ဆေးရုံအတွင်းရှိ လူနာခန်းတစ်ခုတွင် မှုံက ဘေးတစ်စောင်းလေးလှဲလျက် ကလေးငယ်ကို ကြည့်မဝသည့်နှယ်။ဘေးက မိုးမြင့်မောင်သည်လည်း ထိုအတိုင်းပင်။နှစ်ယောက်သား၏ အပြုံးတို့သည် ကလေးလေးကိုကြည့်ကာ တောက်ပနေကြသည်။ထိုမြင်ကွင်းလေးကို အားတင်းကြည့်နေသူ၏ လက်ကလေးအား မြေမခ သာသာဖွဖွကလေးကိုင်လိုက်သည်။အားငယ်နေသူအား အလှဆုံးပြုံးပြလိုက်မိသည်။အဝေးကငေးပြီး ပျော်ရွှင်အောင် လုပ်ပေးခြင်းကလဲ အရောင်မပါတဲ့ မေတ္တာရယ်ပါ။သူပျော်ရင် ကိုယ်ပျော်ရပြီး သူဝမ်းနည်းရင် ကိုယ်ပါမျက်ရည်ကျတဲ့ စိတ်ကလေးနဲ့ ငေးမောရတဲ့ မေတ္တာတွေမှာ အသားကျအောင် ကြိုးစားနေရတာလဲ အကြိမ်အကြိမ်အခါအခါ။ပြုံးစေချင်တယ်။ပျော်စေချင်တယ်။ကိုယ်က မပိုင်ဆိုင်ရလဲ ကျေနပ်နေပါပြီ။မဆိုင်ရလဲ ငေးနေပါ့မယ်။ဒါပေမယ့် မင်းလေးကိုတော့ ကိုယ်သေချာပေါက် ပျော်စေချင်တယ်ကွယ်။မင်းလေးကို ပျိုးထောင်ပေးရတဲ့ ဥယျာဉ်မှူးက ကိုယ်မဟုတ်ခဲ့ရင်တောင် အခြားလူလက်ထဲက ကိုယ်ချစ်ရတဲ့ ပန်းကလေးကိုတော့ အလှပဆုံးနဲ့ ကျက်သရေအရှိဆုံး ဖူးပွင့်နေတာတော့ ကိုယ်မြင်ချင်တယ်။အချစ်ဟာ ချစ်နေဖို့ပဲလိုတာမို့ မင်းပြန်မချစ်ပေးနိုင်ခဲ့ရင်တောင် ကိုယ့်ကိုဆက်ချစ်ခွင့်တော့ ပေးမယ်မဟုတ်လား ကလေးငယ်။နေကြာပန်းတွေက နေမင်းရှိတဲ့ဘက်ကို မျက်နှာမူပြီး ပွင့်လန်းသလို ကိုယ်ကလဲ မင်းရှိတဲ့ဘက်ကိုပဲ တစ်စိုက်မတ်မတ် ကြည့်ပြီး ရှင်သန်နေမှာပါ။
သစ်သီးခြင်းတစ်ဖက်နဲ့ ပန်းစည်းကြီးကို သယ်လာပေးတဲ့ မြေမခကြောင့် အခရာမောင်မှာ ကိုင်စရာကမရှိ။အခန်းရှေ့ မြင်လိုက်ရတဲ့မြင်ကွင်းလေးက ကိုယ်နဲ့ ဘယ်တော့မှ ရလာတော့မှာမဟုတ်တဲ့ အိမ်မက်ကလေး။အခန်းထဲ ဝင်ဖို့ တွန့်ဆုတ်နေတာကို မခက သိသည်ထင်။လက်မအားတဲ့ကြားက ကျွန်တော့်လက်တို့ကို ဖွဖွကိုင်ကာ ပြုံးပြနေလေသည်။မဝံ့မရဲပြန်ပြုံးပြပြီး အခန်းထဲဝင်ခဲ့တော့သည်။
"ခရာ ဘာလို့ ဒါတွေယူလာရတာလဲ"
"နင့်ကို စားစေချင်လို့ပေါ့ ငါ ကလေးချီကြည့်ချင်လို့ ရလား မှုံ"
YOU ARE READING
ပန်းခရေကို သက်သေတည် ရောင်ခြည်ဖြာမှ လန်းစေချင်(ခေတ္တရပ်နား)
Short StoryUnicode ပန်းခရေငယ်... ဝေသော်လည်းမွှေး... ကြွေသော်မွှေးပျံ့... ရနံ့စွဲစွာ... ရင်မှာကျန်နေ... မြင်သူ ရူတင့်... မြတ်နိုးလှသူ... နှလုံးသားငယ်... ဤရပ်ဝန်းတွင်... ရောင်ခြည်ဖြာမှ....လန်းစေချင်ဘိ... DuWaLi ZawGyi ပန္းခ...