Part 20

15 1 0
                                    

ရာသီစက်ဝန်း တစ်ကျော့ပြန်လည်လာမှု့ကြောင့် မိုးရာသီ၏ ပြယုဂ်ဖြစ်သော မိုးစက်ကလေးတို့ ထွက်ပေါ်လာလေသည်။အငြိုးကြီးသော မိုးမင်းသည် ဒေါသမာန်ပြေလျော့စေရန်အလို့ငှာ ကမ္ဘာမြေပြင်ပေါ်သို့ မစဲမသဲ ရွာသွန်းနေတော့သည်။ပြတင်းတံခါးမှ ရေစက်ကလေးတို့၏ တွဲခိုနေပုံ ၊သစ်ရွက်တို့တွင် မိုးစက်ရိုက်ခတ်နေပုံတို့က မြင်သူတိုင်းကို လွမ်းမောဖွယ်ရာ ဖြစ်စေသည်။မှိုင်းညို့ညို့ တိမ်တိုက်တွေက မိုးစဲပေးရန် အကြောင်းမရှိဟန်။မြေမခ အနွေးထည်လေးအား ယူကာ မြတ်နိုးရသူထံသို့ လွှမ်းခြုံပေးလိုက်သည်။
"ခရာ ချမ်းနေရော့မယ် အနွေးထည်လေး ဝတ်ထားလိုက်နော်"
"ကျေးဇူးပါ မခ"
"ပြောရမဲ့ လူတွေလား ခရာ"
ခရာ အပြုံးမပီသော အပြုံးဖြင့် မခအား တစ်ချက်ကြည့်ကာ မိုးရာသီ၏ အေးချမ်းမှုကို ခံစားနေလိုက်သည်။မိုးက အေးချမ်းနေပါသော်လဲ ရင်ဘတ်ထဲက တောက်လောင်မှုကို ငြိမ်းပေးနိုင်ရန် မလုံလောက်ချေ။ပါးပြင်ပေါ်သို့ ပြိုကျသော မျက်ရည်တို့ကို မခံစားနိုင်လောက်တဲ့အထိ ရင်မှာမွန်းကျပ်နေရပါသည်။မိုးရေထဲသို့ စိတ်ရှိလက်ရှိ အော်ဟစ်ကြိမ်းမောင်းချင်ပါသော်လည်း ခန္ဓာကိုယ်က အခွင့်မပေးသေးချေ။မျက်ရည်စတို့အား သုတ်ရန် လက်လှမ်းစဉ် ကြိုရောက်နေသော လက်တစ်စုံကြောင့် ရင်ထဲ နွေးထွေးသွားရပြန်သည်။
"ခရာ ကျေးဇူးပြု၍ မငိုပါနဲ့လား၊ ခရာခံစားနေရတာတွေကိုလေ ကိုယ့်ကိုမိတ်ဆွေလို့သဘောထားပြီး တိုင်ပင်လို့ရပါတယ်ခရာရယ်...ကျိတ်ပြီးခံစားမနေပါနဲ့လား...ဟင်"
ကျွန်တော်ပြောမှ ရင်ခွင်ထဲတိုးဝင်လာကာ ငိုယိုလာသော ခေါင်းလုံးလုံးလေးနဲ့ ကောင်လေး။ဒီကောင်လေးဝမ်းနည်းရင် ကျွန်တော့်နှလုံးသားကို ချော်ရည်ပူများ လောင်းလိုက်သည့်နှယ် ပူပြင်းလွန်းလှသည်။
"ကိုယ့်ကို ဝမ်းနည်းစရာတွေ မျှမပေးချင်ဘူးလား ခရာ"
ခေါင်းလုံးလုံးလေးက တစ်ချက်မော့ကြည့်ကာ ကိုယ်ရှိန်သတ်လိုက်သည်။ကျွန်တော့်ရင်ခွင်ထဲရောက်နေတာ သတိထားမိသွားသည်ထင်။ပြေလျော့သွားသော လက်တို့ကို ဖမ်းဆွဲထားချင်ပါသော်လဲ မလုပ်နိုင်ခဲ့။
"ကျွန်တော်...ကျွန်တော် အသည်းကွဲနေလို့ ငို..ငိုမိတာပါ..မ..မခ"
ရှိုက်သံဖြင့်ပြောလာသော စကားတို့က ဗလုံးဗထွေးနိုင်လှသော်လဲ မြေမခကြားလိုက်ပါသည်။ဘာတဲ့ သူ့ရှေ့က ကောင်လေးက အသည်းကွဲနေတာတဲ့လား။ဒါဆို သူ့ရည်းစားက သူ့ကို ထားသွားလို့များလား။မြေမခ ဝမ်းသာမှုတို့ လည်မြိုတစ်လာကာ ခုန်ပေါက်ပစ်ချင်နေသော်လဲ ပူပူနွေးနွေး အသည်းကွဲသည်ဆိုသော ကောင်လေးကြောင့် မျိုသိပ်လိုက်တော့သည်။တစ်ဖက်ကကြည့်လျှင်လဲ ဝမ်းနည်းရပြန်သည်။သူ့ရှေ့တွင် အခြားသူကြောင့် မျက်ရည်ကျပြနေသည်ကို မြေမခမကြိုက်ပါ။ဘာမှမသက်ဆိုင်သေးသောအခြေအနေဖြစ်နေသောကြောင့် မြေမခမှာ မလူးသာမလွန့်သာ။ဖြစ်ပေါ်လာသော ခံစားချက်တို့အား အတင်းမျိုသိပ်ကာဖြင့်
"အသည်း..အသည်းကွဲနေတာ"
"အွန်း"
"ဆိုစမ်းပါဦး အကြောင်းအရင်းက ဘာတဲ့လဲ၊မင်းမှာ ဘာပြစ်ချက်တွေရှိလို့တဲ့လဲ"
မြေမခ ခရာ့ခေါင်းလေးအား တစ်ချက်ဖွခါ ဆိုလိုက်လေသည်။
"အဲ့လိုတော့မဟုတ်ပါဘူးဗျာ..."
"အ့ဆိုဘာအတွက်ကြောင့်လဲ"
"သူလက်ထက်လိုက်ပြီ မခ"
"ဟမ်!!"
"ဟုတ်တယ် မခ သူလက်ထက်လိုက်တာကလဲ ကျွန်တော့်သူငယ်ချင်း မှုံနဲ့"
"ဘာ..ဘယ်လို"
အံ့ဩခြင်းတို့ပြည့်နေသော မခ မျက်လုံးတို့အား ခရာတစ်ချက်ကြည့်ကာ မိုးစက်တို့ တွဲခိုနေသော ပြတင်းတံခါးဘက် ပြန်လှည့်လိုက်သည်။
"အကြောင်းပြချက်ကတော့ ကျွန်တော်သေပြီထင်လို့တဲ့လေ"
တိုးဖွညင်သာသောစကားအဆုံး မိုးရွာသည်နှင့်အပြိုင် နှစ်ကိုယ်ကြား စကားတို့ တိတ်ဆိတ်လျက်။

ပန်းခရေကို သက်သေတည် ‌ရောင်ခြည်ဖြာမှ လန်းစေချင်(ခေတ္တရပ်နား)Where stories live. Discover now