Cha. 10

3K 200 25
                                    


အချိန်က ည 1 နာရီခန့်ပင်။

ခက်ထန်သည် ခုချိန်ထိမအိပ်ရသေးပေ။ စာတမ်းကိစ္စတွေနဲ့ ပတ်သတ်ပြီး လစ်ဟာနေတဲ့နေရာ‌တဲ့နေရာတွေ တော်တော်များများကို ရှာတွေ့လိုက်သည်။

ကုမ္ပဏီဘက်က ငွေကြေးနစ်နာမူ့တွေသာမက လိမ်လည်မူ့ဖြင့်လည်းကောင်း၊ ငွေကြေးယိုယွင်းမူ့များအားဖြင့်လည်းကောင်း လှည့်ဖျားထားတဲ့ စာရင်းတစ်ချို့ကိုပါရှာတွေ့လိုက်သည်။

နဂိုကတည်းက ကုမ္ပဏီ‌ ငွေကြေးလည်ပတ်မူ့က ပုံမှန်မဟုတ်ပေ၊ ကုန်ကျစရိတ်တွေရဲ့ ပမာဏအားဖြင့်  ၀င်ငွေထက် ထွက်ငွေက ပိုများနေသည်။
တစ်လချင်းစီရဲ့ လချုပ်စာရင်းတွေကို ပြန်စစ်ကြည့်တော့လည်း ထိုနည်း အတိုင်းပင်။
တစ်လနဲ့ တစ်လရဲ့ ထွက်ငွေက ပုံမှန်ထက် နှစ်ဆလောက်မြင့်တက်နေသည်။
စာရင်း တွေ တစ်ခုပြီးတစ်ခု လိုက်စစ်ပြီးတော့ နောက်ဆုံး အဓိက အချက်ကိုရှာတွေ့လိုက်သည်။

ဒီ ငွေကြေးပိုင်းကို တာ၀န်ယူထားတာက ဒယ်ဒီရဲ့ တူဖြစ်တဲ့ ကိုကျော်စွာပင်။
ကိုကျော်စွာက ဒယ်ဒီရဲ့ လက်ထောက်အဖြစ် အလုပ်စ၀င်တုန်းက တာ၀န်ယူထားတဲ့သူပင်။
ဒယ်ဒီရဲ့ ညာလက်ရုံးလို့လည်း ဆိုလည်းမမှားပေ။
နောက်တော့ ခက်ထန်ကို က ဥက္ကဌရဲ့ သားတစ်ယောက်အနေနဲ့ တစ်နည်းအားဖြင့် ကုမ္ပဏီကို လက်လွှဲယူမဲ့ ဒုဥက္ကဌအနေနဲ့ လက်လွှဲယူလိုက်တဲ့ အချိန်မှာ ဦးကျော်စွာက  ဒယ်ဒီ့ရဲ့ လက်ထောက်အနေနဲ့ ဆက်လက်မလုပ်ခိုင်းတော့ပဲ ငွေကြေးစီမံခန့်ခွဲရေးပိုင်းကို တာ၀န်ပေးလိုက်သည်။

ပထမမှာစာရင်းဇယားတွေမှာတုန်းက အဆင်ပြေသေးတယ်လို့ပြောရမည်။ ထွက်ငွေ၊ ၀င်ငွေက ဒီလောက်ကြီးကြီးမားမား ကွာဟ မနေပေ။
ကိုကျော်စွာရောက်လာတဲ့ ပထမလမှာအဆင်ပြေသေးသည်။ နောက်လတွေရဲ့ ဇယားတွေကို စစ်ကြည့်လိုက်တဲ့အချိန်မှာပဲ သိသ်ိသာသာကိုပြောင်းလဲလို့နေတာပင်။
ဒါ သွေးရိုးသားရိုး လုံး၀မဖြစ်နိုင်ပေ။

ခက်ထန်ကို အတော်ကြာတဲ့အထိနေ,နေတာကြောင့် မျက်လုံးတွေက ရီဝေစပြုလာသည်။
အချိန်ကိုကြည့်လိုက်တော့ မနက်2နာရီခွဲတောင်ရှ်ိလို့နေကာ အတော်လေးကို နောက်ကျသွားတာပင်။

ကြင်ကြင်နာနာ သတို့သား(Ongoing)Where stories live. Discover now