Cha. 17

2.9K 234 39
                                    


"မာမီ၊ မာမီ.."

အပေါ်ထပ်ကနေ လေအလျင်နဲ့ ဆင်းလာပြီး လူကအရင်မရောက်သေးဘူး အသံကတော့ တစ်အိမ်လုံးကို ဟိန်းထွက်သွားသည်။

"ဒယ်ဒီ.."

"မာမီ ကိုတွေ့မိသေးလား"

ဧည့်ခန်းမှာထိုင်နေတဲ့ သူ့ဒယ်ဒီက သတင်းစာ ဖတ်နေရင်းနဲ့ မျက်မှန်အောက်ကနေ ငုံ့ကြည့်လိုက်ပြီ ခက်ထန်ကို ဘက်ကို လှည့်ကြည့်လိုက်၏။ ဒီကောင် ဘာဖြစ်နေမှန်းမသိ၊ မနက်စောစောကြီး ရှိသေး၊ တစ်ခါမှ ဒီလို အိပ်ရာစောစောမထဘူးပေ။
အခုနာရီကိုကြည့်လိုက်တော့ မနက် ၇နာရီပဲ ရှိသေးတယ်။
ခါတိုင်းဒီအချိန်ဆို သူလုံး၀ အိပ်ရာမထပေ။

"ခက်ထန်"

"သား ဘာဖြစ်လို့လဲ၊ မနက်‌အစောကြီးရှိ‌ေသးတယ်၊မင်းမာမီ အပေါ်ထပ်မှာ ဘုရား၀တ်ပြုလို့မဟုတ်ဘူးလား"

ခက်ထန်ကိုရဲ့ ဒယ်ဒီက ခပ်အေးအေးသမားပင်။
စကားကိုလည်း အေးအေးဆေးဆေး ပြောဆိုတက်သူသာဖြစ်ပြီး ခက်ထန်ကို အလောတကြီးနဲ့ အော်နေတော့ အရေးတကြီး ကိစ္စများလားဆိုပြီး သူပါ ရင်ထိတ်ရပြန်သည်။

"သား ဒီနေ့ ခွင့်ယူထားတယ်မဟုတ်ဘူးလား"

"ယူထားတယ် ဒယ်ဒီ၊ အဲ့ဒါကြောင့်"

ခက်ထန်ကိုက စကားကို ခဏရပ်လိုက်သည်။
နောက်ပြီး သူ့ရဲ့ ဝဲကျနေတဲ့ ဆံပင်များကိုလည်း အပေါ်သို့ လက်နဲ့ တစ်ချက် သပ်တင်လိုက်လေ၏။
သူ့ကြည့်ရတာ တစ်ခုခုကို အလျင်လိုနေသလိုပင်။

မကြာခင်မှာပဲ ‌ေဒါ်မေမီက အပေါ်ထပ်ကနေ ပုဝါစလေးကို ပုခုံးတစ်ဖက်ပေါ်တင်ပြီး ဆင်းလာခဲ့၏။

"ဘာတွေများ ပြောစရာရှိလို့ အလောတကြီးအော်ခေါ်နေရတာလဲ သားရယ်"
"လာပါအုံး၊ ထိုင်စမ်းပါအုံး"

"ဒယ်ဒီနဲ့ မာမီ ကို သားပြောစရာရှိလို့"

"ကဲ ဘာပြောစရာရှိလို့လဲ ပြော၊ ဒါမဲ့ အကြာကြီး စကားပြောလို့မရဘူးနော် မာမီတို့ မင်္ဂလာဆောင် သွားရအုံးမယ်"

ဒေါ်မေမီသည် ရွတ်နောက်ကြည်ရွှင်သော မျက်လုံးများနဲ့ ဖေကြီးကို တစ်လှည့် လှည့်ကြည့်လိုက်ကာ ပြုံးစိစိနဲ့ ခက်ထန်ကို ကို ပြန်လှည့်ကြည့်ရင်းပြောလိုက်သည်။
‌ဒီကလေး ခါတိုင်းဆိုရင် ဒီလိုမျိူး အလောတကြီး ဖြစ်နေတဲ့ ပုံစံမျိုးတွေ သူတို့တစ်ခါမှ မမြင်ဖူးပေ။
စိတ်ထဲမှာ စိုးရိမ်စိတ်၀င်ရမဲ့အခြေအနေကို ဒါပေမဲ့ ဒေါ်မေမီ ရဲ့စိတ်ထဲမှာတော့ ပျော်ရွှင်ခြင်းတွေ၊ ၀မ်းသာခြင်းတွေ ကိန်းအောင်းနေလေရဲ့။

ကြင်ကြင်နာနာ သတို့သား(Ongoing)Where stories live. Discover now