Cha. 21

3.9K 220 68
                                    

ဒီနေ့ ပွဲတော်နေ့ကို လျှောက်လည်ပြီးမှပဲ ရန်ကုန်သို့ ပြန်ရန် ခက်ထန် တို့နှစ်ယောက်သားတိုင်ပင်ထားကြသည်။
ဘုရားပွဲတော်နေ့မို့ နှစ်ယောက်သားမှာ မြန်မာဆန်ဆန် ယောပုဆိုးနဲ့ အင်္ကျီလည်ဂတုံးလေးပဲ ၀တ်ဆင်မှာမို့၊ အခန်းထဲက သူများအ၀တ်အစားတွေလည်း မထိချင်တာနဲ့ 
သူတို့ကို အခန်းလိုက်ပို့တဲ့ ကောင်လေးကိုပဲ သူတို့အတွက် အ၀တ်အစားကို စီစဉ်ပေးဖို့ပဲ တောင်းဆိုလိုက်ကြသည်။

ထိုကောင်လေးကလည်းအလွန်ကိုသဘောကောင်းတဲ့ လူငယ်လေးပင်။
အကိုတို့ လိုအပ်တာမှန်သမျှကို အားမနာတမ်းပြောပါဆိုပြီး လှိုက်လှိုက်လှဲလှဲတောင် ပြောလာခဲ့တာကြောင့် အ၀တ်အစားသာမက ဖိနပ်တို့ကိုပါ ၀ယ်ပေးပါရန်တောင်းဆိုလိုက်ရတော့သည်။

မနက်၈နာရီထိုးတော့ ခက်ထန်နဲ့ ဒေါင်းမှာ လျှောက်လည်ရန်အဆင်သင့် ဖြစ်နေပြီပင်။
ဒါပေမဲ့ ထိုကောင်လေးက ရောက်မလာသေးတာကြောင့်
မနက်စာ စားပြီးတော့ သူတို့ ခြံထဲက ပန်းခြံထဲကို ခဏလျှောက်ကြည့်လိုက်သေးသည်။

"အကို..အကိုတို့"

ထိုကောင်ငယ်လေးက ခြံ၀ကနေပြီး ဒေါင်းကို လှမ်းမြင်တာနဲ့ အရင်ဦးဆုံးခေါ်လိုက်သည်။

"ဪ၊ မင်း ရောက်လာပြီပဲ.."

"ဟုတ်တယ်၊ ကျွန်တော် နည်းနည်းနောက်ကျသွားတယ်မဟုတ်လား၊ မြို့ထဲမှာကပွဲတော်ရက်ဆိုတော့ လူတွေ ပြည့်ကျပ်သိပ်နေတာ မနည်းတိုးလာရတယ်.."

"အယ်၊ မင်းကို ဒုက္ခများစေခဲ့ပြီ.."

ဒေါင်းကပြောလိုက်တာ ထိုကောင်လေးကပဲ မဟုတ်တာအကိုရာ ဆိုပြီး အပြုံးချိုချိုလေးတွေနဲ့ ပြောလာခဲ့သေးသည်။

"ရော့၊ အကိုတို့အတွက်၊ လမ်းမတော်ဘက်က ဆိုင်ကပဲ ကျွန်တော်၀ယ်လာလိုက်တယ်.."

အိတ်ကြီးအိတ်ငယ်များကို ဒေါင်းကို ထိုးပေးလာတာကြောင့် ဒေါင်းမှာ လှမ်းယူပြီးငုံ့ကြည့်လိုက်လေသည်။

"ဟင်.."
အင်္ကျီတွေက ဆင်တူတွေလား..?

"ဟုတ်တယ်လေ၊ ဟို အကိုတစ်ယောက်က ဆင်တူတွေ၀ယ်ခဲ့ပေးပါဆိုလို့ ဖိနပ်လည်း ဆင်တူ၀ယ်ခဲ့လိုက်တယ်၊ဆိုဒ်ကလည်း ကွက်တိမကျမှာစိတ်မပူနဲ့အကို၊ ဟိုအကိုကပဲ နံပတ်ဆိုဒ်တွေ ပြောပြလို့ ကျွန်တော့ နံပတ်သေချာရွေးပြီး ၀ယ်လာခဲ့တယ်.."

ကြင်ကြင်နာနာ သတို့သား(Ongoing)Where stories live. Discover now