Cha. 6

2.8K 234 16
                                    

လက်က ဒဏ်ရာက သိပ်မများပေမဲ့ အနည်းအပါးတော့ နာကျင်မူ့ဝေဒနာကိုတော့ ခံစားမိနေသည်။
ကိုယ့်မာနကြောင့်သာ ဒင်း ကို ပြောလွှတ်လိုက်မိတာ
ဒဏ်ရာ ရသွားတာက ဘယ်လက်ဖြစ်တာကြောင့် ဘယိလိုမှ ကိုင်ရတွယ်ရလို့ မလွယ်ကူပေ။

ဒေါင်းခဝါမှာ မအားတဲ့ လက်တစ်ဖက်နဲ့ပဲ ဖြစ်သလိုပဲ ပတ်တီးစီးထားလိုက်သည်။

ဗိုက်ကလည်း အတော်ဆာနေတာပင်။
လူကြီးတွေကို အားနာလို့သာ စကားပလ္လင်ခံပြီး မူနေမိတာ မီးဖိုချောင်က ကိုယ်နဲ့ ရင်းနှီးနေတာမို့ ဘယ်နေရာမှာ ဘာရှိလဲကစ အကုန်သိနေတာကြောင့် ကိုယ့်ဖာသာပဲ တစ်ယောက်တည်း အကြိုက်စားနေလိုက်သည်။

" ဘာလိုအပ်သေးလဲ၊ စားရတာ အဆင်ပြေလား"

နောက်ကရောက်လာတဲ့လူရဲ့ အသံကြောင့် ဒေါင်းမှာ စားနေတာကိုတောင် ရပ်လိုက်မိသည်။
သူအကြိုက်စားမယ်ဆိုပြီး ပလုတ်ပလောင်းနဲ့ အိ‌ဒ္ဒြေတောင် မဆည်တော့ပဲ အပီပြင်ကို စားနေတာမှ ဒီ အကောင်စုတ်က ရောက်ချလာတာပင်။

သူရောက်လာတာ ဘာမှ မဖြစ်ပေမဲ့လို့ စားနေရတဲ့သူက အမ်းမိတာတော့အမှန်ပင်။
ဒီနေ့မှ ဘာဖြစ်နေတာလဲဆိုတာ ဒေါင်းခဝါလည်းမသိ၊ ခါတိုင်းဆိုရင် ကိုယ့်ဖာသာကိုယ်နေတက်တဲ့ လူက၊ ဒေါင်းခဝါကို စကားတစ်ခွန်းပြောဖို့တောင် ၀န်လေးတက်တဲ့ လူကလေ ဒီနေ့ကြမှပဲ စကားတွေလည်း လာပြောနေတယ်။
မီးဖိုချောင်ထဲလည်း ခဏ၊ခဏ ၀င်ထွက်လို့နေတယ်။

ဒေါင်းခဝါ စိတ်ထဲ ထင်နေလို့ပဲလားမသိ၊ ဒါမှမဟုတ် သူ့ရဲ့ အပြုအမူတိုင်းကိုလိုက်ပြီး သတိထားနေလို့ပဲလားတော့မသိပေ၊ ဒီနေ့ ခက်ထန်ကို စိတ်ကြည်လင်နေတဲ့ပုံပေါ်သည်။
ဘာလို့ဆို သူ့ကို ချိုသာတဲ့ အပြောလေးတွေနဲ့၊ ကြည်လင်အေးချမ်းနေတဲ့ မျက်နှာဘေးနဲ့ သူ့အပေါ်ဆက်ဆံနေလို့ပင်။

"ရော့၊ ဒီမှာ ရေ သောက်လိုက်ဦး၊ လည်ပင်းနင်နေဦးမယ် ဖြည်းဖြည်းစား၊ ဒီဟင်းတွေက မင်းတစ်ယောက်တည်းအတွက်ပဲ မာမီက ချက်ထားတာ၊ နောက်ကနေ ဘယ်သူ့မှ လုမစားဘူး"

"အဟွတ်၊ အဟွတ်"

ဒေါင်းခဝါမှာ စားနေတဲ့တန်းလန်းကြီး သူ့စကားကိုကြားလိုက်တာကြောင့် မြိုမကျနိုင်တော့ပဲ ချောင်းနှသ်ချက်တောင် ဆိုးလိုက်ရသည်၊ တော်သေးသည် မသီးတာကိုပဲ။

ကြင်ကြင်နာနာ သတို့သား(Ongoing)Where stories live. Discover now