ဒီနေ့ မှုံက မိုးမြင့်မောင်တို့အတွက် နှုတ်ဆက်တဲ့အနေဖြင့် ပွဲလေးတစ်ပွဲပြုလုပ်ပေးပါသည်။နှုတ်ဆက်ပွဲဖြစ်သောကြောင့် ငွေဆောင်ဟိုတယ်တွင် ငထက်၊ပိုင်ဦး၊မိုးမြင့်မောင်၊ခရာနှင့်မှုံတို့ ငါးဦးသား ပွဲကျနေကြသည်။
"ခရာ"
"ဗျာ"
"ထူးပုံလေးက ချစ်စရာလေးကွာ
ကိုယ့်မှာ ဒါတွေကြောင့် ချစ်နေရတာ"
"အပိုတွေပါ"
"ဟောဗျာ မပိုပါဘူး လိုတောင်လိုသေးတယ်"
ကျွန်တော် မပြန်ချင်တော့ပါ။ဖြစ်နိုင်ရင် "ကျွန်တော့် မူပိုင် မျက်ဝန်းလေး"အား အပြီးသာခေါ်သွားချင်သည်။ခရာကတော့ စောပါသေးသည်တဲ့။ ကျွန်တော့်အတွက်ကတော့ မြန်လေကောင်းလေဟုပင်ထင်သည်။သို့သော် ကျွန်တော့်မူပိုင် မျက်ဝန်းလေး၏ သဘောကိုလည်း အလေးအနက်ထားရပေသည်။တောင်ငူမှာ နေခဲ့ရသည့် အချိန်တွေက တကယ် ကုန်တာမြန်လွန်းလှပါသည်။"ခရာစုတ်"
မှုံမှာ မိုးမြင့်မောင်အလစ် သူ့သူငယ်ချင်းအား တာဆူရန် စကားစတော့လေသည်။
"ဘာလဲ ဘာလဲ"
အခရာမောင် မျက်စောင်းလေးဝင့်ကာ ပြောတော့ မှုံက
"နင်ပြောတော့ ရန်ကုန်သားတွေက ငါတို့ကို ဂျင်လို လှည့်ထည့်လိုက်မှ ငါးပါးမှောက်မယ်ဆို"
"ဟုတ်လား ငါပြောမိလား ဘယ်တုန်းကလဲ"
ခရာသိသိနှင့်မသိယောင်ဆောင်ကာ ပြောလိုက်ခြင်းဖြစ်သည်။
"ခရာအစုတ်ပလုတ် ခုမှ မလှိမ့်တစ်ပတ်လာလုပ်မနေနဲ့ နင်မသိယောင်ဆောင်တာ ငါမသိရင်ခက်မယ်"
"ငါတကယ် မေ့နေတာပါ မှုံရဲ့"
"ခရာစုတ်ကြီး ငါ့ကျ အနားသိပ်အကပ်မခံနဲ့လည်း ပြောသေးတယ် သူကျ ချစ်သူဖြစ်သွားတာတောင် ခုမှငါက သိရတယ် နင်ငါ့ကို သူငယ်ချင်းလို့မှ သတ်မှတ်သေးရဲ့လား"
မှုံ နှုတ်ခမ်းလေး စူကာ ပြောတော့ ကျွန်တော့်မှာ စိတ်မကောင်း။ ကျွန်ဝောာ်သူ့ကို ပြောပြဖို့ အမှန်ပင် မေ့လျော့နေခဲ့မိသည်။
"မှုံကလည်း ငါလည်း အစက ဒီလိုဖြစ်မယ်မှန်းမှ မသိတာ ဟီး ဟီး"
"ရယ်နေလိုက် အဲ့မှာ။ ကိုယ့်သူငယ်ချင်းကို ချစ်သူဖြစ်သွားတာတောင် အသိမပေးတဲ့နင့်ကို စိတ်ဆိုးတယ်သိလား နင်ငါ့လာမခေါ်နဲ့"
"ဟာ မှုံကလည်း ငါ့မှာ သူငယ်ချင်းဆိုလို့ နင်ပဲရှိတာကို နင်က မခေါ်နဲ့ဆိုတော့ ငါဘယ်သူ့သွားခေါ်ရမှာလဲ"
"အေး နင်အဲ့လိုဖြစ်နေရင် ဘာလို့ငါ့ကို မပြောပြလဲ"
မှုံ ဆူဆူအောင့်အောင့်ဖြင့် မိုးမြင့်မောင်နားကပ်ခါ
"ဒီမှာ ကိုမိုးမြင့်မောင်"
ရုတ်တရက်ဆိုတော့ အားလုံးက မှုံ့အား
ကြောင်ကာ ကြည့်နေကြသည်။
"ဗျာ ဪ မှုံ ဘာပြောမို့လဲ"
"ရှင် ကျွန်မသူငယ်ချင်းလေးကို ကောင်းကောင်းဆက်ဆံပါ။ပြီးတော့ သူမကြိုက်တာတွေကိုလည်း ဘာမှမလုပ်ပါနဲ့။နောက်ပြီး ရန်ကုန်သားဆိုပြီး ကျွန်မသူငယ်ချင်းလေးအပေါ် မလှိမ့်တစ်ပတ်မလုပ်ပါနဲ့။ပွေတာရှုပ်တာတွေလဲ မလုပ်ပါနဲ့။ဂရုလည်း သေသေချာချာ စိုက်ပေးပါ။ဖောက်ပြန်တာတွေကိုတော့ ပိုတောင် မလုပ်ပါနဲ့။ဪ ပြီးတော့............."
"ကဲ ကဲ ဟုတ်ပါပြီဗျာ တော်ပါတော့ မမှုံနံ့သာရယ် ရပါပြီ မောနေပါ့မယ်"
"ရှင်နဲ့ ဘာဆိုင်လို့လဲ ရှင့်ကို ပြောနေလို့လား ကိုအောင်ထက်ယံ"
မှုံမျက်စောင်းလေးချီကာ ပြောလိုက်သောကြောင့် အောင်ထက်ယံမှာ ဇက်ကလေး ပုသွားရလေသည်။
YOU ARE READING
ပန်းခရေကို သက်သေတည် ရောင်ခြည်ဖြာမှ လန်းစေချင်(ခေတ္တရပ်နား)
Short StoryUnicode ပန်းခရေငယ်... ဝေသော်လည်းမွှေး... ကြွေသော်မွှေးပျံ့... ရနံ့စွဲစွာ... ရင်မှာကျန်နေ... မြင်သူ ရူတင့်... မြတ်နိုးလှသူ... နှလုံးသားငယ်... ဤရပ်ဝန်းတွင်... ရောင်ခြည်ဖြာမှ....လန်းစေချင်ဘိ... DuWaLi ZawGyi ပန္းခ...