Cha. 20

3K 220 82
                                    

တန်ဆောင်းတိုင် ပွဲတော်ရက်က လပြည့်နေ့မရောက်ခင် တစ်ပတ်အလိုလောက်ကတည်းကကို လူတွေက စည်ကားနေတာဖြစ်သည်။
လဆန်း၁၃,၁၄ ရက်နေ့ဆိုရင် ပိုလို့တောင် လူတွေကြိတ်ကြိတ်တိုးပြီး လည်ပတ်ကြတာဖြစ်သည်။
လပြည့်တေ့မှာတော့ မြတ်စွယ်တော် လှည့်လည်တာမို့ ဖူးမြော်ချင်တဲ့ လူတွေအင်မတန်ကို များလှပေသည်။
ဖူးထိုက်တဲ့လူတွေကတော့ အနီးကပ်မြင်ခွင့်ရကြပြီး တစ်ချို့လူတွေကတော့ အဝေးကနေသာ ဖူးမြော်ကြရလေသည်။

ပြည်မြို တန်ဆောင်းတိုင် ပြည်စွယ်တော်ဆိုသည်မှာက ရှေးလူကြီးတွေပြောစကားအရ စွယ်တော်ကြီး၊စွယ်တော်လေး ဟူ၍ နှစ်ဆူရှ်ိသည်ဟုပင်။
မြတ်စွယ်တော်ကြီးက သုံးနှစ်မှ တစ်ကြိမ် ဖူးခွင့်ရတာဟူ၍လည်း ပြောကြ၏။

ပြည်မြို့ရဲ့ မြို့လယ်ခေါင်မှာရှိတဲ့ ဗိုလ်ချုပ်အောင်ဆန်း ရုပ်တုကလည်း ညခင်းရဲ့ မီးရောင်စုံတွေရဲ့ အလည်မှာ ရဲရဲဝံ့ဝံ့နဲ့ ထီး,ထီးကြီးတည်ရှိလို့နေ၏။
နောက်ပြီး ညဈေးတန်း ဆိုသည်မှာကလည်း စားသောက်ဖွယ်ရာ အစုံအလင်ကို ရောင်းချပေးနေတဲ့ ညဈေးတန်း၊ထို ညဈေးတန်းကလည်း ပြည်မြို့ကို ရောက်ရင် သွားလည်ပတ်သင့်တဲ့ နေရာတစ်ခုပင်။

တောဓလေ့ဟူ၍ မြန်မာ့ ရိုးရာမုန့်တွေကလည်း အလျံအပယ်ကို ပေါများလွန်းလှတဲ့ ဒေသဖြစ်သည်။
ကောက်ညှင်းနဲ့ ပြုလုပ်ထားတဲ့ မြန်မာရိုးရာမုန့်‌တွေအပြင်၊
မလိုင်၊ ကရေကရာ၊ အုန်းထန်းညှက်၊စတဲ့၊စတဲ့ သရေစာများကလည်း ထိုဒေသမှာ အလွန်ပေါများလှသည်။
ကရေကရာ ဆိုရင် တချို့လူတွေကပြောကြလိမ့်မယ်၊ ကရေကရာချင်းအတူတူပဲ အရသာကအတူတူပဲ မဟုတ်ဘူးလားလို့‌ပင်၊ သို့ပေမဲ့ ပြည်မြို့ရဲ့ အထင်ကရ ထွက်ရှိတဲ့ ဒေသထွက် မုန့်က ကရေကရာနဲ့ မလိုင်လုံး သာဖြစ်သည်။
အရသာကလည်း တစ်မူထူးခြားလှပေသည်။
ပြည်မြို့ကို လာရောက်လည်ပတ်တဲ့သူတွေသည် အိမ်ပြန်လက်ဆောင်အဖြစ် ထိုမုန့်ပဲသရေစာများကို အများအားဖြင့် ၀ယ်ယူသွားလေ့ရှ်ိကြသည်ပင်။

"ဒေါင်း မနက်ဖြန် ဘုရားသွားမှာလား"

ခက်ထန်က ကုတင်ပေါ်မှာ သူ့အင်္ကျီများကို ခေါက်နေတဲ့
ဒေါင်း ကို မေးလိုက်လေသည်။

ကြင်ကြင်နာနာ သတို့သား(Ongoing)Where stories live. Discover now