Part 1

471 8 10
                                    

Cause I'm in the field of dandelions
Wishing on everyone
That you'd be mine ..... mine
And I see forever in your eyes
I feel Ok when I see your
smile...... smile
မိုးမြင့်မောင် မြည်လာသော ဖုန်းသံကြောင့် နိုးလာကာ ကိုင်လိုက်သည်။
"ဟေ့ကောင် မိုးမြင့် မင်းမထသေးဘူးလား ဘာလုပ်နေတာလဲ"
"ဘာတုန်းကွာ ငါနိဗ္ဗာန်ရောက်ပြီဆို မင်းတို့ လဒအသံက နှောင့်ယှက်ပြီ"
"အေး မင်းမေ့နေတယ်ဆိုလည်း ငါ‌မပြောတော့ဘူးကွာ ငါနဲ့ပိုင်ကြီးနဲ့ပဲ
တောင်ငူသွားတော့မယ်"
ထိုအခါမှ မိုးမြင့်မောင် မျက်လုံးပြူးလာသည်။
" ဟာ ဟေ့ကောင်တွေ ငါ့စောင့်ဦး ငါလာပြီ ခုပဲ စောင့်နေနော်"
အောင်ထက်ယံသည် ပိုင်ဦးဘက်တစ်ချက်လှည့်ကာ မိုးမြင့်မောင်ကို မိုးမွှန်‌ေအာင်ဆဲတော့လေသည်။

မိုးမြင့်မောင်သည် ဝောာင်ငူသို့အရမ်းရောက်ချင်နေပြီဖြစ်သည်။သူဒီခရီးစဉ်ကို ဘာ့ကြောင့်သွားချင်နေလဲဆိုတာတော့ သူကိုယ်တိုင်ပင်မသိချေ။ သူ့ကိုတစ်စုံတစ်ခုက လာအောင် ဆွဲဆောင်နေသလိုပင်။
မိုးမြင့်မောင်အတွေးစကိုဖြတ်ကာ အထုပ်အပိုးပြင်ကာ ကားဂိတ်သို့ထွက်လာခဲ့လေသည်။
ကားဂိတ်တွင် ငထက်၏ ဆဲဆိုသံက သူ့ကိုကြိုဆိုလေသည်။
"သကောင့်သား မောင်မင်းကြီးသား မင်းနောက်ကျကြည့် ငါတို့မင်းကို အတည်ထားခဲ့မှာ"
‌"အေးပါကွာ မင်းကလည်း လာ ကားပေါ်တက်ကြမယ်"
ကားပေါ်တွင် ပိုင်ဦးနှင့် အောင်ထက်ယံက သူ့ရှေ့တွင် ထိုင်ပြီး သူကတော့ နောက်တွင် အေးအေးဆေးဆေး တစ်ယောက်တည်းထိုင်လေသည်။
သူကြိုက်သော dandelions သီချင်းကို နားကြပ် တပ်ကာ နားထောင်ရင်း မှေးနေလိုက်တော့သည်။

အဆုံးမရှိသော ပန်းခင်းအလယ်တွင် သူရပ်နေသည်။ ပန်းရနံ့တို့ဖြင့် ဖုံးလွှမ်းနေသော ထိုပန်းခင်းကြီးက သူ့အား ပြုံးပြနေသယောင်ပင်။ ခပ်ဝေးဝေးမှ ပန်းခရေပင်ကြီးကိုလည်း သူတွေ့မြင်နေရလေသည်။ ခရေပင်တွင် ခရေပန်းကလေးများ ဝေဝေဆာဆာ ဖူးပွင့်နေကြလေသည်။ထိုစဉ်
"မောင် မောင်ရေ မောင် "
သူအသံရှင်ကို လိုက်ရှာမိသည်။လူကားမတွေ့။
"ခရာက ခရေကြိုက်တယ်မောင်"
"မင်း ဘယ်သူလဲ သတ္တိရှိရင် ထွက်လာခဲ့လေကွာ"
"ပိုင် ပိုင်ဦး မင်း မင်းလား
ငထက် မင်းတို့ ငါ့ကို နောက်နေတာလား"
သူထိုသို့ပြောနေလည်း အသံရှင်သည် သူ့သူငယ်ချင်းများ မဟုတ်တာကို သူသိနေလေသည်။
ထိုစဉ် "မျက်ဝန်း"တစ်စုံကို သူတွေ့လိုက်ရလေသည်။
သမင်မျက်လုံးလေးများကဲ့သို့လှပသော "မျက်ဝန်း"တစ်စုံ။

ပန်းခရေကို သက်သေတည် ‌ရောင်ခြည်ဖြာမှ လန်းစေချင်(ခေတ္တရပ်နား)Where stories live. Discover now