ်ချင်းအုပ်စုရဲ့ ရည်မှန်းထားတဲ့ မျှော်လင့်ချက်ပင်လို့ပြန်ပြောခဲ့သည်။
သူတို့တစ်တွေက ကျောထောက်နောက်ခံရှ်ိတဲ့ မိသားစုအသိုင်းအဝိုင်းကနေ ဆင်းသက်လာတဲ့ ကောင်လေးတွေပင်။

ဒေါင်းခဝါ မိဘတွေက စီးပွားရေးလောကမှာ စာရင်း၀င်နံပတ်၃နေရာမှာရပ်တည်နေတဲ့ ကုမ္ပဏီတစ်ခုပင်။
မသိတဲ့သူမရှိသလို နိုင်ငံခြားကကုမ္ပဏီတွေနဲ့ပါ ချိတ်ဆတ်ထားတာကြောင့် ကုမ္ပဏီရဲ့ လည်ပတ်မူ့က အစမတန်ကို မြင့်မားကျယ်ပြန့်လှသည်။
အဲ။နံပတ် ၁နေရာမှာစာရင်း၀င်တဲ့ ကုမ္ပဏီကတော့ အထူးပြောစရာတောင်မလိုအပ်ပေ။
ခက်ထန်ကိုတို့ ဒယ်ဒီပိုင်တဲ့ စီးပွားရေးလောကမှာ ထိပ်တန်း၊ တစ်နှစ်စာရဲ့ ၀င်ငွေအများဆုံး ဈေးကွက်လောကမှာ ကျယ်ကျယ်ပြန့်ပြန့်နဲ့ ရပ်တည်နေတဲ့ ခက်ထန်ကိုတို့ကုမ္ပဏီပင်။

ကြင်ကြင်နာနာ သတို့သား(Ongoing)Where stories live. Discover now