Cha. 16

3.3K 226 34
                                    


ခက်ထန်ကိုက ဟိုမှာ ဘယ်လောက်ကြာကြာနေမလဲတော့ မသိဘူး၊ သူ့ ဒယ်ဒီပြောပုံအရဆိုရင် နောက်တစ်လ၊ နှစ်လလောက်ဆက်နေဖြစ်အုံးမယ်လို့ပြောတယ်။
ဒါဆိုရင် ဒီက လုပ်ငန်းတွေကိုက ဒီအတိုင်း မျက်နှာလွှဲ ခဲပစ် လုပ်ထားလို့က မရပေ။
အန်ကယ်အပါအ၀င်၊ ဖေဖေနဲ့ မေမေက ပါ စိတ်အားတွေထက်သန်နေတာကြောင့် သူ အရင်က ဒီကုမ္ပဏီမှာ မလုပ်ပေးနိုင်တော့ဘူးလို့ စိတ်ဆုံးဖြတ်ထားတာ သို့ပေမဲ့ ဘယ်လောက်မှ မကြာသေးခင်ပဲ ရှိတဲ့ ဒီရက်အတော အတွင်းမှာ သူ ခုလိုမျိုး ရုတ်တရပ်ကြီး နူတ်ထွက်လိုက်ဖို့ကြပြန်တော့ လူကြီးတွေကို နည်းနည်း အားနာ‌စရာတွေဖြစ်ကုန်မှာလည်း စိုးမိ၏။

Laptop ကို ဖွင့် အရင်က မပြီးပြတ်သေးတဲ့ ဖိုင်တစ်ချို့ကို ဆွဲဖွင့်လိုက်တယ်။
စင်ကာပူမသွားခင်က ခက်ထန် ရဲ့ အပြီးစီးခဲ့တဲ့ စာရင်းဇယားတွေအပါအ၀င်၊ ငွေကြေး ကွာဟမူ့တွေ၏စာရင်းအချိူ့ကိုလည်း ဒေါင်းစစ်ကြည့်လိုက်တယ်။
ဘယ်နေရာက မှားနေမှန်းဆိုတာ သေချာထောက်ပြလို့ရတဲ့ အထောက်အထား။ခိုင်ခိုင်လုံလုံ မရှိပါဘဲ တစ်နေရာက မှားနေတယ်ဆိုတာကိုတော့ ဒေါင်းသိလိုက်သည်။
ဒါဆိုရင် သူတွေ့ရှိသလိုရော ခက်ထန်ရောဒီကိစ္စကို ရိပ်မိလောက်မလား။
ရှာဖွေလေ တွေ့ရှိလေမို့ ပိုလို့တောင် စိုးရိမ်စိတ်များ များလာရသည်။

ထိုအချိန်တွင်....

နံဘေးနားက စားပွဲခုံပေါ်က ဖုန်းကဘရုတ်တရက်မြည်လာသည်။၊ နံပတ်ကို ကြည့်လိုက်တော့ ဖုန်းနံပတ်စိမ်းတစ်လုံးဖြစ်လို့နေသည်။ ညအချိန်မတော်ကြီးမှာ အခုလိုမျိုး ခေါ်ဖူးတဲ့လူမရှိပေ၊ ရှိခဲ့သည် ဆိုရင်တောင် ဒေါင်းက ဖုန်းစိမ်းဆို လုံး၀ မကိုင်တက်ပေ။
သူအာရုံမပျက် Laptop ကိုသာ ပြန်ကြည့်နေလိုက်၏။
ထိုဖုန်းက တစ်ခါကျသွားပြီး နောက်တစ်ခါထပ်ပြီးခေါ်လာပြန်သည်။

"ဟူးး"
ဘယ်က အရေးတကြီးဖုန်းမို့ ဒီလောက် အသဲ အသန်ခေါ်နေရတာလဲ..!!

ဒေါင်းသည် Laptop ကို ပြန်ပိတ်လိုက်တယ်၊ ပါးစပ်ကလည်း။စိတ်မရှည်တဲ့ စကားကိုပါပြောလိုက်ရင်း ဖုန်းကို ကောင်ကိုင်လိုက်တယ်။

ကြင်ကြင်နာနာ သတို့သား(Ongoing)Where stories live. Discover now