Cha. 22

2.4K 145 34
                                    

သူတို့မကြာခင်မှာပဲ ရွှေဘုံသာသို့‌ေရာက်ရှိပြီး အနီးနားက ဘုရားအတော်များများကိုလည်း ဖူးမြော်လိုက်ကြသေး
သည်။ အခုနက နံ၀ဒေးတံတားပေါ်မှာ ဖြစ်ခဲ့ကြတဲ့ နှစ်ဦးသားရဲ့ ချစ်ခြင်းတရားတွေကို တစ်ယောက်ပေါ်တစ်ယောက် ဖွင့်ဟ ၀န်ခံကြတော့ ဒေါင်းခဝါ သည် နည်းနည်းတော့ စိတ်လှုပ်ရှားမိတာတော့အမှန်ပေ။
လျှပ်တပြတ်ဖြစ်သွားတဲ့ အချိန်အတိုလေးအတွင်းမှာ မရပ်မနားတုန့်ပြန်နေတဲ့ နှလုံး ရင်ခုန်သံတွေက ဒီလူကို ချက်ခြင်း "ချစ်တယ်လို့" အ‌ေဖြပြန်‌ ပေးလိုက်ချင်ပေမဲ့ သူနှလုံးသားထဲမှာရှ်ိတဲ့ မသိစိတ်အနည်းငယ်က
"စဉ်းစားပါရစေအုံး" ဆိုတဲ့ စကားလုံးတစ်ရပ်ကို သူ့နူတ်ဖျားကနေ ထွက်အံကျလာခဲ့သည်။

နှလုံးသားကို အလိုလိုက်ပြီး ပြန်တုန့်ပြန်မူ့ပေးခဲ့လိုက်တဲ့ အနမ်းတစ်ပွင့်၊ ထိုအနမ်းသည် သူ့ရဲ့ ပထမဦးဆုံး အနမ်းဖြစ်ခဲ့သည်။ ချစ်ရသူရဲ့ နူတ်ခမ်းတစ်စုံပေါ် ကိုယ့်ရဲ့ အနမ်းတို့ သက်ဆင်းလေတော့ သူ့ဘက်က လိုလိုလားလားနဲ့ကို အရင်ဦးဆံုးအနမ်းခြွေခဲ့လေတော့ ဘယ်ဘက်ရင်အုံထဲကနေ ပုရွက်ဆိတ်တွေ အုံလိုင်၊ သင်းလိုက် ကိုက်ဖဲ့ ဝါးမြိုနေသလို ခပ်စူးစူးနာကြင်မူလေးနဲ့ အတူ ယားကျိ၊ ယားကျိ လေးဖြစ်နေပြန်ပါ၏။

"ဒေါင်း"

"‌ဒေါင်း"

"ဒေါင်း ရေ.."

ရွှေဘုံသာ ဘုရားရဲ့ ရင်ပြင်ပေါ်မှာ ခဏထိုင်နေရင်း စေတီရဲ့ စိန်ဖူးတော်ကို ကြည့်ရင်း ဒေါင်းငေးနေမိသည်။
သူ့ရင်ထဲမှာတော့ အတွေးစတစ်ချို့က ကိန်း၀ပ်နေလေတော့ မျက်နှာပေါ်မှာရှိတဲ့ အပြုံးတစ်ချို့ကိုတော့ ဖုံးကွယ်လို့ မရနိုင်ပေ။

"ဟေ့ကောင်၊ ဒေါင်းခဝါ.."

လူကိုပုခုံးကနေ ကိုင်လှုပ်လိုက်တဲ့သူကြောင့် ဒေါင်းခဝါ လန့်ဖြတ်သွားမိသည်။
မျက်လုံးအပြူးသားနဲ့ မော့ကြည့်လိုက်တော့ နေလုံးကို ကွယ်ထားတဲ့ လူတစ်ယောက်က သူရှေ့တည့်တည့်ရပ်နေလေသည်၊ နေပူဒဏ်ကြောင့် တစ်ဖက်လူရဲ့ မျက်နှာကို သေချာကြည့်ယူလိူက်ရ၏။

"ဘာလဲ၊ ဖြည်းဖြည်းခေါ်ပါကွ.."

"ကိုယ် မင်းကို ခေါ်နေတာကြာလှနေပြီ၊ မင်း မကြားတာလေကွာ.."

You've reached the end of published parts.

⏰ Last updated: Oct 29, 2023 ⏰

Add this story to your Library to get notified about new parts!

ကြင်ကြင်နာနာ သတို့သား(Ongoing)Where stories live. Discover now