Cha. 8

2.5K 206 12
                                    

ညနေ နေ၀င်ချိန်ဆည်းဆာက ခါတိုင်းရက်တွေထက်ပင် ပိုစောပြီး အလင်းရောင်ကို ဖုံးလွမ်းကာ အမှောင်ယံတွေကပဲ ကြီးစိုးလို့နေသလားပဲ။

မိုးရာသီချိန်ခါက နေ့တာရှည်ပြီး ညတာကတိုလွန်းတယ်ဟူ၍ လူကြီးတွေပြောတာကြားဖူးခဲ့သည်။
အခုအချိန်က ထိုနေ့တာရှည်မူ့ကိုပင် မသက်ရောက်လေတော့။ ဘာလို့ဆို မိုးတွေသည်းထန်စွာရွာနေပြီး လျှပ်စီးများက ပြိုးပြိုးပြက်ပြက်နဲ့ မုတ်သုန်လေခပ်ပြင်းပြင်းက
ရင်ထဲ‌ ရောက်ရှ်ိလောက်အောင်ကို အေးစက်စက် အ‌ေငွ့အသက်ကို ပေးစွမ်းနေ၏။

ခက်ထန်ကို ဒီနေ့မနက်ခင်းမှာ စင်ကာပူက ပါတနာတွေနဲ့တွေ့ဆုံတော့ လုပ်ငန်းစဉ်ပရောဂျက်အကြောင်းကို ဆွေးနွေးခဲ့ကြ၏။
ထို ပါတနာများနဲ့ ဆွေးနွေးနေကြတဲ့ အခိုက်မှာ မထင်မှတ်ပဲ အမည်မသိဖုန်းနံပတ်စိမ်းတစ်ခုက ၀င်ရောက်လာ၏။

ခက်ထန်ကို သည် အရေးကြီးတဲ့ ဧည့်သည်တွေနဲ့ စကားပြောဆိုနေခိုက်တွင် ဘယ်ဖုန်းလာလာ ကိုင်လေ့မရှိပဲ အသံပိတ်လို့သာ ထားတက်သည်။
ဘာလို့ဆို သူ ကုမ္ပဏီကိစ္စနဲ့ လုပ်ငန်းပါတနာတွေနဲ့ တွေ့ဆုံနေကြတဲ့ အချိန်မှာ တစ်ဖက်လူအတွက် အနှောင့်အယှက် တစ်စုံတစ်ရာ ဖြစ်သွားခဲ့မှာကို မလိုလားပေ။
အဲ့လိုအကြောင်းကိစ္စမျိုးလည်း မရှိစေပေ။

ဒါပေမဲ့ တစ်ဖက်က ဖုန်းခေါ်သူက ဇွဲကောင်းလွန်းတယ်လို့ပြောရမည်။
အကြိမ်ရေကို မရေတွက်နိုင်အောင်ကို ခေါ်ဆိုနေတာပင်။
နောက်ဆုံးတော့ သူကပဲ စိတ်ကို လျော့လိုက်ရကာ လက်ခံသူနေရာကိုနိုပ်လိုက်တော့ တစ်ဖက်က ဖုန်းခေါ်ဆိုသူက အမောတကောနဲ့ကို သူ့ကိုစကားတစ်ခွန်းပြောလာ၏။

"သူ ပြဿနာတက်နေပြီ ဟူ၍ပင်"

အသံကိုသေချာကို နားထောင်လိုက်တော့မှ ဦးမောင်မောင် ဖြစ်နေတာပင်။
ဦးမောင်မောင်သည် ပွဲစားတစ်ဦးဖြစ်သည်။
ပွဲစားဆိုတဲ့ အတိုင်း နာမည်နဲ့ လိုက်အောင်ကို ရောင်းလို့၊ ၀ယ်လို့ရတဲ့ အလုပ်မှန်သမျှ သူလုပ်သည်။
အိမ်ခြံမြေအကျိုးဆောင်၊ မြေကွက်တွေ၀ယ်ချင်တယ်‌ဆိုပါက သူ့ကို ဆက်သွယ်ပြီး အကူအညီတောင်းရင် ချက်ချင်းကို လုပ်ဆောင်ပေးတက်တဲ့ လူတစ်ဦးပင်။
စိတ်သဘောထား အင်မတန်ကောင်းမွန်ပြီး ကူညီချင်တဲ့ စိတ်တို့က သူ့နှလုံးသားထဲမှာနေရာယူလို့ထားကာဘယ်နေရာမှာပဲဖြစ်ဖြစ် စေတနာအပြည့်ဖြင့် ကူညီပေးတက်တဲ့ လူပင်"

ကြင်ကြင်နာနာ သတို့သား(Ongoing)Where stories live. Discover now