Part 27

33 1 0
                                    

အရင်ညနေ နေဝင်ချိန်များထက် ယခုည နေဝင်ချိန်သည် မခအတွက်ပို၍ လှပနေ‌သည်။မရမ်းစေ့ရောင်လေးနဲ့ လိုက်ဖက်နေသော ဖြူဖြူသွယ်သွယ်ကောင်လေးက သူ၏နောက်တွင် တိတ်ဆိတ်စွာ ညအလှများကို ရူစားနေ၏။နောက်ဆုံးဝင်ဖူးခဲ့သော မြနိန္ဒ ဘုရား၏ နေဝင်ဆည်းဆာအလှသည်လည်း ခရာနှင့်အတူရှိခဲ့ရသဖြင့် ပိုလှပနေသယောင်။ခရီးသွားတစ်ယောက်၏ လျှပ်တစ်ပြတ် ဓာတ်ပုံဖမ်းရိုက်လိုက်သော ကျေးဇူးကြောင့် မခဖုန်းတွင်လဲ အသက်ဝင်သော ပုံလေးတစ်ခု ရလာခဲ့ပြီ။နောက်ကလူကောင်လေးအား ဘတ်မှန်ကနေကြည့်လိုက်သော မီးလုံးလှလှလေးတို့အား ငေးမောနေ၏။ချစ်ရသူနှင့် အတူကုန်ဆုံးရသော ညနေဝင်ချိန်သည် မခအတွက် အလှပဆုံးသော နေဝင်ချိန်ပင်။

"ခရာ အပြန် ဘာစားချင်သေးလဲ"

တိတ်ဆိတ်သော ကောင်လေးသည် သူစကားမစလျှင် အသက်ဝင်လာမည်မထင်။လေအတိုးအဝှေ့တို့ကြောင့် ခရာ မခ၏စကားသံတို့အား မကြားလိုက်ရချေ။ထို့ကြောင့်နားနဲ့နီးအောင် မခမျက်နှာဘက်သို့ ခေါင်းလုံးလုံးလေးက ကျော်တက်လာကာ

"ဟမ် မခ ဘာပြောလိုက်တာလဲဟင်"

"အပြန် ဘာဝင်စားချင်သေးလဲလို့"

မခ ဆိုင်ကယ်ခဏရပ်ကာ နောက်လှည့်မေးလိုက်သည်။မဟုတ်လျှင် ခရာအနားကပ်လာသည်နှင့် ထိန်းမရတဲ့ရင်ခုန်နှုန်းတွေကြောင့် လူကရူးသွပ်သွားနိုင်ပေ၏။

"ကျွန်တော်မစားတော့ဘူးလေ များနေပြီလားလို့ ဟီး ဟီး"

ဖြူဖြူဖွေးဖွေး သွားတန်းလေးများပေါ်လာကာ မျက်လုံးတွေမှေးစင်းသွားသော ကောင်လေးခေါင်းကို မခ တစ်ချက်ပုတ်လိုက်ကာ

"သိသေးတယ်ပေါ့ ဒါပေါ့လေ ရှေ့က ဟော့ပေါ့ထုပ်ကြီးကို အားနာရဦးမှာပေါ့ မဟုတ်ဘူးလား"

"ဟီး ဟီး ဟုတ်တယ်"

ခရာ့အပြုံးကို မခ မေ့မေ့မောမော သေချာကြည့်ပြီးခါမှ ဆိုင်ကယ်ဆက်‌မောင်းခဲ့လိုက်သည်။ ခရာက အစားလောဘအိုးလေးမှန်း သိပါသော်လည်း ဟော့ပေါ့နှစ်‌ယောက်စာကို တစ်ယောက်တည်း စား‌ပစ်လိုက်သည်ကို မြင်လိုက်ရသောအခါ မခအံ့ဩရလေ၏။ဒါတောင် ပါဆယ်ဆွဲမည်လုပ်နေသေးသောကြောင့် မြနိန္ဒဘုရားဖူးပြီး အပြန်မှဝင်ဝယ်မည်ဟု ကတိအထပ်ထပ်ပေးလိုက်ရသည်။ထို့ကြောင့် ဆိုင်ကယ်လက်ကိုင်ထက်တွင် ဟော့ပေါ့ပါဆယ်ကြီးက မိန့်မိန့်ကြီးနေရာယူထားလေသည်။ဟော့ပေါ့စားနေချိန် ခရာ၏ နှာခေါင်းထိပ်တို့ နီရဲနေပုံမှာ ရဲတွတ်နေသော ငရုတ်သီးတောင့်လေးနှင့်တူသည်။ဆေးမကူသော နှုတ်ခမ်းတို့က ပူစပ်နေလို့ထင် ရဲတွတ်နေ၏။နဖူးထက်တွင်ချွေးစတို့ ထွက်နေသည်ကိုပင် အာရုံမထားနိုင်ပဲ အစားငမ်းနေသောခရာသည် ပေါင်းအိုးထဲမှ အသားပေါင်းလေးအတိုင်းပင်။မခပျော်ခဲ့သလို ခရာလည်း ပျော်ရွှင်နေသည်က ဧကန်ပင်။ဆိုင်ကယ်နောက်မှ တိတ်ဆိတ်နေသော ကောင်လေး၏ မျက်နှာထက် နှုတ်ခမ်းရဲရဲ‌လေးများပေါ်တွင် အပြုံးတို့ ဝေဆာနေသည်ကိုတော့ မခမမြင်ခဲ့ပါ။

ပန်းခရေကို သက်သေတည် ‌ရောင်ခြည်ဖြာမှ လန်းစေချင်(ခေတ္တရပ်နား)Where stories live. Discover now