Cha.3

3.2K 262 6
                                    

ရုတ်တရပ် ခက်ထန်ကို ရဲ့ ဆူပူနေမူ့ကြောင့် ဒေါင်း မှာ မျက်လုံးတွေကို မဖွင့်ချင် ဖွင့်ချင်နဲ့ ဖွင့်ပြီးကြည့်လိုက်တော့ သူ့အိပ်ရာပေါ် အစွန်းဘက် မှာထိုင်နေတဲ့ ငခက်ကို လှမ်းမြင်လိုက်ရသည်။

သူသည် ဖက်လုံးကို ရင်၀ယ်ပိုက်ထားပြီးလက် တစ်ဖက်က စာအုပ်တစ်အုပ်ကို ကိုင်လို့ ထားကာ ဟိုလှန် ဒီလှန် ကြည့်လို့နေသည်။

စာအုပ်လေး ရဲ့ နာမည်က "တစ်ခါတစ်လေကျတော့ ဒီအတိုင်းပဲ တိတ်ဆိတ်လိုက်ချင်ပြီ" ဆိုတဲ့ "ကျေးကို"ရဲ့ကဗျာစာအုပ်လေး။
ခက်ထန်ကို သည် မျက်နှာမှာလည်း အလိုမကျတဲ့ အမူအယာမျိုးနဲ့ ဆောင်လို့ကျဉ်းကာ ဒေါင်းခဝါဘက်ကို လှည့်ကြည့်လိုက်ရင်း...။

"မင်းက အချစ်ကဗျာတွေလည်းကြိုက်တာပဲလား"

" ဘာလဲ ချစ်တက်နေပြီပေါ့"

ဒေါင်း ကလည်း သူပြောတဲ့စကားကို ချက်ချင်းမဖြေပဲ အိပ်နေရင်းမှ ထထိုင်လိုက်သည်။
တကယ်တော့ ဒီကဗျာစာအုပ်လေးဟာ နှင်းသဒ္ဒါ ရဲ့ ကဗျာစာအုပ်ဖြစ်သည်။
နှင်းသဒ္ဒါ ဆိုတာက ဒေါင်း ရဲ့သူငယ်ချင်းထိန်လင်း၊ သူ့ ညီမရဲ့ ဟာပင်။ ထိန်လင်း  ဟိုတစ်နေ့က သူ့စာအုပ်နဲ့ သူ့ညီမစာအုပ်နဲ့ကို မှားယူမိခဲ့တာလို့ပြောသည်။
ထိုအချိန်မှာပဲ
သူ့ကောင်မလေးဆီကနေ ဖုန်းဆက်‌ခေါ်တဲ့ အချိန်မှာ သူ့ထံသို့ အလွယ်ထားခဲ့တာပင်ဖြစ်သည်။
မိန်းခလေးတွေက သိပ်စပ်စုတက်တာ၊ ဒီလိုမိန်းခလေးတွေ အကြိုက် ကဗျာစာအုပ်တွေကိုသာ မြင်ရင် ဘယ်လိုပဲ ရှင်းပြပါစေ အတော်လေးကို မပြီးနိုင်၊ မစီးနိုင် ဖြစ်နေမှာပဲလို့ ပြောပြီး သူ့ထံသို့ ထားရစ်ခဲ့ခြင်းပေ။

ကဗျာတွေကို သိပ်ပြီးမဖတ်တက်တာမို့ ဒေါင်းခဝါလည်း လှန်လို့တောင်မကြည့်မိပဲ အလွယ်တကူ စားပွဲပေါ်တင်ထားလိုက်တာဖြစ်သည်။

ဒေါင်း ရှေ့က လူကတော့ စာမျက်နှာများကို တစ်ရွက်ပြီးတစ်ရွက် လှန်နေရင် မျက်မှောင်ကိုလည်း အနည်းငယ်ကျုံ့ထားသေးသည်။ သူမေးတဲ့ မေးခွန်းကိုတော့ ဒေါင်း မှာ ပြန်မဖြေမိသေးပေ။

"မင်း ဘာလာလုပ်တာလဲ.."

"စကား မလွဲနဲ့၊ မင်း ငါမေးတာ မဖြေရသေးဘူး"

ကြင်ကြင်နာနာ သတို့သား(Ongoing)Where stories live. Discover now