Cha. 14

2.5K 207 22
                                    


စားပွဲပေါ်မှ တစ်တီတီ နိုးစက်သံကြောင့် ဒေါင်း အိပ်ရာမှ နိုးလာခဲ့သည်။ ဘေးနားက အချိန်ကို ကြည့်လိုက်တော့
မနက် 7နာရီခွဲပင်။
ဒီနေ့ ရုံးပိတ်ရက်ဖြစ်တာကြောင့် သူ အစောကြီးထစရာမလိုသော်လည်း ခက်ထန်ကို, ကိုလေဆိပ်ကို လိုက်ပို့ရမှာမို့ သူစောစော ထရပေလိမ့်မည်။

ခါတိုင်းလိုဆိုရင်တော့ သူလိုက်ပို့စရာမလိုပေ။
ပို့လည်း မပို့ချင်ပေ။
အန်တီက တကူးတကနဲ့ ပြောလာသောကြောင့်သာ သူမငြင်းနိုင်တော့ပဲ အားနာမူ့များစွာနဲ့ လိုက်ပို့ရခြင်းသာ။

"ဟင်း...အင်း"

ဒေါင်း အိပ်ရာထက်မှာ လက်ဆန့်ထုတ်လိုက်ကာ ပျင်းကြောဆန့်မိသည်။
ဖြူလွလွ မျက်နှာကျက်ကို ငေးမောနေရင်းနဲ့ အတွေးများက နယ်ချဲ့လို့နေ၏။
အခုပဲ အသက် 20ကျော်နေပြီ၊ လွန်ခဲ့တဲ့ နှစ်တွေက အကြောင်းများက သူ့မျက်၀န်းထဲ ယောင်ပြန်ဟတ်လာသည်။ အဖြူ၊ အစိမ်းနဲ့ ကျောင်းသားဘ၀။

တစ်ခါကဆိုရင် ဒေါင်း ရဲ့ စက်ဘီး ဘီးပေါက်သွားတဲ့အချိန်က သူ့မှာ ကျောင်းကို ဘယ်လို သွားရမလဲ ဆိုပြီး၊
ကျောင်းနောက်ကျတော့မယ် ဆိုတဲ့ အတွေးနဲ့ ထိုင်ပြီး ငိုခဲ့ဖူးသည်။ဖြစ်ချင်တော့ အဲ့ အချိန်က စာမေးပွဲ ဖြေတဲ့ရက်ကြီး၊ ပိုက်ဆံရှိတဲ့သူတစ်ယောက်ဖြစ်ပေမဲ့ ဒေါင်း နဲ့ ခက်ထန် က ကျောင်းကို ဟိတ်ဟန်တစ်ခွဲသားထုတ်ပြီး ကားကြီးနဲ့ မသွားပေ။
ကျောင်းသားဘ၀မှာ  အင်္ကျီအဖြူ၊ ပုဆိုးအစိမ်း၊ လွယ်အိတ်လေးစလွယ်သိုင်းလို့ စက်ဘီးကလေးစီးပြီး ကျောင်းတက်ခဲ့ရတဲ့ အရွယ်က  အခုတော့ ပြန်မရနိုင်တော့တဲ့ အချိန်ကာလတွေပင်။

အဲ့တုန်းက  ဖေဖေက ကားနဲ့လိုက်ပို့မယ်လို့ ပြောပေမဲ့ ဒေါင်းမှာတော့ ငြင်းဆန်နေခဲ့တယ်။ ‌ဒေါင်း နဲ့ ခက်ထန်ကိုက ငယ်ငယ်လေးကတည်းက မတည့်အတူနေ၊ မမြင်ချောင်းကြည့်ဆိုတဲ့ လူသားတွေ။
ဒေါင်း လာမှသာ ခက်ထန်ကလည်း ကျောင်းသွားတက်သည်။ နှစ်‌ယောက်သားရှေ့ဆင့်၊ နောက်ဆင့် သွားနေကျရင် အမြဲတမ်း ခက်ထန်က ခွန်းသူရကို ၀င်ပြီးခေါ်တက်သည်။ အဲ့အချိန်တည်းက ခွန်းသူရ ကို ဒေါင်းကြည့်လို့မရတာပင်။
သူ့လို လူမျိုးက ပေါင်းကြည့်စရာမလိုအောင်ကို ပျော့ပျော့နဲ့ နံတဲ့ ကြောင်ချီးမို့ အမြဲတမ်း သုံးယောက်သား မျက်နှာချင်းဆိုင်လိုက်ရင် စကားများတက်ကြသည်။

ကြင်ကြင်နာနာ သတို့သား(Ongoing)Where stories live. Discover now