Cha. 13

2.8K 208 22
                                    

"သား "
ညစာ စားခဲ့ပြီလား..
မေမေ ပြင်ထားလိုက်ရမလား?

ခြံထဲမှာ  ကားစက်ရပ်သံကြားတာနဲ့ ဒေါ်နုဝါလည်း ထွက်၍ကြိုမိသည်။
မူန်ကုပ်ကုပ်ဖြစ်နေတဲ့ သားမျက်နှာကိုကြည့်ပြီး သူမသက်ပြင်းချမိသည်။
ဒီနေ့က သူမရဲ့သားဖြစ်သူက တစ်ခြားကုမ္ပဏီတစ်ခုမှာ ကူညီပြီး တာ၀န်ယူပေးရမယ်လို့ ဖေကြီးဖြစ်သူကပြောတော့ ဒီလုပ်ငန်းတွေနဲ့ အသားမကျသေးတဲ့ သားအတွက် သူမစိတ်ပူမိသည်။
သို့ပေမဲ့လည်း သားရဲ့ သူဌေးက ခက်ထန်လို့ သိလိုက်ရတဲ့ အချိန်မှာဝောာ့ သူမ၀မ်းသာအားရဖြစ်လို့ သွား၏။
ဒါဆိုရင် အထူးတလည် စိတ်ပူစရာမလိုပါဘူး ဆိုတဲ့ အတွေးနဲ့ပင်။

အခု ဒေါင်းရဲ့ မျက်နှာကို မြင်လိုက်ရတော့ သူမမှာ စိတ်မပူချင်ပေမဲ့လည်း သက်ပြင်း အနည်းငယ်တော့ ချမိတာအမှန်ပင်။

"မင်းမျက်နှာ မကောင်းပါလား၊ တစ်ခုခု ဖြစ်လာလို့လား"

"မဟုတ်ပါဘူး"
သား နည်းနည်း ပင်ပန်းလာရုံပါ..!!

"အွန်း..အွန်း"
ဒါဆိုရင် အပေါ်တက်ရေအရင်ချိုးလိုက်၊ မေမေ ထမင်းခူးထားပေးမယ်..!!

"ရတယ်၊ ရတယ် မေမေ"
သား အပြင်မှာ စားလာခဲ့ပြီ၊ မေမေ သွားအိပ်တော့လေ သားလည်း အပေါ်တက် အနားယူတော့မယ်..!!

"ဟုတ်ပြီ၊ ဒါဆိုရင်လည်း မေမေ အိပ်ရာ၀င်တော့မယ်၊ သားလည်း နားတော့..."

"ဟုတ်..."

ဒေါ်နုဝါက သူ့သားကို သေချာအကဲခတ်လို့နေကာ အတော်

ကြာမှ အထဲသို့ ၀င်သွားလိုက်တော့၏။

ဒေါင်းမှာ ခြံတံခါးတွေ အကုန်ပိတ်ပြီးတော့ အခန်းထဲ၀င်ရေချိုးရန်ပြင်လိုက်လေသည်။
ခဏလောက်ကြာ အိပ်ရာပေါ်မှာ ငူငူကြီးထိုင်လို့နေကာ စိတ်အာရုံများ ပြယ်လွင့်လို့နေ၏။

လွန်ခဲ့တဲ့ 1နာရီလောက်ခန့်ကပင်....

"ခက်ထန် ငါမင်းကို လိုက်ရှာနေတာ၊ လက်စသတ်တော့ မင်းကဒီကို ရောက်နေတာပဲ..."

ခက်ထန်ရော၊ ဒေါင်းပါ လှည့်ကြည့်လိုက်တော့ ခွန်းသူရက သူတို့နောက်ကျောဘက်မှာ ရပ်နေတာပင်။

ကြင်ကြင်နာနာ သတို့သား(Ongoing)Where stories live. Discover now