Cha. 11

2.5K 205 19
                                    

" ဖေဖေ အဲ့လိုလုပ်လိုက်တော့ သားက ဒီဘက်မှာ တာ၀န်ယူထားတဲ့ ပရောဂျက် ကိစ္စက ဘယ်လိုလုပ်ရမှာလဲ၊ သားကိုလည်း က်ြိုမပြောထားဘူး"

ဧည့်ခန်းမှာ မိသားစုသုံးယောက်သားထိုင်ပြီးစကားပြော‌ေိကျသည်။ ဒေါ်နုဝါက အလယ်ကနေပြီး သားဖြစ်သူရဲ့ မျက်နှာကို တစ်လှည့်၊ ဖေကြီးဖြစ်သူရဲ့ မျက်နှာကို တစ်လှည့်ကြည့်လို့နေကာ ဘာတစ်ခွန်းမှ ၀င်မပြောခဲ့ပေ။

"ဖေဖေလည်း အစကတော့ ဒီလိုလုပ်ဖို့ ဆန္ဒမရှိပါဘူး၊ လင်းကို က သိတဲ့ အတိုင်းပဲ သားကို သူ့ကုမ္ပဏီမှာ လာလုပ်စေချင်နေတာ၊ ဖေဖေလည်း ငြင်းပါသေးတယ်၊ ဒါပေမဲ့ သူက ငယ်ငယ်ကတည်းက သူလိုချင်တာကို မရရအောင် လုပ်တက်တဲ့လူစားမျိုးလေ၊ ဖေဖေ လည်း မတက်နိုင်တာနဲ့ လက်ခံလိုက်ရတာ..."

"ဪ"
ဖေဖေ က အန်ကယ်လင်းကို က သူလိုချင်တာကိုမရရအောင်ယူတက်တာနဲ့ပဲ သားဖြစ်သူကို ရောင်းစားလိုက်တယ်ပေါ့လေ၊ သား တကယ်စိတ်ဆိုးတယ်..!!

"ဟုတ်ပါတယ်၊ ဖေကြီးရယ်"
ရှင်ကလည်း သားကို ဘာတစ်ခွန်းမှ‌ကို မတိုင်ပင်ဘူး၊ သားက အခုမှ ဒီစီးပွားရေးလုပ်ငန်းနဲ့ အသားကျရုံပဲရှိသေးတယ်၊ ရုတ်တရပ်ကြီး ဆိုတော့ ကလေးက စိတ်ဆိုးတော့တာပေါ့..!!

ဒေါ်နုဝါက သားဖြစ်သူကို နှစ်သိမ့်ပေးတဲ့ အမူအယာနဲ့ နောက်ကျောလေးကို ပွတ်သပ်ပေးနေ၏။

"မေကြီးကလည်း လင်းကို ကတစ်ခြားသူမဟုတ်ဘူးလေ၊ ငါတို့နဲ့ မကြာခင် ခမည်းခမက် ဖြစ်လာမဲ့သူ၊ အခုလို စီစဉ်လိုက်တာလဲ တစ်ခုမကောင်းဘူးလား၊ နောင်အခါကျ စီးပွားရေး နှစ်ခုစလုံးကို ငါတို့သားက ကိုင်တွယ်ရမှာ မကောင်းဘူးလား.."

"နောက်ပြီး၊ အထွေထွေ မာန်နေဂျာဆိုတာကလည်း ယာယီပါပဲ၊ ဒါကြောင့် ကိုယ်က လက်ခံလိုက်တာပါ"

"ဘာပဲဖြစ်ဖြစ် ရှင့်သားကိုတော့ တိုင်ပင်သင့်တယ်မဟုတ်လား"

" ဟုတ်ပါပြီ၊ ဟုတ်ပါပြီ"
ကိုယ် မှားပါတယ်ကွာ..!!

"သားကိုလည်း ဖေဖေ တောင်းပန်တယ်၊ သားမလုပ်ချင်ဘူးဆိုရင် ဖေဖေလည်း လက်မခံတော့ပါဘူး..လင်းကို ကိုအခုပဲဖုန်းဆက်ပြောလိုက်မယ်နော်.."

ကြင်ကြင်နာနာ သတို့သား(Ongoing)Where stories live. Discover now