"မောင့်သခင်မနေခြည်ထိပ်ထား♡"
Part (1)
---------
---------"သွားမယ် ရဲကျော်"
"ဟုတ်ကဲ့ပါ အရှင်"
ရဲကျော် သူ့အရှေ့ကနေ Coatကကြယ်သီးတွေကိုဖြုတ်ကာ ဘောင်းဘီအိတ်ထဲလက်တစ်ဖက်ထည့်ရင်း ခပ်မိုက်မိုက်ပုံစံနဲ့အတူခြေလှမ်းကျဲကြီးတွေနဲ့ထွက်သွားတဲ့ အရှင့်ရဲ့နောက်ကို အလျင်အမြန် ပြေးလိုက်သွားရသည်
☆အရှင်☆
အရှင်ဆိုတာက ဒီတိုင်းပြည်အရင်မင်းမျိုးနွယ် တော်ဝင်မင်းဆက်ရဲ့သားတော်တစ်ပါးပင်....
တစ်နည်းအားဖြင့်ပြောပါဆိုရင် အရှင်က တော်ဝင်သွေးစစ်စစ်....
အရှင်ကတော်ဝင်မင်းဆက်ရဲ့တစ်ဦးတည်းသောတော်ဝင်သွေးဖြစ်နေ၍ အနွယ်တော်တွေရဲ့ချစ်ခင်မှုတွေနဲ့ လေးစားမှုတွေကိုပါတစ်ပြိုင်နက်ထဲရရှိထားသူပင်၆ပေ၃လက်မထိမြင့်တဲ့အရပ်နဲ့ လူအများကြားမှာ ယောက်ျားလေးအချင်းခင်းအားကျရလောက်တဲ့အထိBodyတောင့်လွန်းတဲ့သူက အရှင်...
အရှင်ရဲ့ချောမောပြေပြစ်လွန်းတဲ့ရုပ်ရည်နဲ့
၂၄နှစ်ဆိုတဲ့ငယ်ရွယ်လွန်းတဲ့အသက်နဲ့အတူ စီးပွားရေးမှာ သာမန်ထက်ပိုမို အောင်မြင်ကျော်ကြားနေတဲ့အရှင်နမည်က"တော်ဝင်မဟာ"
အရှင် ကားပေါ်ရောက်သွားသည်နှင့် တော်ဝင်ကုမ္မဏီ ကားပါးကင်ကနေ အရှေ့မှာကား၂စီး အနောက်မှာကား၂စီးခြံရံလျက် အရှင်တော်ဝင်မဟာရဲ့ ကားကိုဝန်းရံကာထွက်ခွာလာကြသည်
ဒီမြို့မှာ....
စျေးအကြီးဆုံးကားတွေခြံရံကာ ထိုစျေးအကြီးဆုံးကားတွေထက်ပိုစျေးကြီးတဲ့ကားကိုစီးနိုင်သူကတော့ တော်ဝင်မဟာ တစ်ဦးထဲသာရှိသည်💦💦💦💦💦💦💦💦💦💦💦💦💦💦
ရုတ်တရက်မိသွားတဲ့ မီးပွိုင့်ကြောင့် ကား၅စီးလုံးအစီအစဉ်လိုက်ရပ်လိုက်ပြသည်နှင့်
"ဟာ!!!ဟိုမှာ အရှင်တော်ဝင်မဟာ ကားမှတ်လား"
"ဝိုး...တော်ဝင်မိသားစုကအရမ်းချမ်းသာတာပဲနော်ကားတွေကလဲလန်ထွက်နေတာပဲ"
"ချမ်းသာတာပေါ့အေ မင်းမျိုးနွယ်တွေပဲဟာ...တော်ဝင်အရှင်ကလဲ အရပ်အမြင့်ကြီးနဲ့ အရမ်းချောတာနော်"
VOCÊ ESTÁ LENDO
မောင့်သခင်မ နေခြည်ထိပ်ထား(Complete)(Unicode)
Romanceဇီးကုန်းသာရွာကပဲပြုတ်သည်သား "ဖိုးတော်"ဆိုတဲ့ကောင်လေးတစ်ယောက်က သူတို့ရွာကိုအလည်လာတဲ့ အခြေကြီးပြီးဝုဏ်သတင်းမွှေးတဲ့ "နေခြည်ထိပ်ထား"ဆိုတဲ့ ကောင်မလေးကိုချစ်မိသောအခါ.....