Cha.18

3.1K 221 48
                                    

ဒေါင်း ကိုက်လိုက်တဲ့နေရာက စက်ဖျင်းဖျင်းနဲ့ နာကျင်လာတော့ ခက်ထန် မျက်မှောင်ကြုတ်မိ၏။
အင်မတန်မြန်ဆန်လွန်းလှတဲ့ နှလုံးခုန်သံတွေက စီးချက်ညီညီနဲ့ ဒုန်းဆိုင်းသလို ခုန်ပေါက်လို့နေ၏။
သူ့ရင်တွေက အင်မတန်ခုန်နေသည်။
အဓိက ကတော့ သူ့ရဲ့ နှလုံးသားလေးပေါ့။
လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်မှာ မထိသင့်တဲ့နေရာဟူ၍ရှိလေ၏။ ထိုအထိမခံနိုင်တဲ့ နေရာကို အနှီလူက သူ့၏ သွားစွယ်လေးတွေနဲ့ လာပြီးကိုက်ခဲနေလေရဲ့။
အသက်က 24ကျော်နေပြီ၊ သူ့ကိုသူ 5နှစ် သားလေးများထင်နေသလားမသိပေ။

"မင်း၊ ဒါ ဘာလုပ်နေတာလဲ ဒေါင်းခဝါ"

"ငါ ဘာလုပ်နေလဲဆိုတာ မင်းမသိဘူးလား"

"မင်းက လူတစ်ယောက်ရဲ့ခန္ဓာကိုယ် ကို ဒီလိုလက်လွှတ်စပယ် ကိုက်ခဲရအောင် မင်းက ခွေးလား"

"လွှတ်၊ ငါ့လက်ကို လွှတ်စမ်း"

ဒေါင်းလည်း မျက်နှာတည်၊ မျက်နှာထားနဲ့ ပြောလိုက်တော့ ခက်ထန်ရဲ့ အကြည့်တွေက ပိုလို့ ခက်ထန်လာသေးသည်။ အခုနက စိတ်ကောင်းလေး၀င်နေသေးတာ၊ အခုတော့ သူ့ရဲ့ စိတ်အခြေအနေ ဟိုး အောက်ဆုံးထိကို ကျဆင်းသွားခဲ့လေပြီ။

"မလွှတ်ဘူး.."
မလွှတ်တော့ မင်းက ဘာလုပ်ချင်လဲ..!!

ခက်ထန်က သူ့ရဲ့ပျက်ယွင်းနေတဲ့ စိတ်အခြေအနေကို မျက်နှာပေါ်မှာမပေါ်လွင်ရအောင် သူ့ခေါင်းကို အတက်နိုက်ဆုံးအပေါ်ကို ပင့်ပြီး ဒေါင်းခဝါနဲ့ အကြည့်ချင်းဆုံစေ၏။ သူ့ရဲ့ ပုံစံက ဆိုးသွမ်းမိုက်မဲလှတဲ့ လူငယ်တစ်ဦးလိုစိတ်အစဉ်က ကျားရိုင်းတစ်ကောင်လိုဖြစ်နေတော့၏။

"အဟတ်.."
မင်းက ငါ့အခန်းထဲလည်း လူမသိအောင် ၀င်လာသေးတယ်၊ ငါ့ကို လည်း ကိုယ်ထိလက်ရောက်ပြုမူနေသေးတယ်၊ အဟတ် ခက်ထန်ကို၊ ခက်ထန်ကို မင်းက အတော်ကို ရဲတင်းနေပါ့လား.."

"အော်.."
မင်းကရော လူကြီးတစ်ယောက်လို ပြုမူပြောဆိုနေရုံနဲ့ မင်းရဲ့ အကျင့်ဆိုးတွေကို ဖုံးကွယ်လို့ ရပြီထင်နေလား..!!

"ဘာပြောလိုက်တယ်"
ငါ့ရဲ့..အကျင့်‌ဆိုး၊ ပြောပြစမ်းပါအုံး ဟောဒီကောင်ရဲ့ လုံး၀လူမသိသေးတဲ့ အကျင့်ဆိုးလေးတွေကို..!!

ကြင်ကြင်နာနာ သတို့သား(Ongoing)Where stories live. Discover now