Cha. 2

3.7K 212 5
                                    

ခက်ထန်ကို ဖုန်းပြောနေတော့ ဒေါင်းလည်း မကြားတစ်ချက်၊ ကြားတစ်ချက်နဲ့ ဖုန်းတစ်ခြားတစ်ဖက်က လူရဲ့အသံကို ကြားနေရသည်။
ထိုလူက ခက်ထန်ကို တို့ဆီကို လာနေပြီး၊ မကြာခင်ရောက်တော့မှာဆိုပြီးပြန်ဖြေနေကာ ငခက် ဘာစားချင်တာရှိလဲ၊ ဘာ၀ယ်ခဲ့ရမလဲဆိုတာကို မေးနေတာဖြစ်သည်။

ငခက်ကတော့ ဘာမှမ၀ယ်လာခဲ့ဖို့နဲ့၊ ကားကို ဂရုတစိုက်မောင်းရန်သာပြောပြီး ဖုန်းချသွားသည်။

ဒေါင်းခဝါ ကတော့ ဘာမှမပြောင်းလဲပဲ သူရောက်ရောက်ချင်းထိုင်တဲ့ နေရာမှာပဲထိုင်နေပြီး သူ့ဖုန်းကိုကြည့်နေသည်။

ခက်ထန်ကို ကတော့ ဝိတ်တာကောင်လေး လာချပေးတဲ့ ဒိုမီနို ‌လက်တစ်ဖက်က ကိုင်ရင်းသောက်နေကာ လက်ထဲက ဖုန်းဆီကနေလည်း  အကြည့်မရွှေ့ပေ။

အခန်းထဲက လေထုကတော့ အလွန်တိတ်ဆိတ်နေလို့နေသည်။

‌နောက်မိနစ် 20လောက်ကြာတော့ ခွန်းသူရ လည်း ရောက်ချလာသည်။

"ခက်ထန် မင်း စောင့်နေတာကြာပြီလား"
ငါ..ကားလမ်းတွေကြပ်နေလို့ နည်း"နောက်ကျသွားတယ်..

"မကြာသေးပါဘူး..မင်းရှေ့လေးတင်ရောက်တာပဲ"

"အွန်း"
ဒါဆိုရင် သွားကြရအောင်လေ..!!

အော်..ဒေါင်းလည်းရောက်နေတာပဲ..!!
ငါ...အလောတကြီးနဲ့ မင်းကို သတိမထားမိလိုက်ဘူး။

ခွန်းသူရ က အခန်းထဲကို ၀င်လာလာချင်း ခက်ထန်ကို ကိုပဲ အရင်မြင်လိုက်တာကြောင့် ထိုသို့မေးလိုက်တာပင်။
ဒေါင်းခဝါ ထိုင်နေတဲ့နေရာက ထောင့်ဘက်ကျတာကြောင့် သူရှိနေတာကို  သတိမထားမိလိုက်ပေ။

"အင်း"
ဖြစ်တက်ပါတယ်..!!

ဒေါင်း သည် နူတ်က ထိုစကားလုံးတစ်ချို့သာ ပြောပြီး
သူ့အကြည့်ကိုတော့ ဖုန်းဆီကနေ မရွှေ့ပေ။

ခွန်းသူရ နဲ့ ဒေါင်းက နဂိုကတည်းက  ဆက်ဆံရေး သိပ်ကောင်းတဲ့ အထဲမှာ မပါပေ။
ခွန်းသူရ ရဲ့ မိဘတွေက အရမ်း မောက်မာခက်ထန်သည်။
ဘာကြောင့်မှန်းတော့ မသိ၊ ဒေါင်း စိတ်ထင်နေလို့ပဲလားတော့ မသိပေ။
သူ့မိဘတွေက ငခက် အပေါ်မှာဆို အမြင်တစ်မျိုး၊ ဒေါင်း အပေါ်မှာဆိုရင် အမြင်တစ်မျိုးနဲ့ ဆက်ဆံမူ့တွေကြောင့် ဒေါင်းက ဒီလိုအနေအထားမျိုးကို သိပ်သဘောမကျသောကြောင့် ခပ်တန်းတန်းသာ နေတော့တာဖြစ်သည်။
ဒါကြောင့်မို့ ခွန်းသူရ နဲ့ ဒေါင်းနဲ့ကလည်း အရမ်းကြီး ခင်မင်ရင်းနှီးလှတဲ့ သူတွေထဲမှာ မပါ၀င်ခဲ့ပေ။

ကြင်ကြင်နာနာ သတို့သား(Ongoing)Where stories live. Discover now