Cha. 9

2.6K 221 10
                                    

မိုးရွာနူန်းက အခုဏလောက်တော့ သည်းကြီးမည်းကြီး မရွာတော့ပေမဲ့ ခပ်ပြေပြေ မိုးရေစက်ကလေးတွေကတော့ မြေပြင်ထက် သက်ဆင်းလျက်ရှိကြသည်။

ခက်ထန်ကိုသည် ဖုန်းကို စဖွင့်လိုက်တာနဲ့ ဖုန်းခေါ်ဆိုထားသည့် မက်ဆေ့တွေက တစ်စောင်ပြီးတစ်စောင်၀င်လာ၏။
ဒီနေ့ သူ့ဖုန်းက လုံး၀ကိုဆက်သွယ်လို့ရမှာမဟုတ်တာ သူသိသည်။ ဘာလိုဆို ဘက်ထရီကုန်သွားတာကြောင့်ပင်။
သူ ဒေါင်းကို ပထမဆက်သွယ်ကြည့်သေးသည်။
ဒါပေမဲ့ မိုးတွေအရမ်းသည်းမူ့ကြောင့်ပဲလားတော့ မသိ၊ ဒေါင်းရဲ့ဖုန်းကဆက်သွယ်မူ့ ပြင်ပရောက်နေတာဖြစ်သည်။
ဘယ်လိုမှ ခေါ်ဆိုလို့ ရမနေခဲ့ပေ။
နောက်ဆုံးတော့ ခက်ထန်ရဲ့ဖုန်းကပါ အားကုန်သွားတာကြောင့် အခုလို ဆက်သွယ်လို့ရတာ အဆိုးထဲက အကောင်းလို့ပြောရမည်။

ကပြာကယာနဲ့ ကားသော့ကိုဆွဲပြီး မြန်မြန်ဆန်ဆန်ထွက်လာမူ့ကြောင့် သူ့ရဲ့ ပုံပန်းအသွင်က ဘယ်လိုဘယ်ပုံပေါက်နေလည်းဆိုတာလည်း သတိမထားမိတော့ပေ။

ဒေါင်း ‌ပြောတဲ့ ***လမ်းကိုရောက်တော့ ဘေးဘီကို ဝဲကြည့်မိသည်။
လူဆိုလို့ တစ်ယောက်မှ မမြင်မိ။  မိုးရွာထားလို့လားမသိ
အတော်လေးကို ဆိတ်ငြိမ်လှ၏။

ခက်ထန်သည် ဒေါင်းကို တစ်ဖန်ဖုန်းခေါ်ဆိုလိုက်သည်။

"ဟေ့ကောင်၊ မင်း ဘယ်နားမှာလဲ"
ငါမင်းပြောတဲ့နေရာကိုရောက်ပြီ၊ ဒါပေမဲ့ ကားတစ်စီးတောင် မတွေ့မိဘူး..!!

" ငါက ..အခု..ငါကားရပ်ထားတဲ့နေရာက..."

ဒေါင်းခဝါက စကားကို ခေတ္တခဏရပ်လိုက်ပြီး သူ့ကားရပ်နားထားတဲ့နေရာ အနေအထားကို တစ်ချက်အကဲခတ်လိုက်သည်။

မတော်မဆသူ့ကား၀င်တိုက်မိတဲ့ ဓာတ်တိုင်က လမ်းဘေးကို နည်းနည်းကျတဲ့ ဓာတ်တိုင်တစ်ခုပင်။
အဝေးပြေးလမ်းကြီးပေါ်ကနေချော်ထွက်သွားပြီး အနီးနားက လမ်းကျဉ်လေးထဲကို ကားက ၀င်အောင်းပြီးချော်ထွက်သွားတာပင်။
လမ်းလေးက ကုန်းဆင်းလမ်းလေး၊ သိပ်ပြီမကျယ်၀န်းလှပေမဲ့ ကားတစ်စီးစာလောက်တော့ ၀င်လို့ရသည်။
အမှောင်ထုထဲမှာ လမ်းလေးက သစ်ပင်ရိပ်တွေနဲ့ဆိုတော့  အနည်းငယ် အုံ့ဆိုင်းနေသည်။

ကြင်ကြင်နာနာ သတို့သား(Ongoing)Where stories live. Discover now