Cha. 12

2.6K 189 18
                                    

မီးဖိုချောင်ထဲမှာ ချက်ပြုတ်၊လုပ်ကိုင်ပြီးတာနဲ့ စောယု နာရီကိုလှမ်းကြည့်မိသည်။
ကိုဥက္က က ဒီနေ့အိမ်ပြန်နောက်ကျမယ်လို့ ပြောတာကြောင့် သူမရဲ့ဆိုင်ကို ခါတိုင်းထက် စောပြီးပိတ်ကာ အိမ်သို့စောစောပြန်လာခဲ့သည်။

ခါတိုင်းဆိုရင် ကိုဥက္ကာက ညနေငါးနာရီဆိုပြန်လာနေကျပင်၊ မနက်ဖြန် လေလံပွဲရှိတာနဲ့ သူလည်းမနားရပေ။
အချိန်ပြည့် အိမ်နဲ့ အလုပ်၊ အလုပ်နဲ့ အိမ် ပဲပြေးလွှားနေခဲ့ရသည်။
ဒီနေ့တော့ သူ့ကြိုက်တက်တဲ့ ငါးသလဲထိုး‌‌ လေးတွေကို ငရုပ်သီး နဲ့ အိုးကပ်လေးချက်ပြီး ချဉ်ပေါင်း ချဥ်ရည်ဟင်းလေး နဲ့ အခြား အရံဟင်း သုံးလေးမျိုးတို့ကို ချက်ပြုတ်လို့ထားသည်။

ထိုအချိန်မှာ တစ်လမှာ တစ်ခါတောင် ခေါ်ဆိုလေ့မရှိတဲ့ ဖုန်းနံပတ်က ဒီနေ့တော့ သူမရဲ့ဖုန်းသို့ မျက်စိလည် လမ်းမှားလာခဲ့ပြီထင်သည်။

ခေါ်ဆိုသူနေရာကိုကြည့်လိုက်တော့ သူမရဲ့ တစ်ဦးတည်းသောမောင်လေး "ဒေါင်းခဝါ"ပင်။

"ဟဲလို.."

"မမလား.."

"ဟုတ်တယ်"
အံမယ်..ဖုန်း‌ေတွမဆက်သဖူး၊ ဆက်လို့ပါလား..!!

အရင်လက သူ့အိမ်မှာညအိပ်သွားပြီးကတည်းက ဒေါင်းခဝါတို့ပျောက်ချက်သားကောင်းလိုက်တာ အခုမှ ပြန်ပေါ်လို့လာတာဖြစ်သည်။

"မမ..နင့် ကို ငါ အကူအညီတောင်းနေချင်လို့"

ဒေါင်းက စိတ်ရူပ်နေတဲ့လေသံဖြင့် ပြောလိုက်လေသည်။

"ကဲ..ဘာဇယားတွေရူပ်ထားပြန်ပြီလဲ၊ ဒီကလေး"

"ဘာဇယားမှမရူပ်ထားပါဘူး"
ငါ အခု ခက်ထန်ကို ရဲ့ ‌အထွေထွေ မန်နေဂျာ အဖြစ်လုပ်နေရတယ်၊ မမ နင် သိပြီးပြီမို့လား..!!

"အင်း၊ သိပြီးပြီ"
ဟိုနေ့က မေမေ ဖုန်းဆက်လို့ အဲ့အကြောင်းကိုသိလိုက်ရတာ..!!

"အခုဟာ၊ ဒီနေ့ပဲ အလုပ်ဆင်းတယ်၊ အဲ့ကောင်က ငါ့ကို Dinner လုပ်ပေးဖို့အတွက် ငါ့ကိုစီစဉ်ခိုင်းထားတယ်.."

"အဲ့တော့၊ ကျွန်မက ဘာကိုကူညီရမှာလဲ ဟားး ဟားး"

"မမ နင် မရီနဲ့ဟာ.."

ကြင်ကြင်နာနာ သတို့သား(Ongoing)Where stories live. Discover now