Part 13

17 0 0
                                    

မြေမခ ဒီနေ့အလုပ်ရှုပ်နေသည်။အဘယ်ကြောင့်ဆိုသော် ကိုမာဝင်နေသော လူနာမှ သတိပြန်လည်လာမလိုဖြစ်နေသောကြောင့်ဖြစ်လေသည်။‌
ဘေးမှ နှလုံးခုန်စက်အား ကြည့်လိုက် လူနာအားကြည့်လိုက် ဘေးက nurse အား ပြန်ပြောလိုက်ဖြင့် လူကချာချာလည်နေသည်။ကိုမာဆိုသည်က အရေးပေါ်အခြေအနေပါ။ကိုမာကိုဖြစ်ပေါ်စေတဲ့ အကြောင်းအရင်းပေါ်မူတည်ပြီး ကိုမာကုသနည်း အမျိုးမျိုးရှိပါသည်။အကယ်၍ ကိုမာက ဆေးအလွန်အကျွံသောက်ခြင်းနဲ့ အတက်ရောဂါတွေကြောင့် ဖြစ်ပေါ်လာပါက ဆရာဝန်များသည် ဆေးဝါးကုသနည်းများဖြင့် ကုသရပါတယ်။အခြားကုသနည်းတွေကတော့ဆီးချိုနဲ့ ကျောက်ကပ်ရောဂါတွေကဲ့သို့ ရောဂါအရင်းအမြစ်ကနေအရင်ကုသရပါတယ်။လူနာအခြေအနေက စိတ်ချရပြီဆိုရင်တော့ ဆရာဝန်တွေအနေဖြင့် လူနာအတွက် လုံလောက်တဲ့ အာဟာရ၊လူနာကို ပိုးမဝင်အောင်နဲ့ နာတာရှည်အိပ်ယာပေါ်မှာလှဲနေတာကြောင့်ဖြစ်ပေါ်လာတဲ့ အနာတွေ မဖြစ်ပေါ်လာအောင် ကာကွယ်ဖို့ ဂရုစိုက်ကြရမှာပဲ ဖြစ်ပါတယ်။အခုတွင် မြေမခသည် လူနာအား စိတ်ချရသော အခြေအနေဖြစ်အောင် ကြိုးစားနေရခြင်းဖြစ်သည်။မနက်ပိုင်း သူလာကြည့်နေချိန်တွင် အကောင်းဖြစ်နေသော လူနာသည် သူခဏနားချိန်တွင် ထဖောက်လာသောကြောင့် ခုလိုအလုပ်ရှုပ်နေရခြင်းဖြစ်သည်။သူ့အတွက် ပထမဦးဆုံး လူနာမဟုတ်သော်လည်း ဤလူနာတစ်ခုခုဖြစ်သွားမည်ကို ကြောက်နေသည့် စိုးရိမ်စိတ်က လူနာတစ်ယောက်အပေါ် ဆရာဝန်တစ်ယောက်က ထားသော စေတနာကြောင့်လားဆိုသည်ကို သူကိုယ်တိုင်ပင် မဝေခွဲတတ်ပေ။သို့သော် သူသိသည်က သူဤလူနာအား ဘေးမသီရန်မခ သူစောင့်ရှောက်ရမည်၊အသက်အန္တရာယ်ကင်းကင်းဖြင့်
ပြန်လည်နိုးထလာစေရမည် ဆိုသည်ကိုပင်။လူနာစိတ်ချရပြီဆိုမှ မြေမခမှာ သက်ပြင်းချနိုင်လေသည်။ဇောချွေးများဖြင့် လူတစ်ကိုယ်လုံးမောဟိုက်နေသော မြေမခသည် ခုမှစိတ်သက်သာရာရသွားသည့်နှယ်။
"Nurse လူနာစိတ်ချရပြီ နောက်တစ်ခါ ဒီလို မဖြစ်ရအောင် သေချာဂရုစိုက်စေချင်ပါတယ်"
"ဟုတ်ကဲ့ပါ ဆရာ"
"ဟူးးးးးးးခုမှကျွန်တော်လဲ စိတ်အမောပြေသွားရတယ်ဗျာ"
"ဆရာက ထူးချွန်တဲ့ ဆရာဝန်ပါ ဆရာ
ခုလိုဖြစ်တယ်ဆိုတာ ဆရာ့အတွက်ထူးဆန်းနေတာမှမဟုတ်။ဆရာ့မျက်နှာမှာ ချွေးတွေချည်းပါပဲလား"
"ဪ ဒါက စိတ်လှုပ်ရှားသွားလို့ ဖြစ်ပါလိမ့်မယ် ဆရာမပြန်ရင် ပြန်လို့ရပါပြီဗျ။ ကျွန်တော် ဆက်ကြည့်ထားလျုက်မယ်၊နောက်တစ်ခါသာ ဒီလို မပေါ့မိစေနဲ့ပေါ့၊ခုလူနာကဆေးရုံအုပ်ကြီးရဲ့ လူနာဆိုတာ ဆရာမတို့သိထားတယ်မလား"
"ဟုတ် ဒါဆို ကျွန်မတို့သွားမယ် ဆရာ"
"ဟုတ်ကဲ့"
Nurseတွေပြန်ကာမှ မခ လူနာခုတင်ဘေးသို့ဝင်ထိုင်လေသည်။လူနာအား တစိမ့်စိမ့်ကြည့်ကာ နဖူးပေါ်ပြန့်ကျ‌‌
နေသော ဆံနွယ်နက်လေးများအား အသာ သပ်တင်ပေးနေမိသည်။ဤကောင်လေးသည် သူ၏ရင်အား ပထမဆုံး လှုပ်ခတ်စေခဲ့သော ကောင်လေးဖြစ်သည်။နှလုံးသား၏ ရင်ခုန်သံများအား သူ့ကိုခံစားစေသည်။
"မင်းရဲ့ မျက်လုံးလေးတွေ ပွင့်လာမဲ့နေ့ကို ကိုယ်မျှော်နေမှာ၊မင်းကို အမြန်ဆုံး နိုးထလာစေချင်ပြီကွာ၊အမြန်ဆုံးနိုးထလာနိုင်အောင်လဲ ကိုယ်ကြိုးစားနေတယ်၊မင်းသာ အမြန်ထလာပြီး ကိုယ့်ကို မင်းရဲ့နာမည်လေး ပြောတာကို ကြားချင်လှပြီ။မင်းရဲ့ အသံလေးက ခချိုသာလား၊ဩရှရှလေးလား၊ကြည်ကြည်လင်လင်လေးနဲ့ နားထောင်လိုက်တိုင်း ရင်ကို အေးမြစေနေမှာလား၊မင်းပြုံးလိုက်ရင် ဘယ်လို နေမလဲ၊မင်းငိုနေရင်ရော ဘယ်လိုပုံစံလဲ၊မင်းရဲ့အရာအရာတိုင်းကို ကိုယ်ခံစားကြည့်ချင်တယ်၊မင်း စိတ်ညစ်ရင် ကိုယ့်ပုခုံးကို အမှီပြုပြီး မင်းကို ငိုချစေချင်တယ်၊ကိုယ်ဘာလို့ ဒီလိုတွေ ခံစားနေရလဲ ကိုယ်မသိဘူး၊ကိုယ်သိတာက မင်းကို ကိုယ်မနိုး နိုးလာအောင်လုပ်မယ်၊ပြီးရင် မင်းရဲ့ အပြုအမူတိုင်းကို ကိုယ်နဲ့ထပ်တူခံစားစေချင်တယ်၊ဒါက လူတွေပြောပြောနေတဲ့ အချစ်ဆိုတာကြီးလား၊အဲ့လိုဆိုရင်တော့ ကိုယ်မင်းကိုချစ်နေပြီ ထင်ပါရဲ့"
မြေမခ မလှုပ်မယှက် အိပ်စက်နေသော ကောင်လေးနား စကားတွေတီးတိုးပြောကာနေမိသည်။ဤကောင်လေး ဒီလိုလှဲနေသည်ကို သူမနှစ်မြို့ပေ။ဤကောင်လေး နိုးလာချိန်သည် သူ့ဘဝတွင် အပျော်ရွှင်ဆုံးဖြစ်နေမည်ကိုလည်း သူတွေးရင်းကြည်နူးနေမိသည်။
"အမြန်ဆုံး နိုးလာစေချင်လှပြီ မောင့်ရဲ့ကလေးငယ်"
သူကိုယ်တိုင်တောင် မသိပဲ သုံးနှုန်းလိုက်မိသော နာမ်စားလေး။
.
.
.
.
.
.
.
.
.
.
.
မိုးမြင့်မောင် အခရာမောင်ရဲ့ အုတ်ဂူလေးရှေ့တွင် ငူငူငိုင်ငိုင်ကြီးရပ်နေသည်။ဘေးတွင်တော့ မှုံနံ့သာနှင့်ပိုင်ဦး။အားလုံး၏မျက်နှာအမူအယာသည် တူညီမည်ဖြစ်‌နေသော်လည်း အတွေးများကတော့မတူ။
*ခရာ ကောင်းရာဘုံမှာ နေပျော်နေတယ်မဟုတ်လားဟင်၊ခရာချစ်တဲ့ ပန်းခရေတွေလည်း ရှိနေတယ်မလား၊ခရာ့ကို မောင်တစ်ရက်မှမေ့မရဘူးဆိုတာကို ခရာ့ကို သိစေချင်လိုက်တာ၊ခရာ မောင့်အနားကို ပန်းခရေလေးအဖြစ် မောင့်ကို ငေးကြည့်နေတာလားဟင်၊မောင့်ကိုများ နာကြည်းနေလားခရာရယ်၊မောင် ခရာနဲ့ ဝေးနေရတာက ငရဲအတိုင်းပါပဲလား၊ဒါမောင့်ကိုပေးတဲ့ အပြစ်ဒဏ်များလား ခရာရယ်*
*ခရာ မှုံ့ကို သနားရင် ကိုမိုးနဲ့အဆင်ပြေအောင်လုပ်ပေးမယ် မလားဟင်၊ငါဝန်ခံပါတယ် ကိုမိုးနဲ့ အနေနီးတာကြာလာတော့ ငါသူ့ကို ချစ်နေမိတာ ဝန်ခံပါတယ်၊နင်ငါ့ကို အပြစ်မယူပါနဲ့နော်၊နင်လည်း အခု ကောင်းရာမွန်ရာဘုံဘဝကနေ ငါတို့ကို လှမ်းကြည့်နေတယ်မလားဟင်၊ငါ ကိုမိုးကို နင့်အစားစောင့်ရှောက်ပေးမှာမို့ မျက်နှာပြောင်တယ်ပြောပြောငါကိုမိုးကို လက်ထက်မှာ၊နင်ခွင့်လွှတ်သည်ဖြစ်စေ၊မလွှတ်သည်ဖြစ်စေ ငါ့မှာ ဒီလောက်တော့ ပိုင်ဆိုင်ခွင့်ရှိတယ်လို့ ငါထင်တယ်*
*အခရာမောင် သူငယ်ချင်းရေ မင်း အောင်ထက်ယံကို ခွင့်လွှတ်ပေးလိုက်ပါကွာ၊မင်းကို ငါဒါပဲ တောင်းဆိုပါရစေ သူငယ်ချင်း*
အချိန်တော်တော်ကြာသည်အထိ သူတို့ အုတ်ဂူရှေ့လေးနားက မခွာဖြစ်ခဲ့ကြပေ။

ပန်းခရေကို သက်သေတည် ‌ရောင်ခြည်ဖြာမှ လန်းစေချင်(ခေတ္တရပ်နား)Where stories live. Discover now