Part 11

20 1 0
                                    

"ဟုတ် ဟုတ်တယ် မှုံ"
"နင်! နင်က အယုတ်တမာကောင်ပဲ နင်ဒီလိုလုပ်လိုက်လို့ နင်ဘာပြန်ရလဲ ဟမ်! နင် နည်းနည်းလေးတောင် မစဉ်းစားမိဘူးလား ဘယ်လိုလုပ်ရင် ဘာဖြစ်သွာမယ်ဆိုတာ မစဉ်းစားဘူးလား အောင်ထက်ယံ!"
မှုံမှာ အသားတဆတ်ဆတ်တုန်ကာ အောင်ထက်ယံအား ဆူပူနေလေသည်။
"ခုချိန်မှာ ငါတောင်းပန်နေလဲ မထူးဘူးဆိုတာ ငါသိပါတယ် ငါ ခွင့်လွှတ်ဖို့လဲ မတောင်းဆိုရဲပါဘူးဟာ ငါ့အမှားကို ငါသိပါတယ် ဒီလောက်ထိဖြစ်သွားလိမ့်မယ်လို့ မတွေးမိခဲ့သလို ရည်လည်းမရည်ရွယ်ခဲ့ပါဘူးဟာ"
"အဟင်း!ခုမှအမှားသိပါပြီပြောလို့လဲ ပြန်ပြင်လို့ရရိုးလား ကိုထက်၊ကိုထက်ကို လေးစားခဲ့တာတွေကိုလေ အကုန်သဲထဲရေသွန်ဖြစ်သွားပြီသိလား ကိုထက် ဒီလိုလုပ်လိမ့်မယ်လို့ မှုံထင်တောင်မထင်ထားဘူး အခုကိုထက်ကြည့်လိုက်စမ်းပါ!ကိုထက်သူငယ်ချင်းကြီး ဘယ်လိုအခြေအနေရောက်နေပြီလဲဆိုတာ ကိုထက်သိလား!မှုံ့သူငယ်ချင်းလေးကရော သူက သူက ကိုထက်ကြောင့် သေသွားရပြီ သိရဲ့လား!ဘာလို့ ဒီလိုလုပ်ရတာလဲ ဟမ်!!"
"......"
"ကိုထက်!!မေးနေတာ ဖြေစမ်းပါ လုပ်တုန်းကလုပ်ပြီးတော့ ခုမှနှုတ်ပိတ်နေတာ ယောင်္ကျားကောင်းတို့ အ‌ကျင့်မဟုတ်ဘူးနော် ကိုအောင်ထက်ယံ!"
မှုံအံကြိတ်သံဖြင့်ပြောနေသော်လည်း ငထက်မှာ တုပ်တုပ်မှမလှုပ်။
"........"
"နင်ဘာလို့ ဒီလိုလုပ်ရတာလည်း ဘာလို့လဲ ဟမ်! ဘာလို့လဲလို့ ငါမေးနေတယ်လေ နင်စကားမပြောတတ်ဘူးလား ဟမ်!နင့်ရဲ့ပါးစပ်က ဖြေရှင်းချက်ကိုငါတောင်းနေတယ်လေ !!"
"ငါ့မှာ ဖြေရှင်းချက်မရှိဘူး မှုံ"
မှုံ၏အမေးကို အောင်ထက်ယံ ခေါင်းငိုက်စိုက်ကာသာဖြေလေသည်။
"အဟား.....ဟား.....ဟား.....ရယ်စရာမကောင်းဘူးလား အဟား.....ဟား....ဟား ဘာလို့လုပ်လဲလို့မေးတော့ ဖြေရှင်းချက် မရှိဘူးတဲ့လား
နင်ကလူမဟုတ်ဘူး ခွေးဟဲ့ ခွေး!အသိဉာဏ်ဆိုတာ မရှိတဲ့ခွေး!အဟွန်း!ခွေးဆိုမှတော့ အသိဉာဏ် ဘယ်ရှိပါ့မလဲ မဟုတ်ဘူးလား၊နင်ရှက်တတ်ရင် လဲသေဖို့ကောင်းတယ် နင့်ကြောင့် ဘဝနှစ်ခုက စုတ်ပြတ်သတ်သွားပြီ နင်လူလို နားလည်သေးရင် လူလိုရှက်တတ်သေးရင် ခုကိုမိုးမြင့်မောင်နားမှာလည်း နင်မနေနဲ့တော့ နင့်မျက်နှာကိုမြင်ရင် ငါအော်ဂလီဆန်လွန်းလို့ အေး ပြီးတော့ ရှိသေးတယ် နောက်နောင် ငါတို့ရှေ့မှာ နင်ဆိုတဲ့ လူကိုမမြင်ချင်တော့ဘူး အဲ့တော့ နင်အလိုက်တသိ ထွက်သွားပေးပါ၊ တရားမစွဲဘူးဆိုတာက ကိုမိုးနဲ့ ခရာမျက်နှာ ထောက်နေသေးလို့ဆိုတာသာ နင်မှတ်ထားလိုက်ပါ"
တစ်လုံးချင်းပြောပြနေသော မှုံ့ကို အောင်ထက်ယံ တွေတွေလေး ငေးနေရုံသာ။
"ငါ့အပြစ်နဲ့ ငါမို့ ကျေနပ်စွာ ခံယူပါ့မယ် မှုံနံ့သာ နောက်နောင် မိုးမြင့်တို့ရှေ့မှာ ငါဆိုတာ မပေါ်လာစေရပါဘူး ငါမျက်နှာလည်း မပြဝံ့ပါဘူး မိုးမြင့်ပြန်ကောင်းလာရင်သာ ပြောပေးပါ ငါအပြစ်စိတ်တို့နဲ့ရှင်သန်နေမှာမို့ ငါ့ကို ခွင့်မလွှတ်ပါနဲ့လို့၊ငါသွားမယ်မှုံ"
ကတိစကားတွေပြောကာ အောင်ထက်ထွက်လာခဲ့လိုက်သည်။နောက်သို့ တစ်ချက်တောင် လှည့်မကြည့်သော အောင်ထက်ယံ၏ ကျောပြင်ကို ကြည့်ကာ အရုပ်ကြိုးပျက်သကဲ့သို့ ပုံလျက်လဲကျသွားသူမှာ မှုံသာဖြစ်သည်။ငထက်သည်လည်း အမှန်တရားအား အသက်ထက်ဆုံး လျှို့ဝှက်ထားရန်သာ ဆုံးဖြတ်ထားလေတော့သည်။

ပန်းခရေကို သက်သေတည် ‌ရောင်ခြည်ဖြာမှ လန်းစေချင်(ခေတ္တရပ်နား)Where stories live. Discover now