Cha. 4

3.2K 273 14
                                    

အနားတောင်မရောက်သေးဘူး ဒေါင်း ရဲ့စကားသံကြားလိုက်ရတော့ ထိန်လင်း မှာ နည်း"တောင် ခပ်အန်းအန်းဖြစ်သွားရသည်။

ခါတိုင်းဆိုရင် ဒေါင်း မှာ ဒီလိုပြောဖို့နေနေသာသာ သူ့ဘာသာသူ နေတက်သလိုပဲ၊ ဘာမှဂရုမစိုက်သလို ပြုမူနေထိုင်တက်တဲ့သူမျိုးဖြစ်သည်။
ဒီလို အရူးစကားပြောသည်ဆိုကတည်းက ဒီလူ စိတ်အခြေအနေမကောင်းတာ ထိန်လင်း သိလိုက်ပြီဖြစ်သည်။ ပေါင်းလာတာက မနေ့တစ်နေ့ကမှ မဟုတ်တာ၊ ဒါကြောင့် ဒီလိုစကားမျိုးဟာ ထိန်လင်းတို့ အတွက် နှောကြေနေပေမဲ့လို့ ဘေးမှာပါလာတဲ့ သူ့အကို၀မ်းကွဲကိုတော့ အားနာမိတာ အမှန်ပေ။

ထိန်လင်းမှာ မခို့တရို့လေး သူ့အကို၀မ်းကွဲကို ကြည့်လိုက်ပေမဲ့ အကိုက ဘာမှ မဖြစ်သလို အမူအယာနဲ့ ဒေါင်းကို ကြည့်နေတာကို မြင်လိုက်ရသည်။
ခါတိုင်းဆိုရင် ဒီစကား‌မျိုးကြားလိုက်ရရင် သူ့အကို ၀မ်းကွဲမှာ သူ့ရဲ့ တက်မြောက်ထားတဲ့ ပညာတွေကို အသုံးပြုပြီး တစ်ဖက်လူကို ဘာမှမေးခွန်းမထုတ်နိုင်အောင်ကို ပညာသားပါပါ စကားလုံးတွေနဲ့ ပစ်လွှတ်လိုက်မှာပင်။
အခုအခြေအနေကတော့ အဲ့လို ဟုတ်မနေပေ။
သူက ပိုလို့တောင် သဘောကျနေသလိုမျိုး ထိန်လင်းခံစားရနေသည်။

ဒါနဲ့ပဲ တိတ်ဆိတ်ငြိမ်သက်လှတဲ့ လေထုကို ထိန်လင်းဖြိုခွင်းလိုက်သည်။

"အဟမ့်.."

"အကို၊ ဒါ ကျွန်တော့်သူငယ်ချင်း ဒေါင်းခဝါ "

‌"ဒေါင်း၊ ဒါ ငါ့အကို၀မ်းကွဲ အရင် တစ်ပတ်ကမှ ဂျပန်က ပြန်ရောက်လာတာ.." နာမည်က
"အာကာအင်္သချေ"

"အဟတ်"
နာမည်ကလည်း အထက်စီး ဆန်လိုက်တာ...

ဒေါင်းသည် ရင်ထဲကသာကြိတ်ပြောနေပြီး နူတ်ကတော့ ဖွင့်ဟ မလာခဲ့ပေ။

"အင်း၊ တွေ့ရတာ၀မ်းသာပါတယ် ဒေါင်း"

အင်္သချေက လက်တစ်ဖက်ကမ်းပေးလာသည်။
သို့ပေမဲ့လည်း ဒေါင်းကတော့ သူ့လက်ကို ထုတ်ဖို့တောင် ပျင်းရိနေတဲ့ပုံပေါ်သည်၊ "အတူတူပါပဲ" လို့တစ်ခွန်းသာပြောပြီး အအေးသာ ဆက်သောက်နေလိုက်သည်။

ကြင်ကြင်နာနာ သတို့သား(Ongoing)Where stories live. Discover now