Cha. 19

3K 229 28
                                    

ဒီနေ့ည‌ေန ခက်ထန်နဲ့ တွေ့ဖို့ချိန်းထားသောကြောင့် ခွန်းသူရ သည် လုပ်လက်စအလုပ်တွေကို တစ်ခါတည်းလက်စသတ်ပြီး ညနေထိ အပိုချိန် မဆင်းရလေအောင် သူ့ရဲ့လုပ်ရမဲ့ တာ၀န်တွေကို တစ်ခုမှမကျန်စေရအောင်နှင့် အမှားအယွင်း မရှိရလေအောင် ဖိုင်တွေကို ပြန်စစ်နေလေ၏။ ခက်ထန် စင်ကာပူက ပြန်လာတဲ့ နေ့ကတည်းက သူနဲ့ အေးအေးဆေးဆေး စကားမပြောရသေးပေ။
လေဆိပ်ကို သွားကြိုရုံလေးပဲကို ရုတ်တရပ် အရေးတကြီး ကိစ္စပေါ်လာတာနဲ့ ချက်ချင်း ပြန်လာခဲ့ရသည်။
သူ တို့နှစ်ယောက် ဒီနေ့တော့ ခါတိုင်းတွေ့နေကျ ကော်ဖီဆိုင်မှာပဲ တွေ့ဖို့ချိန်းထားလေ၏။

အချိန်က ညနေ3နာရီ ခန့်တောင်ရှ်ိနေပြီ။
သူပြန်စစ်ရတဲ့ စာရင်းတွေက အခုထိမပြီးစီးသေးပေ။
ဒါပေမဲ့လည်း သူ မငြီးငြူမိပေ၊ ကိုယ့်တာ၀န်ကိုကျေပွန်အောင်လုပ်နိုင်ရင် နောက်ဆိုရင် အမှားတွေလည်း သိပ်ပါလာမှာမဟုတ်ပေ။ အမှန်အတိုင်းပြောရရင် အခုရက်ပိုင်းတွေမှာ သူတအား အလုပ်တွေနဲ့ပဲ နပန်းလုံးနေရသည်။ နားချိန်လေးတစ်ခုသာပဲ သူ့အတွက် သက်သောင့်သက်သာနေရတာပင်။
ဖေဖေတို့ကတော့ ဘိုးဘွားတွေပိုင်ဆိုင်တဲ့ စက်ရုံတစ်ခုကို
ဦးစီးစေချင်၏၊ ဒါပေမဲ့လည်း ခွန်းသူရက သူ့ဝါသနာပါတဲ့ အလုပ်ကိုလည်း လုပ်‌ချင်သေးတာကြောင့် ကိုယ်ပိုင်လုပ်ငန်းလုပ်ဖို့ကို သူမစဉ်းစားသေး။
အခုလည်း ကိုယ့်‌ဖေဖေရဲ့ကုမ္ပဏီမှာ အလုပ်မ၀င်ပဲ သူများလက်အောက်မှာပဲ သူ့ရဲ့ နည်းပညာရပ်၊ အတွေ့အကြုံတွေကို သင်ယူစေ၏။ ဖေဖေ့ ကုမ္ပဏီ မှာကသူ့ အစ်ကိုကြီးလည်း ရှိတာကြောင့် သိပ်စိတ်ပူစရာမလိုပေ။

"ဒေါက်..ဒေါက်..ဒေါက်.."

"သူရ၊ ကိုယ်၀င်လာခဲ့မယ်နော်"

အပြင်ကလူက အသိစိတ်လေးတစ်ခု‌ေကြာင့်သာ တံခါးကိုခေါက်တာ၊ လက်ကသာခေါက်နေတာ တံခါးက အရင်ပွင့်သွားလေ၏။ ခွန်းသူရ သူ့ကြည့်နေတဲ့ စာရွက်စာတမ်းတွေကနေ အကြည့်မခွာပဲ သူ့ရှေ့လာရပ်နေတဲ့သူကိုလည်း မော့မကြည့်ပေ။ အမှန်တော့ သူ့ရှေ့ကလူက သူ့ထက်ရာထူးကြီးတဲ့ လူရွယ်တစ်ယောက်ပင်။ နောက်ပြီး ဒီကုမ္ပဏီရဲ့ မန်နေဂျာတစ်ယောက်သာပြောတာ တကယ်တော့ EOMကုမ္မဏီဥက္ကဌရဲ့ သားတစ်ယောက်ပင်။
သူ့ထက်ရာထူးကြီးရုံမက စီးပွားရေးလောကမှာလည်း ရေရေလည်လည် ကျင်လည်နေတဲ့ လူတစ်ယောက်ပင်။
သူက အခုမှ အလုပ်သင်တစ်ယောက်သာသာပဲ ရှိသေးတာ အမှန်အတိုင်းပြောရရင် ကိုယ့်အထက်လူကြီးကိုဖြင့် လေးစားမူ့ရှိရမှာတော့အမှန်ပေ။
အဲ့နေရာမှာ တစ်ခြားသူဆိုရင်တော့ ခွန်းသူရ ကိုယ့်စီနီယာက ကိုယ့်ကို လာလေ့လာနေတာဆိုပြီး အလောတကြီး ထရပ်နူတ်ဆတ်၊ဦးညွှတ် လုပ်မိမှာအသေချာပင်။
ဒါမဲ့လည်း ဒီနေရာမှာက သူ မျှော်လင့်ထားတဲ့အတိုင်း တခြားသူတစ်‌ယောက်ဟုတ်မနေပေ။

ကြင်ကြင်နာနာ သတို့သား(Ongoing)Where stories live. Discover now