Cha. 15

2.7K 248 25
                                    


" အသော်၊ မင်း ဘယ်ကိုသွားချင်လဲ၊ မင်းလည်း ရန်ကုန်ကို ခုမှ ပြန်ရောက်တာဆိုတော့ လျှောက်လည်ချင်တဲ့နေရာတွေရှိမှာပေါ့ သွားစို့၊ ငါလိုက်ပို့မယ်..."

အသော်ဆိုတာ ဒေါင်းရဲ့ ညီအကို၀မ်းကွဲပင်၊ ၀မ်းကွဲညီကိုလို့ပြောတာထက် အမှန်တကယ်တော့ ဘာမှသွေးသားမတော်စပ်တဲ့ ညီအကိုပင်။
ဒေါင်းရဲ့ မေမေနဲ့ ‌ကြီးမြိုင်နဲ့က ညီအစ်မအရင်းတွေပင်။
ကြီးမြိုင်က အသက်ကြီးမှ အိမ်ထောင်ကျတာကြောင့် ကလေးယူဖို့ မဖြစ်နိုင်တာနဲ့ အသော့်ကို  မိဘမဲ့ဂေဟာကနေ ခေါ်ယူပြီး မွေးစားထားတာပင်။
ဒါကို အသော်ကလည်းသိသလို ကြီးမြိုင်တို့ကလည်း အသော့်အပေါ်မှာ တကယ့်သားအရင်းတစ်ယောက်လို ပြုစုပျိုးထောင်ပေးသည်။ လိုလေသေးမရှိအောင်ကို လိုအပ်တာမှန်သမျှ အကုန်ဖြည်းဆည်းပေး၏။
ဒေါင်း နဲ့ အသော်နဲ့က အသက်ချင်း  သိပ်မကွာပေ။
အသော်က ဒေါင်း ထင်  နှစ် နှစ်လောက်သာကြီးသည်။
ဒါပေမဲ့လည်း ငယ်ငယ်ကတည်းက အသော်လို့ ခေါ်နေကျဆိုတော့ နူတ်ကျိုးနေပြီဖြစ်တာကြောင့် အပြောအဆိုတို့ဟာ ရွယ်တူ သူငယ်ချင်းတွေလိုပဲ တရင်းတနှီး သာပြောဆိုကြလေသည်။

" အသော်၊ ငါပြောနေတာ ကြားလား"

"ကြားတယ်၊ ငါအခုမှရောက်တာ ခဏလောက်တော့ နားပါရစေအုံး"

အသော်က ခုမှ ပြည်ပကနေ ပြန်လာတာဖြစ်သည်။
နိုင်ငံခြားမှာ ကျောင်းတက်နေတာ သုံးနှစ်ရှ်ိပြီပင်။
အခုမှ ကြီးမြိုင်တို့က ပြန်ခေါ်လို့သာ အပြီးပြန်လာတာဖြစ်သည်။

နှစ်‌ေယာက်သား ခြံထဲက ဒန်းပေါ်မှာ ထိုင်နေကျရင်း မပြောဖြစ်တဲ့ စကားတွေ အများကြီးရှိနေတာ‌ေ‌ကြာင့် တစ်ယောက်ကမေးလိုက်၊ တစ်ယောက်က ဖြေလိုက်နဲ့ ဒီနေ့ဖို့ရာ ‌အပြင်သွားဖြစ်မှာမဟုတ်မှန်းဒေါင်းသိလိုက်သည်။

"တိန်"

"သင့် ပိုစ့်တွင် လူတစ်ဦးမှ မှတ်ချက်ပေးခဲ့သည်"

လိုင်းဖွင့်လိုက်တာနဲ့ တက်လာတဲ့ notiကြောင့် ဒေါင်း မျက်မှောင်ကြုတ်မိလိုက်သည်။
သူဘာပိုစ့်မှလည်း တင်ထားခြင်းမရှိတာကြောင့် အသော် ကို တစ်ချက်ကြည့်လိုက်တော့ သူလည်း ဖုန်းနဲ့ မျက်နှာနဲ့ မခွာပဲ ဘာတွေဖတ်နေလဲတော့မသိပေ။
ဒေါင်း သည် အမြန်ပဲ သူ့wallထဲ၀င်ကြည့်လိုက်သည်။
ထင်သည့် အတိုင်းပင်။  အသော်ရဲ့ လက်ကမြင်းမူ့ကြောင့်
ပိုစ့်တစ်ခုအောက်မှာ မှတ်ချက်များက တန်းစီနေကာ like & shareတွေကလည်း အများ အပြားပင်။
ဒေါင်းက Facebook Celeပင်၊ သူ့ Profile Photo ကလည်း တကယ့်မင်းသားတစ်ယောက်လိုပဲ။
ဂျက်ကက် အနက်ရောင်ကို လက်မောင်းမှာ အဆင်းကြားနှစ်ခုနဲ့ အောက်ပိုင်းကို မဖော်ပြထားပေမဲ့ မျက်နှာက အောက်စိုက်ငုံ့ကြည့်နေကာ ကိုယ့်ဆံပင်ကို နဖူးပေါ်ပြန်လှန်တင်နေတဲ့ပုံပင်။
အသေအချာ ရိုက်ယူထားတာမဟုတ်ပဲ လျှပ်တစ်ပြတ် ရိုက်လိုက်တဲ့ စနဲပုံပင်။
ပြုံးနေတဲ့ အပြုံးလေးက အသက်၀င်လှသည်။
ဘာ ပါကာသနတွေမပါပဲ လွတ်လပ်ပျော်ရွှင်မူ့ကို ပိုင်စိုးထားတဲ့ ကောင်လေးတစ်ယောက်လိုပဲ မြင်ရတဲ့ လူတွေကို မျက်စိကြည်စေသည်။
ထိုကောင်လေးက ဖော်လိုးဝါးတွေ သောင်းနဲ့ချီပြီး ရှိတဲ့ Facebook Celeပင်။

ကြင်ကြင်နာနာ သတို့သား(Ongoing)Where stories live. Discover now