Cha. 5

2.9K 210 12
                                    

ဒီနေ့လေးဟာ ဝါဆို လပြည့်နေဖြစ်တာကြောင့် ခက်ထန်တို့အိမ်မှာ ဝါဆိုသင်္ကန်းနှစ်တိုင်း ကပ်လေ့ရှိသည်။
ထုံးစံအတိုင်း ဘုန်းကြီး ငါးပါးပင့်ပြီး အလှူဒါန လက်နဲ့မကွာပဲ ဆွမ်း၊ ခဲဘွယ်၊ အမျိုးစုံသော၀တ္ထုပစ္စည်းများကို လှူဒါန်း ဒါနပြုလေ့ရှိသည်။

အိမ်နားပတ်၀န်းကျင်က လူများသာမက ‌တစ်ခြားသော ဧည့်သည်များကိုလည်း ဖိတ်ကြားလွှာများ ပို့ထားသောကြောင့် ဒီကနေ့ ဝါဆိုသင်္ကန်းကပ်လှူတဲ့ အလှူမင်္ဂလာကြီးမှာ စည်းကား သိုက်မြိုက်လျက်ရှိသည်။

"သားရေ၊ ခက်ထန် မာမီပြောစရာရှိလို့ ဒီကို ခဏလာပါဦး"

မီးဖိုချောင်ထဲမှာ အလုပ်ရူပ်နေတဲ့ ဒေါ်အေမီက လှမ်းခေါ်သည်။ ‌ခက်ထန်ကိုလည်း ဧည့်ခန်းမှာ ဧည့်ခံနေတဲ့ ဧည်သည်တွေကို ထားရစ်ခဲ့ပြီး မီးဖိုချောင်ထဲ ၀င်သွားတော့
သူ့ မာမီက လိုအပ်တဲ့‌ေနရာတွေကို ဧည့်ခံတာမလစ်ဟင်းစေဖို့ အကူကောင်မလေးတွေကို ပြောဆိုနေတာဖြစ်သည်။

"မေမေ၊ သားကို ဘာခိုင်းစရာရှိလို့လဲ"

မီးဖိုချောင်ထဲကို ၀င်လာတဲ့ သားဖြစ်သူကိုကြည့်ကာ ဒေါ်အေမီမှာ ပီတိတွေစားမကုန်နိုင်လောက်အောင် ဖြာထွက်လို့နေကာ ပြုံးပြုံးကြီးကြည့်နေလေ၏။

"အံမယ်၊ ငါ့သားက ဒီလိုကျတော့လည်း ဘယ်ဆိုးလို့လဲ၊ တကယ် လူချောပဲ"

"ဟားးး..ဟားးး"
‌မာမီကတော့ မြှောက်နေပြန်ပါပြီ!!

"ဒါနဲ့သား၊ နုဝါတို့ရော ရောက်လာပြီလား သား"

"မရောက်လာသေးဘူး မာမီ"

"အိုကွယ်၊ နုဝါတို့ ဘာလို့ နောက်ကျနေတာပါလိမ့်၊ သူ့ကို ဒီနေ့ကို စောစော လာခဲ့ပါလို့ ပြောထားတဲ့ဟာကို"

ဒေါ်အေမီက စိတ်အလိုမကျတဲ့ မျက်နှာထားနဲ့ ပါးစပ်ကလည်း တစ်ဖွဖွပြောနေသေးသည်။
ခါတိုင်း နှစ်တွေဆိုရင် နုဝါကအစောရောက်လာတက်ပြီး
ကူညီပြီး။ဝိုင်း၀န်းလုပ်ဆောင်ကြသည်။

"သား၊ သားအန်တီဆီကို ဖုန်းခေါ်ကြည့်ပါလား"
သူတို့ လမ်းမှာ တစ်ခုခုဖြစ်နေလို့ပဲလားဆိုတာကို သိရအောင်..!!

ကြင်ကြင်နာနာ သတို့သား(Ongoing)Where stories live. Discover now